၂၀၁၉ ခွႏွစ္အတြက္ အာရွတိုက္ရဲ႕အလွဆံုးေသာ အမ်ိုးသမီးအျဖစ္ အေရြးခ်ယ္ခံလိုက္ရတဲ႔ Lisa


Zawgyiျဖင့္ဖတ္ရန္

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ၾကီးထိပ္္တန္းအမ်ိဳးသမီး idol အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ႔ BLACKPINK ရဲ႕ အဖြဲ႕၀င္တစ္ေယာက္ျဖစ္သူ Lisa ဟာဆိုရင္ ဒီႏွစ္ ၂၀၁၉ ခုႏွစ္အတြက္ အာရွတိုက္ရဲ႕ အလွဆံုးေသာ အမ်ိဳးသမီးအျဖစ္နဲ႔ တရား၀င္သတ္မွတ္ အေရြးခ်ယ္ခံလိုက္ရတယ္လို႔ သိရပါတယ္။

ထိုသတ္မွတ္ခ်က္ဟာဆုိရင္ ႏွစ္စဥ္ဆုိသလို စစ္တမ္းေကာက္ယူမွဳေတြကို ထုတ္ေဖာ္ေၾကညာေလ႔ရွိတဲ႔ TC Candler Asia ကေန ဒီႏွစ္အတြက္ ေရြးခ်ယ္ထားတဲ႔ စစ္တမ္းေကာက္ယူမွုကေန ထြက္ေပၚလာခဲ႔တာ ျဖစ္ပါတယ္။

အေခ်ာဆံုးေသာ အမ်ိဳးသမီး Idol ေတြထဲမွာ အျမဲတမ္းလိုလိုပါ၀င္ေနက်ျဖစ္တဲ႔အျပင္ Instagram မွာ Follower အမ်ားဆံုးေသာ Idol တစ္ေယာက္လည္းျဖစ္တဲ႔ သူမအေနနဲ႔ ဒီလိုမ်ိုး အေရြးခံရတာက သိပ္ေတာ႔ထူးဆန္းစရာမဟုတ္ေပမယ္႔လည္း အခုလိုမ်ိဳး နံပါတ္ ၁ ေနရာကေန ေရြးခ်ယ္ခံရတာကေတာ႔ ပထမဆံုးအၾကိမ္ျဖစ္တာေၾကာင္႔ ပရိသတ္ေတြမွာ ေက်နပ္၀မ္းသာဂုဏ္ယူခဲ႔ၾကရပါတယ္။

ပရိသတ္ေပါင္းမ်ားစြာရဲ႕ မဲေပးေရြးခ်ယ္မွုကေနတဆင္႔ ထြက္ေပၚလာတဲ႔ ထိုသတ္မွတ္ခ်က္စာရင္းမွာ ပါ၀င္ေနတဲ႔ BLACKPINK အဖြဲ႕၀င္ကေတာ႔ သူမတစ္ေယာက္တည္းတင္မဟုတ္ပဲ ေနာက္ထပ္အဖြဲ႕၀င္ ၃ ေယာက္လံုးကလည္း ၂၀၁၉ ခုႏွစ္ရဲ႕ အလွဆံုးေသာ အမ်ိုးသမီးအေယာက္ ၁၀၀ စာရင္းထဲမွာ ပါင္ေရြးခ်ယ္ခံထားရပါေသးတယ္။

Jennie ကေတာ႔ နံပါတ္ ၃ မွာရွိေနျပီး Rosé ကေတာ႔ နံပါတ္ ၁၃၊ Jisoo ကေတာ႔ နံပါတ္ ၂၂ ေနရာမွာ အသီးသီး ရပ္တည္ေနၾကတာကို ေတြ႕ရပါတယ္။ ၂၀၁၉ ခွႏွစ္အတြက္ အာရွတိုက္ရဲ႕အလွဆံုးေသာ အမ်ိုးသမီး အေယာက္ ၁၀၀ စာရင္းထဲမွာ BLACKPINK ရဲ႕ အဖြဲ႕၀င္ ၄ ေယာက္လံုး ပါ၀င္ေနၾကတာေၾကာင္႔ ဒီႏွစ္ရဲ႕ စစ္တမ္းေကာက္ယူမွဳက Blink ေတြအတြက္ေတာ႔ တကယ္ကို ေက်နပ္စရာပါပဲေနာ္။

