Zawgyi ျဖင့္ဖတ္ရန္
အခ်စ္ခံရတယ္ဆိုတာ လုံၿခဳံေႏြးေထြးတဲ့ ခံစားခ်က္ကိုျဖစ္ေစၿပီး ကေလးတစ္ေယာက္ကို ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာဖို႔ အေထာက္အကူေကာင္းျဖစ္ေစပါတယ္။ တကယ္လို႔ ကေလးဘဝမွာ အျပည့္အဝ အခ်စ္မခံခဲ့ရဘူးဆိုရင္ အသက္ႀကီးလာတဲ့အခါ ဒါေတြျဖစ္လာမွာပါေနာ္
(၁) လူေတြကို အရမ္းေအာက္က်ိဳ႕လြန္းတယ္
ကိုယ့္ေၾကာင့္ တစ္ဖက္သားအဆင္မေျပျဖစ္သြားမွာစိုးရိမ္ေနတတ္ၿပီး ေနရာတိုင္းမွာေအာက္က်ိဳ႕ေနတတ္တယ္။ ဒီလိုလုပ္တာဟာ လူေတြကိုေၾကာက္လို႔၊ ဖားခ်င္လို႔ မဟုတ္ဘဲ ကိုယ့္ကို အျမင္ေစာင္းသြားမွာမလိုလားလို႔ျဖစ္ပါတယ္။
(၂) သူမ်ားနဲ႔ကြဲလြဲေနတဲ့အေတြးအျမင
ငယ္စဥ္က လုံလုံေလာက္ေလာက္ အခ်စ္မခံခခဲ့ရသူေလးေတြဟာ အေၾကာင္းအရာအျဖစ္အပ်က္ေတြေနဲ႔ ပတ္သက္လို႔ သူမ်ားနဲ႔မတူကြဲလြဲေနတဲ့အေတြးအျမင္မ်ိဳး ရွိတတ္ပါတယ္။ ဒါေၾကာင့္ သူတို႔ေတြဟာ တျခားလူေတြနဲ႔ သိပ္ေပါင္းလို႔မရဘဲ မ်ားေသာအားျဖင့္ တစ္ေယာက္တည္းျဖစ္ေနတတ္ပါတယ္။
(၃) ကိုယ့္ဘဝထဲ လူေတြဝင္လာဖို႔ခြင့္မျပဳခ်င္ဘူး
သူစိမ္းေတြနဲ႔ မရင္းႏွီးလြယ္တဲ့သူေတြျဖစ္လို႔ သူငယ္ခ်င္းရဖို႔လည္း ခက္ခဲတယ္၊ ခ်စ္သူရဖို႔လည္း ခက္ခဲတတ္ပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းတစ္ေယာက္တည္းကိုစြဲစြဲၿမဲၿမဲခင္ေနတတ္တာမ်ိဳး၊ ခ်စ္သူရွိလာရင္လည္း ခ်စ္သူတစ္ေယာက္ကလြဲၿပီး ဘယ္သူနဲ႔မွ အဆက္အသြယ္မလုပ္တာမ်ိဳးျဖစ္တတ္ပါတယ္။
(၄) မရည္႐ြယ္ပဲျပႆနာလုပ္မိသူျဖစ္ေနတယ္
သူတို႔ေလးေတြဟာ တမင္မရည္႐ြယ္ပါဘဲ ျပႆနာလုပ္မိတဲ့သူေလးေတြျဖစ္ေနတတ္ပါတယ္။ စကားတစ္ခြန္းေျပာလိုက္တာနဲ႔ျပႆနာျဖစ္ဖို႔ ဦးတည္သြားတတ္လို႔ တျခားလူေတြနဲ႔ စကားေျပာဖို႔ကိုေတာင္ေနာက္တြန႔္ေနတတ္ၾကပါတယ္။
(၅) ခံစားခ်က္ကို မထုတ္ျပတတ္ဘူး
ငယ္စဥ္က လုံေလာက္တဲ့ ခ်စ္ျခင္းေမတၱာမရတဲ့သူေလးေတြဟာ ကိုယ္တိုင္လည္း တျခားသူေတြအေပၚ ဘယ္လိုခ်စ္ရမွန္းမသိျဖစ္ေနတတ္ပါတယ္။ သူတို႔ခ်စ္တာကို ထုတ္ျပဖို႔ ဝန္ေလးေနတတ္ၿပီး ၊ သူတို႔ရဲ႕ ခံစားခ်က္ကို ဘယ္လိုထုတ္ျပရမွန္းကို မသိတာမ်ိဳးပါ။
(၆) ဘယ္သူ႔ကိုမွမယုံဘူး
