ပုိက္ဆံမရွိတဲ့အခ်ိန္ ရည္းစားထားမိျခင္းရဲ႕ ဆုိးက်ိဳးေတြ


Zawgyiျဖင့္ဖတ္ရန္

ကုိယ္က အလုပ္လည္းမရွိ၊ ကုိယ္က ၀င္ေငြမရွိလုိ႔ ကုိယ့္အိမ္ကမ်ား ပုိက္ဆံရွိသလားဆုိေတာ့လည္း မရွိ။ ဒီလုိမ်ိဳး ပုိက္ဆံမရွိတဲ့အခ်ိန္မွာ ရည္းစားေလးတစ္ေယာက္ ရၿပီဆုိပါစုိ႔။ ေပ်ာ္ရမယ္လုိ႔ ထင္သလား။

ပုိက္ဆံမရွိတဲ့အခ်ိန္ ရည္းစားထားမိရင္ ဘယ္လုိဆုိးက်ိဳးေတြက သင့္အတြက္ ေစာင့္ေနသလဲဆုိတာ ဖတ္ၾကည့္လုိက္ပါဦး။

(၁)။ ခ်ိန္းေတြ႕ဖုိ႔ေတာင္ ေနရာေရြးေနရတယ္

ကုိယ့္မွာ ပုိက္ဆံမရွိတဲ့အခ်ိန္ဆုိရင္ ဘယ္ေနရာမွာ ခ်ိန္းေတြ႕မလဲဆုိတာက အစ ေသခ်ာ စဥ္းစားေနရၿပီ။ ေကာ္ဖီဆုိင္ေကာင္းေကာင္းမွာ ေတြ႕ရင္ ႏွစ္ေယာက္စာ ေကာ္ဖီဖုိးနဲ႔ မုန္႔ဖုိးကုိ ရွင္းႏုိင္ပါ့မလား ၊ စားေသာက္ဆုိင္မွာေတြ႕ရင္ အဆင္ေျပပါ့မလား၊ ပုိက္ဆံမကုန္တဲ့ ပန္းၿခံထဲပဲ သြားထုိင္ေနရင္ ေကာင္းမလား..စသျဖင့္ ေနရာေတြ ေရြးေနရပါၿပီ။ ပုိက္ဆံမရွိတဲ့အခ်ိန္မွာ အဓိက ျပႆနာ က ေနရာေရြးေနရတာပဲျဖစ္ၿပီး ကုိယ့္မွာရွိတဲ့ ပုိက္ဆံနဲ႔၊ ေတြ႕ရမယ့္ေနရာနဲ႔ကုိ အဆင္ေျပေအာင္ တြက္ေနရတာက တကယ့္ကုိ စိတ္ညစ္စရာပါ။

(၂)။ အလုိလုိေနရင္း အားငယ္ေနလိမ့္မယ္

အစပုိင္းကေတာ့ တစ္ေယာက္ကုိတစ္ေယာက္ အရမ္းခ်စ္ေနၾကလုိ႔ အဆင္ေတြ ေျပေကာင္းေျပႏုိင္ေပမယ့္ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ဟုိေတြး ဒီေတြးေတြ ေတြးလာမိမွာပါ။ အထူးသျဖင့္ေတာ့ ကုိယ့္မွာ ပုိက္ဆံမရွိဘူးဆုိရင္ သူ႕ကုိေပ်ာ္ေအာင္လုပ္ေပးႏုိင္ပါ့မလား၊ ကုိယ္က သူနဲ႔ တကယ္ေရာ ထုိက္တန္ရဲ႕လား၊ ကုိယ့္ထက္ပုိၿပီး သူ႕ကုိ အဆင္ေျပေအာင္ထားႏုိင္မယ့္တစ္ေယာက္ ေပၚလာမလား…စတဲ့အေတြးေတြနဲ႔ အလုိလုိေနရင္း အားငယ္ေနမိပါလိမ့္မယ္။

