အရာရာ ကပ္ေစးနည္းလြန္းတဲ့ခ်စ္သူကို (၁၄)ႏွစ္အၾကာမွာ လက္တြဲျဖဳတ္ခဲ့တဲ့ ေကာင္မေလး
Zawgyiျဖင့္ဖတ္ရန္
ခ်စ္သူတို႔ဘဝဆိုတာ လူငယ္ေတြအတြက္ေတာ့ ေပ်ာ္ဖို႔ အေကာင္းဆုံးအခ်ိန္၊ အနာဂတ္အေရး စိတ္ကူးယဥ္ဖို႔ အေကာင္းဆုံးအခ်ိန္ပါဘဲ။ ဒါေပမယ့္ နည္းနည္းေလး အ႐ြယ္ေရာက္လာတဲ့အခါ အခ်စ္ဟာ စိတ္ကူးယဥ္ တိုက္အိမ္ေဆာက္ေန႐ုံနဲ႔ မၿပီးဘူးဆိုတာ သိရွိၾကၿပီး၊ လိုအပ္ခ်က္ေတြ၊ လိုခ်င္တာေတြနဲ႔ယွဥ္ကာ အသိဉာဏ္နဲ႔ ပိုင္းျခား ဆင္ျခင္ၾကပါတယ္။
အခုလည္း အမ်ိဳးသမီးတစ္ေယာက္ဟာ (၁၄)ႏွစ္ၾကာ ေအာင့္အည္းသည္းခံ လက္တြဲခဲ့တဲ့ ေကာင္ေလးကို ျပစ္ခ်က္ေတြနဲ႔ အေၾကာင္းျပၿပီး လမ္းခြဲလိုက္ပါသတဲ့။ မေလးရွားအမ်ိဳးသမီးျဖစ္ၿပီး၊ UTAR (University Tunku Abdul Rahman) ကေန ဘြဲ႕ရထားသူပါ။ သူမဟာ ကာလရွည္ လက္တြဲခဲ့တဲ့ခ်စ္သူကို ဘာေၾကာင့္ စြန႔္ပစ္ခဲ့ရသလဲဆိုတာ ရွင္းျပခဲ့ပါတယ္။
သူမရဲ႕ ခ်စ္သူေဟာင္း ေကာင္ေလးက အလြန္ကပ္ေစးနည္းပါသတဲ့။ ေနာက္ၿပီး အနာဂတ္ရည္မွန္းခ်က္ဆိုတာလည္း မရွိဘဲ၊ ဘဝကို ေပါ့ေပါ့ပဲ ျဖတ္သန္းခ်င္တဲ့လူ ျဖစ္ေနပါသတဲ့။ လူတစ္ေယာက္ဟာ ဆင္းရဲျခင္း ခ်မ္းသာျခင္းဆိုတာထက္၊ ဘဝအတြက္ ေ႐ြးခ်ယ္တဲ့အခါ အနာဂတ္ရည္မွန္းခ်က္ကို စိတ္ပါဝင္စားေနဖို႔က အလြန္အေရးႀကီးပါတယ္။
ေနာက္ၿပီး သူမရဲ႕ အနာဂတ္လမ္းေတြကိုလည္း ေကာင္ေလးက လိုက္လံပိတ္ပင္ေလ့ရွိသူ ျဖစ္တယ္လို႔ ဆိုပါတယ္။ အခုဆိုရင္ အမည္ေဖာ္ျပမထားတဲ့ သူမဟာ အသက္(၂၈)ႏွစ္ေတာင္ ရွိေနပါၿပီ။ ဆိုရရင္ ဒီေကာင္ေလးနဲ႔ သူမက သူမအသက္ (၁၄)ႏွစ္ကတည္းက စတြဲခဲ့တာလို႔ ဆိုရမွာပါ။
သူမက “ ကြၽန္မ ေကာင္ေလးက ကြၽန္မအေပၚမွာ အေတာ္ေလး ေကာင္းတဲ့သူပါ … ၾကင္နာတတ္ေပမယ့္ သူ႔မွာ အနာဂတ္ရည္မွန္းခ်က္ မရွိဘူး … အလယ္တန္းေက်ာင္းေတြ တကၠသိုလ္ေတြ အတူတူ ျဖတ္သန္းခဲ့တဲ့တစ္ေလွ်ာက္ … ေဈးသင့္တဲ့ အစားအစာေတြကို စားဖို႔ စိတ္ေတာင္ မကူးရဲဘူး … အခုဆိုရင္ ကြၽန္မ (၅)ႏွစ္တာအတြင္း အလုပ္ရဲ႕ တန္ဖိုးကို သိခဲ့ၿပီးၿပီ .. ကြၽန္မ ဘဝကို ဒီထက္ပိုေနေပ်ာ္ခ်င္တယ္ .. အသစ္အဆန္းေတြအေၾကာင္းကိုလည္း သိခ်င္တယ္ ”လို႔ ေျပာခဲ့ပါတယ္။
