ျမန္မာစပါးအုံး Burmese Python အမည္ခံယူျဖစ္ခဲ့ပုံကို ေျပာျပတဲ့ ေအာင္လအန္ဆန္




Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံကို အလည္အပတ္ျပန္လည္ေရာက္ရွိေနတဲ့ One Championship မစ္ဒယ္ဝိတ္တန္းႏွင့္ လိုက္ဟဲဗီးဝိတ္ ကမာၻ႔ခ်န္ပီယံ ေအာင္လအင္န္ဆန္းကို ျမန္မာတိုင္းမ္ အားကစားသတင္းေထာက္ စည္သူေအာင္မ်ိဳးေက်ာ္က ေတြ႕ဆုံေမးျမန္းထားသည္ကို ေဖာ္ျပလိုက္ရပါသည္။Q-ပထမဆုံးအေနနဲ႔ Burmese Python ဆိုတဲ့အမည္ကို ဘယ္လိုရခဲ့တာလဲ?

A-ကြၽန္ေတာ္ဘယ္လိုရခဲ့တာလဲဆိုေတာ့ ၂ဝဝ၆ ခုႏွစ္မွာအေမရိကန္မွာစကစားေတာ့ ကြၽန္ေတာ့္ကို ဘယ္ႏိုင္ငံကလဲလို႔ေမးတယ္။ ျမန္မာကလို႔ေျပာေတာ့မသိၾကဘူး။ အဲဒီေတာ့ကြၽန္ေတာ္က ရွင္းျပတယ္။ အဲဒီဘက္မွာကသူတို႔က ျမန္မာစပါးအုံးေတြကို အိမ္ေမြးတိရစာၦန္အျဖစ္ထားၾကေတာ့ သူတို႔ကသိၾကတယ္။ အဲဒီေန႔ကစၿပီး ကြၽန္ေတာ့္ကို Burmese Python လို႔ေခၚခဲ့ၾကတာ။



Q-ကစားသမားတစ္ေယာက္အေနနဲ႔ MMA မွာ မႀကိဳက္တဲ့အရာနဲ႔ ႀကိဳက္ႏွစ္သက္တဲ့အရာက ဘာေတြျဖစ္မလဲ?

A-ဘာေတြမႀကိဳက္ဘူးလဲဆိုေတာ့ MMA မွာ စိတ္ဓာတ္ေတြက ျမင့္ရင္လည္း အရမ္းျမင့္တယ္။ က်ရင္လည္း အရမ္းက်တယ္။ စိတ္ဓာတ္က တစ္ခါတေလက်ရင္ အရမ္းက်တာ။ပြဲေတြႏိုင္ရင္လည္း အရမ္းတက္ေနတယ္။ ကိုယ့္ရဲ႕ စိတ္ဓာတ္အတက္အက်ကို မထိန္းႏိုင္ရင္ အရမ္းကို ခက္ခဲမယ့္အလုပ္ပါ။ ေပ်ာ္ၿပီး အရမ္းျမင့္ေနရင္လည္း မဟုတ္တာေတြလုပ္တတ္သလို အရမ္းစိတ္ဓာတ္က်ေနရင္လည္း မဟုတ္တာေတြလုပ္ခ်င္လိမ့္မယ္။ အဲဒီအရာေတြကို ထိန္းခ်ဳပ္ရလိမ့္မယ္။ အဲဒီအရာကို ကြၽန္ေတာ္သေဘာမက်ဘူး။ ကြၽန္ေတာ္ႀကိဳက္တာကဘာလဲဆိုေတာ့ ေလ့က်င့္မႈေတြ ေန႔တိုင္းလုပ္ေနရင္ေပ်ာ္တယ္။ အႀကိဳက္ဆုံးအလုပ္တစ္ခုျဖစ္တယ္။Q-ကစားသမားတစ္ေယာက္ရဲ႕ ႀကိဳးဝိုင္းထဲက ခံစားခ်က္နဲ႔ ႀကိဳးဝိုင္းအျပင္က ခံစားခ်က္ေတြမွာ ဘာေတြ ကြာျခားမႈရွိလဲ?   A-ႀကိဳးဝိုင္းထဲဝင္ရတဲ့ ခံစားခ်က္ေတြက အမ်ားႀကီး ျဖစ္တယ္။ ကိုယ္ကစိတ္ေတြအရမ္းႂကြေနတယ္။ လူတခ်ိဳ႕ဆိုေၾကာက္စိတ္ဝင္တာေတြရွိတယ္။ ကြၽန္ေတာ္ဆိုရင္ အဲဒီခံစားခ်က္ကို ထိန္းခ်ဳပ္ထားရတယ္။ အသက္ရႉတာက အစေပါ့။ စိတ္ကိုၿငိမ္ေအာင္ထားရတယ္။ ႀကိဳးဝိုင္းအျပင္မွာဆို ကြၽန္ေတာ့္သူငယ္ခ်င္းေတြ ထိုးေနရင္ ကြၽန္ေတာ္ ပိုေၾကာက္တယ္။ ပိုၿပီးစိုးရိမ္တဲ့ခံစားခ်က္မ်ိဳးရွိတယ္။Q-လက္ရွိမွာ ဒုတိယေျမာက္ရင္ေသြးေလး ရေတာ့မယ္လို႔သိရတယ္။ အမည္ကိုေရာ ဘယ္လိုေပးဖို႔ စဥ္းစားထားလဲ?  A-လာမယ့္ဇန္နဝါရီဆို ကြၽန္ေတာ္ဒုတိယေျမာက္ရင္ေသြးရေတာ့မွာပါ။ သမီးေလးပါ။ သူ႔နာမည္ကေတာ့ ဆမ္ဆန္းေပါ့။ ဆမ္ဆန္းဂေရ႕စ္အင္န္ဆန္းလို႔ နာမည္ေပးမယ္လို႔ကြၽန္ေတာ္ေရာ ကြၽန္ေတာ့္အမ်ိဳးသမီးေရာ စဥ္းစားထားပါတယ္။