Ref : Koreaboo

Credit:(Momolay)

Unicodeဖြင့်ဖတ်ရန်

၂၀၁၉ ခှနှစ်အတွက် အာရှတိုက်ရဲ့အလှဆုံးသော အမျိုးသမီးအဖြစ် အရွေးချယ်ခံလိုက်ရတဲ့ Lisa

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းအမျိုးသမီး idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Lisa ဟာဆိုရင် ဒီနှစ် ၂၀၁၉ ခုနှစ်အတွက် အာရှတိုက်ရဲ့ အလှဆုံးသော အမျိုးသမီးအဖြစ်နဲ့ တရားဝင်သတ်မှတ် အရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ထိုသတ်မှတ်ချက်ဟာဆိုရင် နှစ်စဉ်ဆိုသလို စစ်တမ်းကောက်ယူမှုတွေကို ထုတ်ဖော်ကြေညာလေ့ရှိတဲ့ TC Candler Asia ကနေ ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ စစ်တမ်းကောက်ယူမှုကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အချောဆုံးသော အမျိုးသမီး Idol တွေထဲမှာ အမြဲတမ်းလိုလိုပါဝင်နေကျဖြစ်တဲ့အပြင် Instagram မှာ Follower အများဆုံးသော Idol တစ်ယောက်လည်းဖြစ်တဲ့ သူမအနေနဲ့ ဒီလိုမျိုး အရွေးခံရတာက သိပ်တော့ထူးဆန်းစရာမဟုတ်ပေမယ့်လည်း အခုလိုမျိုး နံပါတ် ၁ နေရာကနေ ရွေးချယ်ခံရတာကတော့ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ပရိသတ်တွေမှာ ကျေနပ်ဝမ်းသာဂုဏ်ယူခဲ့ကြရပါတယ်။

ပရိသတ်ပေါင်းများစွာရဲ့ မဲပေးရွေးချယ်မှုကနေတဆင့် ထွက်ပေါ်လာတဲ့ ထိုသတ်မှတ်ချက်စာရင်းမှာ ပါဝင်နေတဲ့ BLACKPINK အဖွဲ့ဝင်ကတော့ သူမတစ်ယောက်တည်းတင်မဟုတ်ပဲ နောက်ထပ်အဖွဲ့ဝင် ၃ ယောက်လုံးကလည်း ၂၀၁၉ ခုနှစ်ရဲ့ အလှဆုံးသော အမျိုးသမီးအယောက် ၁၀၀ စာရင်းထဲမှာ ပါင်ရွေးချယ်ခံထားရပါသေးတယ်။

Jennie ကတော့ နံပါတ် ၃ မှာရှိနေပြီး Rosé ကတော့ နံပါတ် ၁၃၊ Jisoo ကတော့ နံပါတ် ၂၂ နေရာမှာ အသီးသီး ရပ်တည်နေကြတာကို တွေ့ရပါတယ်။ ၂၀၁၉ ခှနှစ်အတွက် အာရှတိုက်ရဲ့အလှဆုံးသော အမျိုးသမီး အယောက် ၁၀၀ စာရင်းထဲမှာ BLACKPINK ရဲ့ အဖွဲ့ဝင် ၄ ယောက်လုံး ပါဝင်နေကြတာကြောင့် ဒီနှစ်ရဲ့ စစ်တမ်းကောက်ယူမှုက Blink တွေအတွက်တော့ တကယ်ကို ကျေနပ်စရာပါပဲနော်။

Ref : Koreaboo

Credit:(Momolay)

မှတ်ချက်များ