သူမက ဆက္လက္ရွင္ျပခ်က္အရ သူတို႔စုံတြဲဟာ လည္ခ်င္ရင္ေတာင္မွ ေကာင္ေလးက ကပ္ေစးနည္းေတာ့ ေျခလွ်င္သာ ေလွ်ာက္လည္ရေလ့ရွိေၾကာင္း၊ ဆာတဲ့အခါမွာ တစ္ပန္းကန္ထဲ အတူစားၾကၿပီး၊ အရင္ကေတာ့ ဒါကို ႐ိုမက္တစ္ဆန္တယ္လို႔ ထင္ခဲ့မိေၾကာင္း၊ တစ္ခါ ခ်ိန္းေတြ႕တိုင္း (၈)ရင္းဂစ္ေလာက္သာ ကုန္ေၾကာင္း၊ ခ်စ္သူမ်ားေနလို႔ ေန႔ထူးေန႔ျမတ္မွာေတာင္ ကိုယ့္စာရိတ္ ကိုယ္သုံးၿပီး၊ စားေသာက္ရတာမ်ိဳးရွိေၾကာင္း၊ လက္ေဆာင္လည္း မရခဲ့ဖူးဘူးလို႔ ေျပာပါတယ္။
ဒါေပမယ္ တကၠသိုလ္ေက်ာင္းသူဘဝမွာလည္း သူနဲ႔ အတူရွိေနခ်ိန္ေတြကို ခ်စ္စရာ ေပ်ာ္စရာလို႔ ထင္ခဲ့ပါသတဲ့။ ဒါေပမယ့္ ကိုယ္ပိုင္အလုပ္ေတြ ရွာႏိုင္ခဲ့ခ်ိန္မွာေတာင္ သူမ်ားစုံတြဲေတြ လုပ္ေလ့ရွိတဲ့ ႐ုပ္ရွင္အတူၾကည့္ျခင္း၊ သီခ်င္းဆိုျခင္းေတြကို တစ္ခါမွ မလုပ္ခဲ့ဖူးပါဘူးတဲ့။ ၿပီးခဲ့တဲ့ႏွစ္က သူမ ကားဝယ္ခဲ့ၿပီး၊ တကယ္ ေဈးႀကီးတဲ့ စားေသာက္ဆိုင္ကို သူ႔ကို ေခၚသြားခဲ့ပါတယ္။
အဲဒီမွာ သူက ဘာမွ မွာယူစားေသာက္ျခင္းမျပဳဘဲ ေဈးႀကီးလြန္းတယ္လို႔ ေျပာခဲ့ပါသတဲ့။ အဲဒီေနာက္မွာေတာ့ သူမဟာ သည္းခံႏိုင္စြမ္း ကုန္ဆုံးသြားၿပီး ႏွစ္ေယာက္သား ေအာ္ႀကီးဟစ္က်ယ္ စကားမ်ားၾကပါေတာ့တယ္။ သူကေတာ့ အခုလို ေခြၽတာျခင္းဟာ သူတို႔ အနာဂတ္အတြက္လို႔ ေျပာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ႏွစ္ေယာက္သား အေခၚအေျပာ နည္းသြားပါတယ္။
