ရည္းစားတစ္ေယာက္ ျဖစ္ျဖစ္ေျမာက္ေျမာက္ မရေသးျခင္းရဲ႕ အေၾကာင္းအရင္း



Zawgyiျဖင့္ဖတ္ရန္


လူရယ္လုိ႔ ျဖစ္လာၿပီဆုိရင္ သီးခ်ိန္တန္ သီးရမယ္၊ ပြင့္ခ်ိန္တန္ ပြင့္ရမယ္လုိ႔ ဆုိပါတယ္။ သစ္ပင္ေတြကုိ ရည္ရြယ္တဲ့ စကားမဟုတ္တာေတာ့ လူတုိင္း သိမွာပါ။ ဒါေပမယ့္ သစ္ပင္နဲ႔ ႏႈိင္းယွဥ္တဲ့ခါ သီးခ်ိန္တန္ မသီးရင္၊ ပြင့္ခ်ိန္တန္ မပြင့္ရင္ ဒီသစ္ပင္ ၿမဳံေနလုိ႔လား၊ ဖုိေနလုိ႔လားစသျဖင့္ စုိက္ပ်ိဳးသူေတြမွာ ဦးေႏွာက္ေျခာက္ရပါတယ္။

အမ်ိဳးသားေတြအေနနဲ႔ေတာ့ အသက္(၃၀)ေလာက္မွ ခ်စ္သူခင္သူ ေကာင္းေကာင္းမရွိေသးဘူးဆုိရင္ ကိုယ့္မွာ ဘာမွားေနလဲ စဥ္းစားဆင္ျခင္စရာေတြ ရွိပါတယ္။ တကယ္လုိ႔ ကုိယ္က အိမ္ေထာင္ဘက္ လုိလုိလားလား ရခ်င္ေနတယ္ဆုိရင္ ေအာက္ေဖာ္ျပပါ အားနည္းခ်က္ေလးေတြ ျပင္ေပးဖုိ႔ လုိပါမယ္။

(၁) မိဘကိုခ်စ္လြန္းသူ

မိဘကို လူတုိင္းခ်စ္ၾကမွာပါ။ မ်ားမ်ားခ်စ္ႏုိင္ေလ မ်ားေကာင္းေလပါဘဲ။ ဒါေပမယ့္ ခြဲျခားရမယ့္ အပိုင္းေတြလည္း ရွိပါတယ္။ ဘယ္သူပဲျဖစ္ျဖစ္ လူတစ္ေယာက္က ကုိယ့္ကို ဂ႐ုမစုိက္ဘူး၊ အေလးမေပးဘူးထင္ရင္ အဲဒီလူနားကို သိပ္မကပ္တာကုိလည္း နားလည္ထားသင့္ပါတယ္။ ဒီေတာ့ ကုိယ္သေဘာက်တဲ့ ေကာင္မေလးကိုလည္း အေရးေပးပါလုိ႔။

(၂) အတၱႀကီးလြန္းသူ

သူငယ္ခ်င္းအေပါင္းအသင္း ဆက္ဆံေရးမွာေတာင္ အတၱႀကီးလြန္းသူေတြဟာ ေပါင္းသူခင္သူမရွိ၊ တစ္ကုိယ္ေရ ထီးထီး ျဖစ္တတ္ပါတယ္။ အတၱ၊ပရ မွ်တတဲ့ စိတ္ထားရွိသူေတြဟာ လူခ်စ္လူခင္မ်ားပါတယ္။ တကယ္လုိ႔ သင္ဟာ အတၱႀကီးလြန္းသူ ျဖစ္ေနရင္ သင့္ကို စိတ္ဝင္စားမယ့္ ေကာင္မေလးဆုိတာကလည္း ရွိမွာ မဟုတ္ပါဘူး။