Q-ဗီရာနဲ႔ပြဲမွာရခဲ့လို႔ ခြဲစိတ္ထားရတဲ့ လက္က ဒဏ္ရာအေျခအေနကိုလည္း ေျပာျပပါ? A-ညာဘက္လက္မ အ႐ိုးလြဲသြားတာေပါ့။ ပြဲထိုးခ်ိန္ေနာက္ဆုံးထိုးခ်က္မွာ အ႐ိုးလြဲသြားတာပါ။ ဒီလက္အိတ္ခြၽတ္ခ်ိန္မွာ လက္မ နာတာပါ။ ပြဲၿပီးေတာ့ စစ္ေဆးၾကည့္ေတာ့ အ႐ိုးလြဲသြားတာပါ။ ကြၽန္ေတာ့္ဆရာဝန္က ပင္အပ္ႏွစ္ေခ်ာင္းလိုတယ္ေျပာတယ္ေပါ့။ အဲဒါနဲ႔ အေမရိကန္မွာပဲခြဲစိတ္ၿပီး ပင္အပ္ႏွစ္ေခ်ာင္းထပ္ထားရတယ္။ ေနာက္ထပ္ေလးပတ္ေလာက္ဆိုရင္ ေသခ်ာျပန္ေလ့က်င့္လို႔ရပါၿပီ။

Q-ႏွစ္ႏွစ္ကစားၿပီးရင္ အနားယူမယ္လည္းေျပာထားေတာ့အဲဒီအစီအစဥ္နဲ႔ပတ္သက္ၿပီး ေျပာျပပါဦး? A-အခုကေတာ့ ကြၽန္ေတာ္ က်န္းမာေသးတယ္။ ေကာင္းေကာင္းကစားႏိုင္ေသးေတာ့ အေကာင္းဆုံး ကစားမယ္။ကမာၻမွာ အေကာင္းဆုံးမစ္ဒယ္ဝိတ္တန္းျဖစ္ဖို႔ ႀကိဳးစားေနပါတယ္။ အဲဒါၿပီးရင္ေတာ့ သိထားတဲ့ ပညာေတြ၊ အေတြ႕အႀကဳံေတြကို ျပန္သင္ေပးဖို႔စိတ္ကူးထားတယ္။ မိသားစုနဲ႔ ျပန္လာၿပီး ဒီမွာ အေျခခ်ဖို႔ စီစဥ္ထားတယ္။ Q-အနီးစပ္ဆုံးပြဲက ဘယ္ေတာ့ျဖစ္ႏိုင္မလဲ? A-ကြၽန္ေတာ္ဒီလက္က ပတ္တီးေျဖၿပီးတာနဲ႔ ေလ့က်င့္မယ္။ရတာနဲ႔ ကြၽန္ေတာ္ထိုးသတ္မယ့္ ရက္ကို ကြၽန္ေတာ္ သတ္မွတ္ႏိုင္ဖို႔ ႀကိဳးစားမယ္။ ကြၽန္ေတာ့္ စိတ္ထင္ ၂ဝ၂ဝ မတ္လေလာက္ ျဖစ္မယ္ထင္တယ္။