(၃)။ အေၾကြးေတြမ်ားလာလိမ့္မယ္

ကုိယ့္မွာ ပုိက္ဆံမရွိေပမယ့္လည္း ကုိယ့္ခ်စ္သူက ေတြ႕ခ်င္တယ္၊ ဟုိဟာ ဒီဟာ စားခ်င္တယ္ဆုိရင္ သူ႕ဆႏၵကုိ ျဖည့္ဆည္းေပးခ်င္ၾကတာပဲေလ။ ဒီေတာ့ အဲဒီလုိေတြ႕ဖုိ႔၊ သြားဖုိ႔၊ စားဖုိ႔အတြက္ သူငယ္ခ်င္းေတြဆီက ပုိက္ဆံေခ်းရပါေလေရာ။ ကုိယ့္ခ်စ္သူက ကုိယ့္အေပၚ အလုိက္သိတဲ့သူမ်ိဳးဆုိ ျပႆနာမရွိေပမယ့္ သူတုိ႔လုိခ်င္တာပဲ သိတဲ့ခ်စ္သူမ်ိဳးဆုိရင္ ကုိယ့္ရဲ႕အေၾကြးေတြလည္း တျဖည္းျဖည္း ပုိမ်ားလာဖုိ႔ပဲ ရွိတယ္ဆုိတာ သိထားလုိက္ပါ။

(၄)။ ေနာက္တစ္ေယာက္ဆီ အခ်ိန္မေရြးပါသြားႏုိင္တယ္

ကုိယ္က သူ႕အတြက္ အၿမဲတမ္းေပ်ာ္ေအာင္ လုပ္မေပးႏုိင္တဲ့ အေျခအေန၊ သူလုိခ်င္သမွ်ကုိ မျဖည့္ဆည္းေပးႏုိင္တဲ့ အေျခအေနေတြမွာ ေနာက္တစ္ေယာက္ဆီကုိ အခ်ိန္မေရြးပါသြားႏုိင္ေခ်လည္း ရွိပါတယ္။ သူက Show ပြဲေတြသြားၾကည့္ခ်င္တယ္၊ ကုိယ္က လုိက္မပုိ႔ႏုိင္ဘူး၊ သူက ခရီးသြားခ်င္တယ္၊ ကုိယ္က ဘာမွမတတ္ႏုိင္ဘူး။ ဒီလုိအေျခအေနေတြမွာ သူ႕ကုိ လုိက္ပုိ႔ႏုိင္တဲ့သူ၊ သူလုိခ်င္တာကုိ ျဖည့္ဆည္းေပးႏုိင္တဲ့သူကုိပဲ သူက လုိခ်င္မွာပါ။ အဲဒါက သူ႕အျပစ္လုိ႔ ေျပာဖုိ႔ထက္ ပုိက္ဆံမရွိပဲ ရည္းစားထားခ်င္တဲ့ ကုိယ့္အျပစ္လုိ႔သာ မွတ္ယူလုိက္ပါေနာ္…။

Linn

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ပိုက်ဆံမရှိတဲ့အချိန် ရည်းစားထားမိခြင်းရဲ့ ဆိုးကျိုးတွေ

ကိုယ်က အလုပ်လည်းမရှိ၊ ကိုယ်က ဝင်ငွေမရှိလို့ ကိုယ့်အိမ်ကများ ပိုက်ဆံရှိသလားဆိုတော့လည်း မရှိ။ ဒီလိုမျိုး ပိုက်ဆံမရှိတဲ့အချိန်မှာ ရည်းစားလေးတစ်ယောက် ရပြီဆိုပါစို့။ ပျော်ရမယ်လို့ ထင်သလား။

ပိုက်ဆံမရှိတဲ့အချိန် ရည်းစားထားမိရင် ဘယ်လိုဆိုးကျိုးတွေက သင့်အတွက် စောင့်နေသလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