(၃) ခဲမွန္ဖူးတဲ့ စာသူငယ္

တကယ္လုိ႔ သင္ဟာ အခ်စ္နဲ႔ပတ္သက္ရင္ အတိတ္မွာ အႀကီးအက်ယ္ ဒဏ္ရာရခဲ့တယ္ဆုိပါက လက္ေတြ႕မွာ တစ္စုံတစ္ေယာက္ကုိ ထပ္ခ်စ္ဖုိ႔ မလြယ္ပါဘူး။ တကယ္လုိ႔ ခ်စ္ခဲ့မိရင္ေတာင္ သင့္အေနနဲ႔ အတိတ္က နာက်င္ခဲ့ဖူးတဲ့ ဒဏ္ရာေတြက သတိေပးသလုိလုိ၊ တားဆီးသလုိလုိနဲ႔ သင္ကိုယ္တုိင္က ခ်စ္ရမွာ ေၾကာက္ေနမွာပါ။

(၄) စိတ္ပုိင္းဆုိင္ရာ မျပည့္စုံသူ

ဒါကေတာ့ ခပ္ရွင္းရွင္းေျပာရရင္ စိတ္သေဘာထား မျပည့္ဝသူလုိ႔ ဆုိလုိတာပါ။ တစ္ခ်ိဳ႕က ကုိယ္ စိတ္သေဘာထား မျပည့္ဝတာကို သူမ်ားက ေထာက္ျပလည္း သိပ္ႀကိဳက္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ သင္ဟာ သင္ယူလုိစိတ္၊ ျပဳျပင္လုိစိတ္ ရွိသူဆုိရင္ ဒီလုိ စိတ္သေဘာထား မျပည့္ဝမႈက ျပင္ရတာ အဲေလာက္ မခက္ပါဘူး။

(၅) အရိပ္ျပလုိ႔ အေကာင္မထင္သူ

တစ္ခ်ိဳ႕ကက်ေတာ့ အခ်စ္နဲ႔ပတ္သက္ရင္ ဒုံးေဝးၾကပါတယ္။ ေကာင္မေလးေတြက သူတုိ႔ဘက္က ဖြင့္ေျပာဖုိ႔ အခြင့္မသာတဲ့အခါ သူတုိ႔ သေဘာက်တဲ့သူကို အထာေပးၾကပါတယ္။ ခ်စ္ရည္ရႊန္းေနတဲ့ မ်က္လုံးႀကီး ေပကလပ္ေပကလပ္နဲ႔ ၾကည့္တတ္ၾကပါတယ္။ ဒါေပမယ့္ ကုိယ္က ဒါမ်ိဳးျမင္ၿပီး “ဘာအထာလဲဟ”ဆုိၿပီး အဓိပၸါယ္အေပါက္လြဲေနရင္ေတာ့ ဒီတစ္သက္ ကၽြတ္ဖုိ႔မလြယ္ပါဘူး။

နတ္စည္ေတာ္

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ရည်းစားတစ်ယောက် ဖြစ်ဖြစ်မြောက်မြောက် မရသေးခြင်းရဲ့ အကြောင်းအရင်း

လူရယ်လို့ ဖြစ်လာပြီဆိုရင် သီးချိန်တန် သီးရမယ်၊ ပွင့်ချိန်တန် ပွင့်ရမယ်လို့ ဆိုပါတယ်။ သစ်ပင်တွေကို ရည်ရွယ်တဲ့ စကားမဟုတ်တာတော့ လူတိုင်း သိမှာပါ။ ဒါပေမယ့် သစ်ပင်နဲ့ နှိုင်းယှဉ်တဲ့ခါ သီးချိန်တန် မသီးရင်၊ ပွင့်ချိန်တန် မပွင့်ရင် ဒီသစ်ပင် မြုံနေလို့လား၊ ဖိုနေလို့လားစသဖြင့် စိုက်ပျိုးသူတွေမှာ ဦးနှောက်ခြောက်ရပါတယ်။

အမျိုးသားတွေအနေနဲ့တော့ အသက်(၃၀)လောက်မှ ချစ်သူခင်သူ ကောင်းကောင်းမရှိသေးဘူးဆိုရင် ကိုယ့်မှာ ဘာမှားနေလဲ စဉ်းစားဆင်ခြင်စရာတွေ ရှိပါတယ်။ တကယ်လို့ ကိုယ်က အိမ်ထောင်ဘက် လိုလိုလားလား ရချင်နေတယ်ဆိုရင် အောက်ဖော်ပြပါ အားနည်းချက်လေးတွေ ပြင်ပေးဖို့ လိုပါမယ်။