Q-MMA နဲ႔ လက္ေဝွ႔ကို ဝါသနာပါတဲ့ မ်ိဳးဆက္သစ္ကစားသမားေတြအတြက္ကို ဘာေျပာခ်င္တာရွိလဲ?A-ကြၽန္ေတာ္ေျပာခ်င္တာက MMA နဲ႔လက္ေဝွ႔ဆိုတာကအေျပးနဲ႔ေျပာရရင္ တာတိုမဟုတ္ဘူး။ မာရသြန္ေပါ့ေနာ္။အခ်ိန္အၾကာႀကီး ျမႇဳပ္ႏွံထားရတယ္။ ရင္းႏွီးထားရတယ္။တစ္ႏွစ္၊ ႏွစ္ႏွစ္နဲ႔မရဘူး။ ကြၽန္ေတာ္အေနနဲ႔ဆို ဆယ္ႏွစ္ေက်ာ္ေလာက္ ကစားခဲ့ရတယ္။ အခုမွအေကာင္းဆုံးကစားသမားတစ္ေယာက္ ျဖစ္လာတယ္လို႔ ျမင္မိတယ္။ဒီအတြက္ ႏွစ္ေတြ ၁၆ ႏွစ္ေလာက္ ေပးဆပ္ခဲ့ရတယ္။ ေျပာခ်င္တာကေတာ့ အခ်ိန္ယူပါ။ ကိုယ့္ဘာသာ ကြၽမ္းက်င္ေအာင္ေလ့က်င့္ပါ။ ျမန္ျမန္ မေအာင္ျမင္ခ်င္ပါနဲ႔လို႔ ေျပာခ်င္ပါတယ္။

Q-ေအာင္လအင္န္ဆန္းကို အားေပးေနတဲ့ ပရိသတ္ေတြကို ဘာေျပာခ်င္လဲ?A-ကြၽန္ေတာ့္ကိုအားေပးတဲ့ ပရိသတ္ေတြအားလုံးကို ေက်းဇူးအရမ္းတင္တယ္။ ဒီလိုအားေပးမယ္လို႔လည္းတစ္ခါမွမထင္ခဲ့ဘူး။ ဒီလိုအားေပးတဲ့အတြက္ အားေပးရက်ိဳးနပ္ေအာင္ ကြၽန္ေတာ္ႀကိဳးစားမယ္။ အားလုံးဂုဏ္ယူႏိုင္ေအာင္ႀကိဳးစားမယ္။

share from: burmese.asia




Unicode ဖြင့်ဖတ်ရန်

မြန်မာစပါးအုံး Burmese Python အမည်ခံယူဖြစ်ခဲ့ပုံကို ပြောပြတဲ့ အောင်လအန်ဆန်

မြန်မာနိုင်ငံကို အလည်အပတ်ပြန်လည်ရောက်ရှိနေတဲ့ One Championship မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအင်န်ဆန်းကို မြန်မာတိုင်းမ် အားကစားသတင်းထောက် စည်သူအောင်မျိုးကျော်က တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ရပါသည်။Q-ပထမဆုံးအနေနဲ့ Burmese Python ဆိုတဲ့အမည်ကို ဘယ်လိုရခဲ့တာလဲ?

A-ကျွန်တော်ဘယ်လိုရခဲ့တာလဲဆိုတော့ ၂ဝဝ၆ ခုနှစ်မှာအမေရိကန်မှာစကစားတော့ ကျွန်တော့်ကို ဘယ်နိုင်ငံကလဲလို့မေးတယ်။ မြန်မာကလို့ပြောတော့မသိကြဘူး။ အဲဒီတော့ကျွန်တော်က ရှင်းပြတယ်။ အဲဒီဘက်မှာကသူတို့က မြန်မာစပါးအုံးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်ထားကြတော့ သူတို့ကသိကြတယ်။ အဲဒီနေ့ကစပြီး ကျွန်တော့်ကို Burmese Python လို့ခေါ်ခဲ့ကြတာ။



Q-ကစားသမားတစ်ယောက်အနေနဲ့ MMA မှာ မကြိုက်တဲ့အရာနဲ့ ကြိုက်နှစ်သက်တဲ့အရာက ဘာတွေဖြစ်မလဲ?