ကိုယ့္ကို ခင္တယ္ထင္လို႔ သူငယ္ခ်င္းလို႔ သတ္မွတ္ၿပီးမွ ေနာက္ေက်ာဓားနဲ႔ အထိုးခံရမွာမ်ိဳး၊ ကိုယ့္ကို ခ်စ္တယ္လို႔ေျပာၿပီး သစၥာေဖာက္သြားမွာမ်ိဳးကို လုံးဝမခံစားႏိုင္တဲ့သူေလးေတြျဖစ္ပါတယ္။ သူတို႔အတြက္ လူေတြကို မယုံတာက ထုံးစံလိုျဖစ္ေနၿပီး ကိုယ္ယုံၾကည္ၿပီးမွ ယုံၾကည္မႈကို အလြဲသုံးစားလုပ္တာခံရမွာကို အလြန္အကြၽံစိုးရိမ္ေနတတ္သူေတြပါ။
(၇) ကိုယ့္ကိုယ္ကိုေတာ္တယ္လို႔ ဘယ္တုန္းကမွမခံစားခဲ့ရဘူး
သူတို႔ေလးေတြဟာ ပညာေရးမွာ၊ အလုပ္ခြင္မွာ တတ္ႏိုင္သေလာက္ ႀကိဳးစားတတ္ၾကေပမယ့္ သူတို႔ကိုယ္သူတို႔ေတာ္တယ္၊ ျပည့္စုံတယ္လို႔ ဘယ္တုန္းကမွ မခံစားခဲ့ဖူးဘူး။ တစ္ေယာက္ေယာက္က ခ်ီးက်ဴးစကားေျပာလာရင္လည္း မယုံသလိုျဖစ္ေနၿပီး ဘယ္လိုတုံ႔ျပန္ရမွန္းမသိဘူး။ ကိုယ့္ကိုယ္ကို ခ်ီးက်ဴးရေလာက္ေအာင္ အရည္အခ်င္းမရွိဘူးလို႔ထင္ေနတတ္ၾကပါတယ္။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ကလေးဘဝတုန်းက လုံလုံလောက်လောက် အချစ်မခံရသူတွေမှာ တွေ့ရတဲ့ လက္ခဏာ (7) မျိုး
အချစ်ခံရတယ်ဆိုတာ လုံခြုံနွေးထွေးတဲ့ ခံစားချက်ကိုဖြစ်စေပြီး ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ အထောက်အကူကောင်းဖြစ်စေပါတယ်။ တကယ်လို့ ကလေးဘဝမှာ အပြည့်အဝ အချစ်မခံခဲ့ရဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ဒါတွေဖြစ်လာမှာပါနော်
(၁) လူတွေကို အရမ်းအောက်ကျို့လွန်းတယ်
ကိုယ့်ကြောင့် တစ်ဖက်သားအဆင်မပြေဖြစ်သွားမှာစိုးရိမ်နေတတ်ပြီး နေရာတိုင်းမှာအောက်ကျို့နေတတ်တယ်။ ဒီလိုလုပ်တာဟာ လူတွေကိုကြောက်လို့၊ ဖားချင်လို့ မဟုတ်ဘဲ ကိုယ့်ကို အမြင်စောင်းသွားမှာမလိုလားလို့ဖြစ်ပါတယ်။
(၂) သူများနဲ့ကွဲလွဲနေတဲ့အတွေးအမြင
ငယ်စဉ်က လုံလုံလောက်လောက် အချစ်မခံခခဲ့ရသူလေးတွေဟာ အကြောင်းအရာအဖြစ်အပျက်တွေနေဲ့ ပတ်သက်လို့ သူများနဲ့မတူကွဲလွဲနေတဲ့အတွေးအမြင်မျိုး ရှိတတ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ တခြားလူတွေနဲ့ သိပ်ပေါင်းလို့မရဘဲ များသောအားဖြင့် တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်။
(၃) ကိုယ့်ဘဝထဲ လူတွေဝင်လာဖို့ခွင့်မပြုချင်ဘူး