(၁)။ ချိန်းတွေ့ဖို့တောင် နေရာရွေးနေရတယ်

ကိုယ့်မှာ ပိုက်ဆံမရှိတဲ့အချိန်ဆိုရင် ဘယ်နေရာမှာ ချိန်းတွေ့မလဲဆိုတာက အစ သေချာ စဉ်းစားနေရပြီ။ ကော်ဖီဆိုင်ကောင်းကောင်းမှာ တွေ့ရင် နှစ်ယောက်စာ ကော်ဖီဖိုးနဲ့ မုန့်ဖိုးကို ရှင်းနိုင်ပါ့မလား ၊ စားသောက်ဆိုင်မှာတွေ့ရင် အဆင်ပြေပါ့မလား၊ ပိုက်ဆံမကုန်တဲ့ ပန်းခြံထဲပဲ သွားထိုင်နေရင် ကောင်းမလား..စသဖြင့် နေရာတွေ ရွေးနေရပါပြီ။ ပိုက်ဆံမရှိတဲ့အချိန်မှာ အဓိက ပြဿနာ က နေရာရွေးနေရတာပဲဖြစ်ပြီး ကိုယ့်မှာရှိတဲ့ ပိုက်ဆံနဲ့၊ တွေ့ရမယ့်နေရာနဲ့ကို အဆင်ပြေအောင် တွက်နေရတာက တကယ့်ကို စိတ်ညစ်စရာပါ။

(၂)။ အလိုလိုနေရင်း အားငယ်နေလိမ့်မယ်

အစပိုင်းကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေကြလို့ အဆင်တွေ ပြေကောင်းပြေနိုင်ပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ဟိုတွေး ဒီတွေးတွေ တွေးလာမိမှာပါ။ အထူးသဖြင့်တော့ ကိုယ့်မှာ ပိုက်ဆံမရှိဘူးဆိုရင် သူ့ကိုပျော်အောင်လုပ်ပေးနိုင်ပါ့မလား၊ ကိုယ်က သူနဲ့ တကယ်ရော ထိုက်တန်ရဲ့လား၊ ကိုယ့်ထက်ပိုပြီး သူ့ကို အဆင်ပြေအောင်ထားနိုင်မယ့်တစ်ယောက် ပေါ်လာမလား…စတဲ့အတွေးတွေနဲ့ အလိုလိုနေရင်း အားငယ်နေမိပါလိမ့်မယ်။

(၃)။ အကြွေးတွေများလာလိမ့်မယ်

ကိုယ့်မှာ ပိုက်ဆံမရှိပေမယ့်လည်း ကိုယ့်ချစ်သူက တွေ့ချင်တယ်၊ ဟိုဟာ ဒီဟာ စားချင်တယ်ဆိုရင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးချင်ကြတာပဲလေ။ ဒီတော့ အဲဒီလိုတွေ့ဖို့၊ သွားဖို့၊ စားဖို့အတွက် သူငယ်ချင်းတွေဆီက ပိုက်ဆံချေးရပါလေရော။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် အလိုက်သိတဲ့သူမျိုးဆို ပြဿနာမရှိပေမယ့် သူတို့လိုချင်တာပဲ သိတဲ့ချစ်သူမျိုးဆိုရင် ကိုယ့်ရဲ့အကြွေးတွေလည်း တဖြည်းဖြည်း ပိုများလာဖို့ပဲ ရှိတယ်ဆိုတာ သိထားလိုက်ပါ။

(၄)။ နောက်တစ်ယောက်ဆီ အချိန်မရွေးပါသွားနိုင်တယ်

ကိုယ်က သူ့အတွက် အမြဲတမ်းပျော်အောင် လုပ်မပေးနိုင်တဲ့ အခြေအနေ၊ သူလိုချင်သမျှကို မဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေတွေမှာ နောက်တစ်ယောက်ဆီကို အချိန်မရွေးပါသွားနိုင်ချေလည်း ရှိပါတယ်။ သူက Show ပွဲတွေသွားကြည့်ချင်တယ်၊ ကိုယ်က လိုက်မပို့နိုင်ဘူး၊ သူက ခရီးသွားချင်တယ်၊ ကိုယ်က ဘာမှမတတ်နိုင်ဘူး။ ဒီလိုအခြေအနေတွေမှာ သူ့ကို လိုက်ပို့နိုင်တဲ့သူ၊ သူလိုချင်တာကို ဖြည့်ဆည်းပေးနိုင်တဲ့သူကိုပဲ သူက လိုချင်မှာပါ။ အဲဒါက သူ့အပြစ်လို့ ပြောဖို့ထက် ပိုက်ဆံမရှိပဲ ရည်းစားထားချင်တဲ့ ကိုယ့်အပြစ်လို့သာ မှတ်ယူလိုက်ပါနော်…။

Linn

Credit:Shwemom

မှတ်ချက်များ