(၁) မိဘကိုချစ်လွန်းသူ

မိဘကို လူတိုင်းချစ်ကြမှာပါ။ များများချစ်နိုင်လေ များကောင်းလေပါဘဲ။ ဒါပေမယ့် ခွဲခြားရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လူတစ်ယောက်က ကိုယ့်ကို ဂရုမစိုက်ဘူး၊ အလေးမပေးဘူးထင်ရင် အဲဒီလူနားကို သိပ်မကပ်တာကိုလည်း နားလည်ထားသင့်ပါတယ်။ ဒီတော့ ကိုယ်သဘောကျတဲ့ ကောင်မလေးကိုလည်း အရေးပေးပါလို့။

(၂) အတ္တကြီးလွန်းသူ

သူငယ်ချင်းအပေါင်းအသင်း ဆက်ဆံရေးမှာတောင် အတ္တကြီးလွန်းသူတွေဟာ ပေါင်းသူခင်သူမရှိ၊ တစ်ကိုယ်ရေ ထီးထီး ဖြစ်တတ်ပါတယ်။ အတ္တ၊ပရ မျှတတဲ့ စိတ်ထားရှိသူတွေဟာ လူချစ်လူခင်များပါတယ်။ တကယ်လို့ သင်ဟာ အတ္တကြီးလွန်းသူ ဖြစ်နေရင် သင့်ကို စိတ်ဝင်စားမယ့် ကောင်မလေးဆိုတာကလည်း ရှိမှာ မဟုတ်ပါဘူး။

(၃) ခဲမှန်ဖူးတဲ့ စာသူငယ်

တကယ်လို့ သင်ဟာ အချစ်နဲ့ပတ်သက်ရင် အတိတ်မှာ အကြီးအကျယ် ဒဏ်ရာရခဲ့တယ်ဆိုပါက လက်တွေ့မှာ တစ်စုံတစ်ယောက်ကို ထပ်ချစ်ဖို့ မလွယ်ပါဘူး။ တကယ်လို့ ချစ်ခဲ့မိရင်တောင် သင့်အနေနဲ့ အတိတ်က နာကျင်ခဲ့ဖူးတဲ့ ဒဏ်ရာတွေက သတိပေးသလိုလို၊ တားဆီးသလိုလိုနဲ့ သင်ကိုယ်တိုင်က ချစ်ရမှာ ကြောက်နေမှာပါ။

(၄) စိတ်ပိုင်းဆိုင်ရာ မပြည့်စုံသူ

ဒါကတော့ ခပ်ရှင်းရှင်းပြောရရင် စိတ်သဘောထား မပြည့်ဝသူလို့ ဆိုလိုတာပါ။ တစ်ချို့က ကိုယ် စိတ်သဘောထား မပြည့်ဝတာကို သူများက ထောက်ပြလည်း သိပ်ကြိုက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ သင်ယူလိုစိတ်၊ ပြုပြင်လိုစိတ် ရှိသူဆိုရင် ဒီလို စိတ်သဘောထား မပြည့်ဝမှုက ပြင်ရတာ အဲလောက် မခက်ပါဘူး။

(၅) အရိပ်ပြလို့ အကောင်မထင်သူ

တစ်ချို့ကကျတော့ အချစ်နဲ့ပတ်သက်ရင် ဒုံးဝေးကြပါတယ်။ ကောင်မလေးတွေက သူတို့ဘက်က ဖွင့်ပြောဖို့ အခွင့်မသာတဲ့အခါ သူတို့ သဘောကျတဲ့သူကို အထာပေးကြပါတယ်။ ချစ်ရည်ရွှန်းနေတဲ့ မျက်လုံးကြီး ပေကလပ်ပေကလပ်နဲ့ ကြည့်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်က ဒါမျိုးမြင်ပြီး “ဘာအထာလဲဟ”ဆိုပြီး အဓိပ္ပါယ်အပေါက်လွဲနေရင်တော့ ဒီတစ်သက် ကျွတ်ဖို့မလွယ်ပါဘူး။

နတ်စည်တော်

Credit:Shwemom

မှတ်ချက်များ