သူစိမ်းတွေနဲ့ မရင်းနှီးလွယ်တဲ့သူတွေဖြစ်လို့ သူငယ်ချင်းရဖို့လည်း ခက်ခဲတယ်၊ ချစ်သူရဖို့လည်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်တည်းကိုစွဲစွဲမြဲမြဲခင်နေတတ်တာမျိုး၊ ချစ်သူရှိလာရင်လည်း ချစ်သူတစ်ယောက်ကလွဲပြီး ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်တာမျိုးဖြစ်တတ်ပါတယ်။
(၄) မရည်ရွယ်ပဲပြဿနာလုပ်မိသူဖြစ်နေတယ်
သူတို့လေးတွေဟာ တမင်မရည်ရွယ်ပါဘဲ ပြဿနာလုပ်မိတဲ့သူလေးတွေဖြစ်နေတတ်ပါတယ်။ စကားတစ်ခွန်းပြောလိုက်တာနဲ့ပြဿနာဖြစ်ဖို့ ဦးတည်သွားတတ်လို့ တခြားလူတွေနဲ့ စကားပြောဖို့ကိုတောင်နောက်တွန့်နေတတ်ကြပါတယ်။
(၅) ခံစားချက်ကို မထုတ်ပြတတ်ဘူး
ငယ်စဉ်က လုံလောက်တဲ့ ချစ်ခြင်းမေတ္တာမရတဲ့သူလေးတွေဟာ ကိုယ်တိုင်လည်း တခြားသူတွေအပေါ် ဘယ်လိုချစ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ သူတို့ချစ်တာကို ထုတ်ပြဖို့ ဝန်လေးနေတတ်ပြီး ၊ သူတို့ရဲ့ ခံစားချက်ကို ဘယ်လိုထုတ်ပြရမှန်းကို မသိတာမျိုးပါ။
(၆) ဘယ်သူ့ကိုမှမယုံဘူး
ကိုယ့်ကို ခင်တယ်ထင်လို့ သူငယ်ချင်းလို့ သတ်မှတ်ပြီးမှ နောက်ကျောဓားနဲ့ အထိုးခံရမှာမျိုး၊ ကိုယ့်ကို ချစ်တယ်လို့ပြောပြီး သစ္စာဖောက်သွားမှာမျိုးကို လုံးဝမခံစားနိုင်တဲ့သူလေးတွေဖြစ်ပါတယ်။ သူတို့အတွက် လူတွေကို မယုံတာက ထုံးစံလိုဖြစ်နေပြီး ကိုယ်ယုံကြည်ပြီးမှ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာခံရမှာကို အလွန်အကျွံစိုးရိမ်နေတတ်သူတွေပါ။
(၇) ကိုယ့်ကိုယ်ကိုတော်တယ်လို့ ဘယ်တုန်းကမှမခံစားခဲ့ရဘူး
သူတို့လေးတွေဟာ ပညာရေးမှာ၊ အလုပ်ခွင်မှာ တတ်နိုင်သလောက် ကြိုးစားတတ်ကြပေမယ့် သူတို့ကိုယ်သူတို့တော်တယ်၊ ပြည့်စုံတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး။ တစ်ယောက်ယောက်က ချီးကျူးစကားပြောလာရင်လည်း မယုံသလိုဖြစ်နေပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိဘူး။ ကိုယ့်ကိုယ်ကို ချီးကျူးရလောက်အောင် အရည်အချင်းမရှိဘူးလို့ထင်နေတတ်ကြပါတယ်။
share from: burmese.asia


မှတ်ချက်များ