A-ဘာတွေမကြိုက်ဘူးလဲဆိုတော့ MMA မှာ စိတ်ဓာတ်တွေက မြင့်ရင်လည်း အရမ်းမြင့်တယ်။ ကျရင်လည်း အရမ်းကျတယ်။ စိတ်ဓာတ်က တစ်ခါတလေကျရင် အရမ်းကျတာ။ပွဲတွေနိုင်ရင်လည်း အရမ်းတက်နေတယ်။ ကိုယ့်ရဲ့ စိတ်ဓာတ်အတက်အကျကို မထိန်းနိုင်ရင် အရမ်းကို ခက်ခဲမယ့်အလုပ်ပါ။ ပျော်ပြီး အရမ်းမြင့်နေရင်လည်း မဟုတ်တာတွေလုပ်တတ်သလို အရမ်းစိတ်ဓာတ်ကျနေရင်လည်း မဟုတ်တာတွေလုပ်ချင်လိမ့်မယ်။ အဲဒီအရာတွေကို ထိန်းချုပ်ရလိမ့်မယ်။ အဲဒီအရာကို ကျွန်တော်သဘောမကျဘူး။ ကျွန်တော်ကြိုက်တာကဘာလဲဆိုတော့ လေ့ကျင့်မှုတွေ နေ့တိုင်းလုပ်နေရင်ပျော်တယ်။ အကြိုက်ဆုံးအလုပ်တစ်ခုဖြစ်တယ်။Q-ကစားသမားတစ်ယောက်ရဲ့ ကြိုးဝိုင်းထဲက ခံစားချက်နဲ့ ကြိုးဝိုင်းအပြင်က ခံစားချက်တွေမှာ ဘာတွေ ကွာခြားမှုရှိလဲ?   A-ကြိုးဝိုင်းထဲဝင်ရတဲ့ ခံစားချက်တွေက အများကြီး ဖြစ်တယ်။ ကိုယ်ကစိတ်တွေအရမ်းကြွနေတယ်။ လူတချို့ဆိုကြောက်စိတ်ဝင်တာတွေရှိတယ်။ ကျွန်တော်ဆိုရင် အဲဒီခံစားချက်ကို ထိန်းချုပ်ထားရတယ်။ အသက်ရှူတာက အစပေါ့။ စိတ်ကိုငြိမ်အောင်ထားရတယ်။ ကြိုးဝိုင်းအပြင်မှာဆို ကျွန်တော့်သူငယ်ချင်းတွေ ထိုးနေရင် ကျွန်တော် ပိုကြောက်တယ်။ ပိုပြီးစိုးရိမ်တဲ့ခံစားချက်မျိုးရှိတယ်။Q-လက်ရှိမှာ ဒုတိယမြောက်ရင်သွေးလေး ရတော့မယ်လို့သိရတယ်။ အမည်ကိုရော ဘယ်လိုပေးဖို့ စဉ်းစားထားလဲ?  A-လာမယ့်ဇန်နဝါရီဆို ကျွန်တော်ဒုတိယမြောက်ရင်သွေးရတော့မှာပါ။ သမီးလေးပါ။ သူ့နာမည်ကတော့ ဆမ်ဆန်းပေါ့။ ဆမ်ဆန်းဂရေ့စ်အင်န်ဆန်းလို့ နာမည်ပေးမယ်လို့ကျွန်တော်ရော ကျွန်တော့်အမျိုးသမီးရော စဉ်းစားထားပါတယ်။



