Zawgyi ျဖင့္ဖတ္ရန္
ပဲငံျပာရည္ကို တ႐ုတ္လူမ်ိဳးတို႔သည္ ဟင္းခ်က္ျပဳတ္ရာ၌ အသုံးမ်ားၾကသည္။ ျမန္မာတို႔လည္း စားသုံးၾကသည္။ အထူးအားျဖင့္ သက္သက္လြတ္ဟင္းမ်ား၌ ငါးငံျပာရည္အစားပဲငံျပာရည္ကို သုံးၾကသည္။ ပဲငံျပာရည္ကိုမူ ပဲဗိစပ္မွ ေအာက္ပါအတိုင္း လုပ္ယူၾကသည္။
ပထမတြင္ ပဲဗိစပ္ကို ႏူးနပ္ေအာင္ ျပဳတ္ရသည္။ေကာင္းစြာႏူးနပ္ေသာအခါ ပဲမ်ားကို အိမ္တြင္း၌ ရက္ေပါင္းအနည္းငယ္ၾကာမွ် ျဖန႔္ထားရ၏။ ဤသို႔ ျဖန႔္ထားစဥ္ ပဲမ်ားအေပၚတြင္ မႈိမ်ားတက္လာသည္။ မႈိတက္လာေသာအခါ ပဲမ်ားကို ေနလွန္းေပးရသည္။ ေကာင္းမြန္စြာေျခာက္ေသြ႕ေသာအခါ ပဲမ်ားကို အသင့္က်ိဳထားေသာ ထန္းလ်က္ သို႔မဟုတ္ ႀကံသကာရည္ထဲတြင္ ဆားေတာ္သင့္႐ုံထည့္၍ စိမ္ေပးသည္။ ရက္အတန္ၾကာ ၾကာထားေသာအခါပဲငံျပာရည္ ျဖစ္လာသည္။ စိမ္ထားေသာ ပဲမ်ားသည္ ပဲငါးပိျဖစ္၏။
ပဲငံျပာရည္သည္ထန္းလ်က္ သို႔မဟုတ္ ႀကံသကာရည္၏ အပ်စ္အက်ဲကိုလိုက္၍ အရည္ပ်စ္ အရည္က်ဲဟူ၍ ႏွစ္မ်ိဳး ႏွစ္စား ရွိသည္။ ပဲငံျပာရည္၏ အနံ႔မွာ ငါးငံျပာရည္ကဲ့သို႔ မျပင္းဘဲ ခပ္သင္းသင္းေန၏။ အရသာမွာ ခ်ိဳသည္။ ပဲငံျပာရည္သည္ ဟင္း၏အရသာကို ထူးျခားေစသည့္ျပင္ အေရာင္ကိုလည္း ေကာင္းေစ၏။ ျမန္မာတို႔သည္ ဟင္းခ်က္ျပဳတ္ရာတြင္ ငါးငံျပာရည္ကို အသုံးမ်ားၾကသကဲ့သို႔ တ႐ုတ္တို႔သည္လည္း ပဲငံျပာရည္ကို အသုံးမ်ားၾကသည္။
Credit-ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၃)
Unicode ဖြင့်ဖတ်ရန်
ဓာတုပစ္စည်းကင်းပြီး ကျန်းမာရေးကို အလွန်အကျိုးပြု့သည့် ကြာညို (ခေါ်) ပဲငံပြာရည် ကိုယ်တိုင်ပြုလုပ်နည်း။
ပဲငံပြာရည်ကို တရုတ်လူမျိုးတို့သည် ဟင်းချက်ပြုတ်ရာ၌ အသုံးများကြသည်။ မြန်မာတို့လည်း စားသုံးကြသည်။ အထူးအားဖြင့် သက်သက်လွတ်ဟင်းများ၌ ငါးငံပြာရည်အစားပဲငံပြာရည်ကို သုံးကြသည်။ ပဲငံပြာရည်ကိုမူ ပဲဗိစပ်မှ အောက်ပါအတိုင်း လုပ်ယူကြသည်။
ပထမတွင် ပဲဗိစပ်ကို နူးနပ်အောင် ပြုတ်ရသည်။ကောင်းစွာနူးနပ်သောအခါ ပဲများကို အိမ်တွင်း၌ ရက်ပေါင်းအနည်းငယ်ကြာမျှ ဖြန့်ထားရ၏။ ဤသို့ ဖြန့်ထားစဉ် ပဲများအပေါ်တွင် မှိုများတက်လာသည်။ မှိုတက်လာသောအခါ ပဲများကို နေလှန်းပေးရသည်။ ကောင်းမွန်စွာခြောက်သွေ့သောအခါ ပဲများကို အသင့်ကျိုထားသော ထန်းလျက် သို့မဟုတ် ကြံသကာရည်ထဲတွင် ဆားတော်သင့်ရုံထည့်၍ စိမ်ပေးသည်။ ရက်အတန်ကြာ ကြာထားသောအခါပဲငံပြာရည် ဖြစ်လာသည်။ စိမ်ထားသော ပဲများသည် ပဲငါးပိဖြစ်၏။
ပဲငံပြာရည်သည်ထန်းလျက် သို့မဟုတ် ကြံသကာရည်၏ အပျစ်အကျဲကိုလိုက်၍ အရည်ပျစ် အရည်ကျဲဟူ၍ နှစ်မျိုး နှစ်စား ရှိသည်။ ပဲငံပြာရည်၏ အနံ့မှာ ငါးငံပြာရည်ကဲ့သို့ မပြင်းဘဲ ခပ်သင်းသင်းနေ၏။ အရသာမှာ ချိုသည်။ ပဲငံပြာရည်သည် ဟင်း၏အရသာကို ထူးခြားစေသည့်ပြင် အရောင်ကိုလည်း ကောင်းစေ၏။ မြန်မာတို့သည် ဟင်းချက်ပြုတ်ရာတွင် ငါးငံပြာရည်ကို အသုံးများကြသကဲ့သို့ တရုတ်တို့သည်လည်း ပဲငံပြာရည်ကို အသုံးများကြသည်။
Credit-မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)


မှတ်ချက်များ