Q-ဗီရာနဲ့ပွဲမှာရခဲ့လို့ ခွဲစိတ်ထားရတဲ့ လက်က ဒဏ်ရာအခြေအနေကိုလည်း ပြောပြပါ? A-ညာဘက်လက်မ အရိုးလွဲသွားတာပေါ့။ ပွဲထိုးချိန်နောက်ဆုံးထိုးချက်မှာ အရိုးလွဲသွားတာပါ။ ဒီလက်အိတ်ချွတ်ချိန်မှာ လက်မ နာတာပါ။ ပွဲပြီးတော့ စစ်ဆေးကြည့်တော့ အရိုးလွဲသွားတာပါ။ ကျွန်တော့်ဆရာဝန်က ပင်အပ်နှစ်ချောင်းလိုတယ်ပြောတယ်ပေါ့။ အဲဒါနဲ့ အမေရိကန်မှာပဲခွဲစိတ်ပြီး ပင်အပ်နှစ်ချောင်းထပ်ထားရတယ်။ နောက်ထပ်လေးပတ်လောက်ဆိုရင် သေချာပြန်လေ့ကျင့်လို့ရပါပြီ။

Q-နှစ်နှစ်ကစားပြီးရင် အနားယူမယ်လည်းပြောထားတော့အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး ပြောပြပါဦး? A-အခုကတော့ ကျွန်တော် ကျန်းမာသေးတယ်။ ကောင်းကောင်းကစားနိုင်သေးတော့ အကောင်းဆုံး ကစားမယ်။ကမ္ဘာမှာ အကောင်းဆုံးမစ်ဒယ်ဝိတ်တန်းဖြစ်ဖို့ ကြိုးစားနေပါတယ်။ အဲဒါပြီးရင်တော့ သိထားတဲ့ ပညာတွေ၊ အတွေ့အကြုံတွေကို ပြန်သင်ပေးဖို့စိတ်ကူးထားတယ်။ မိသားစုနဲ့ ပြန်လာပြီး ဒီမှာ အခြေချဖို့ စီစဉ်ထားတယ်။ Q-အနီးစပ်ဆုံးပွဲက ဘယ်တော့ဖြစ်နိုင်မလဲ? A-ကျွန်တော်ဒီလက်က ပတ်တီးဖြေပြီးတာနဲ့ လေ့ကျင့်မယ်။ရတာနဲ့ ကျွန်တော်ထိုးသတ်မယ့် ရက်ကို ကျွန်တော် သတ်မှတ်နိုင်ဖို့ ကြိုးစားမယ်။ ကျွန်တော့် စိတ်ထင် ၂ဝ၂ဝ မတ်လလောက် ဖြစ်မယ်ထင်တယ်။



Q-MMA နဲ့ လက်ဝှေ့ကို ဝါသနာပါတဲ့ မျိုးဆက်သစ်ကစားသမားတွေအတွက်ကို ဘာပြောချင်တာရှိလဲ?A-ကျွန်တော်ပြောချင်တာက MMA နဲ့လက်ဝှေ့ဆိုတာကအပြေးနဲ့ပြောရရင် တာတိုမဟုတ်ဘူး။ မာရသွန်ပေါ့နော်။အချိန်အကြာကြီး မြှုပ်နှံထားရတယ်။ ရင်းနှီးထားရတယ်။တစ်နှစ်၊ နှစ်နှစ်နဲ့မရဘူး။ ကျွန်တော်အနေနဲ့ဆို ဆယ်နှစ်ကျော်လောက် ကစားခဲ့ရတယ်။ အခုမှအကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လာတယ်လို့ မြင်မိတယ်။ဒီအတွက် နှစ်တွေ ၁၆ နှစ်လောက် ပေးဆပ်ခဲ့ရတယ်။ ပြောချင်တာကတော့ အချိန်ယူပါ။ ကိုယ့်ဘာသာ ကျွမ်းကျင်အောင်လေ့ကျင့်ပါ။ မြန်မြန် မအောင်မြင်ချင်ပါနဲ့လို့ ပြောချင်ပါတယ်။

Q-အောင်လအင်န်ဆန်းကို အားပေးနေတဲ့ ပရိသတ်တွေကို ဘာပြောချင်လဲ?A-ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအရမ်းတင်တယ်။ ဒီလိုအားပေးမယ်လို့လည်းတစ်ခါမှမထင်ခဲ့ဘူး။ ဒီလိုအားပေးတဲ့အတွက် အားပေးရကျိုးနပ်အောင် ကျွန်တော်ကြိုးစားမယ်။ အားလုံးဂုဏ်ယူနိုင်အောင်ကြိုးစားမယ်။

share from: burmese.asia

မှတ်ချက်များ