အဲဒီေနာက္မွာေတာ့ သူမတို႔ ေနထိုင္တဲ့ Kemper ကေန ကြာလာလမ္ပူကို သူမေကာင္ေလး ပိတ္ပင္ေနတဲ့ၾကားက အလုပ္လုပ္ဖို႔ ထြက္လာခဲ့ပါတယ္။ ေနာက္ေတာ့ ဘယ္လိုမွ အဆင္မေျပႏိုင္ေတာ့တဲ့ အခ်စ္ေရးမို႔ သူမက အၿပီးတိုင္ ဖ်က္သိမ္းခဲ့ပါတယ္တဲ့။ ေဝဖန္သူေတြကေတာ့ ႏွစ္ျခမ္းကြဲေနၿပီး၊ တစ္ခ်ိဳ႕ကလည္း ဒီေလာက္ လက္တြဲလာၿပီးမွ ကိုယ့္အတၱအတြက္ ေကာင္ေလးကို ထားခဲ့တယ္ဆိုတာ မျဖစ္ႏိုင္ေၾကာင္း၊ တစ္ခ်ိဳ႕ကလည္း ဘယ္သူ႔ဘက္ကမွ မမွားဘူးလို႔ ေျပာခဲ့ပါတယ္။
Credit:လင္းလင္း (ShweMom)
Unicodeဖြင့်ဖတ်ရန်
အရာရာ ကပ်စေးနည်းလွန်းတဲ့ချစ်သူကို (၁၄)နှစ်အကြာမှာ လက်တွဲဖြုတ်ခဲ့တဲ့ ကောင်မလေး
ချစ်သူတို့ဘဝဆိုတာ လူငယ်တွေအတွက်တော့ ပျော်ဖို့ အကောင်းဆုံးအချိန်၊ အနာဂတ်အရေး စိတ်ကူးယဉ်ဖို့ အကောင်းဆုံးအချိန်ပါဘဲ။ ဒါပေမယ့် နည်းနည်းလေး အရွယ်ရောက်လာတဲ့အခါ အချစ်ဟာ စိတ်ကူးယဉ် တိုက်အိမ်ဆောက်နေရုံနဲ့ မပြီးဘူးဆိုတာ သိရှိကြပြီး၊ လိုအပ်ချက်တွေ၊ လိုချင်တာတွေနဲ့ယှဉ်ကာ အသိဉာဏ်နဲ့ ပိုင်းခြား ဆင်ခြင်ကြပါတယ်။
အခုလည်း အမျိုးသမီးတစ်ယောက်ဟာ (၁၄)နှစ်ကြာ အောင့်အည်းသည်းခံ လက်တွဲခဲ့တဲ့ ကောင်လေးကို ပြစ်ချက်တွေနဲ့ အကြောင်းပြပြီး လမ်းခွဲလိုက်ပါသတဲ့။ မလေးရှားအမျိုးသမီးဖြစ်ပြီး၊ UTAR (University Tunku Abdul Rahman) ကနေ ဘွဲ့ရထားသူပါ။ သူမဟာ ကာလရှည် လက်တွဲခဲ့တဲ့ချစ်သူကို ဘာကြောင့် စွန့်ပစ်ခဲ့ရသလဲဆိုတာ ရှင်းပြခဲ့ပါတယ်။
သူမရဲ့ ချစ်သူဟောင်း ကောင်လေးက အလွန်ကပ်စေးနည်းပါသတဲ့။ နောက်ပြီး အနာဂတ်ရည်မှန်းချက်ဆိုတာလည်း မရှိဘဲ၊ ဘဝကို ပေါ့ပေါ့ပဲ ဖြတ်သန်းချင်တဲ့လူ ဖြစ်နေပါသတဲ့။ လူတစ်ယောက်ဟာ ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတာထက်၊ ဘဝအတွက် ရွေးချယ်တဲ့အခါ အနာဂတ်ရည်မှန်းချက်ကို စိတ်ပါဝင်စားနေဖို့က အလွန်အရေးကြီးပါတယ်။
နောက်ပြီး သူမရဲ့ အနာဂတ်လမ်းတွေကိုလည်း ကောင်လေးက လိုက်လံပိတ်ပင်လေ့ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် အမည်ဖော်ပြမထားတဲ့ သူမဟာ အသက်(၂၈)နှစ်တောင် ရှိနေပါပြီ။ ဆိုရရင် ဒီကောင်လေးနဲ့ သူမက သူမအသက် (၁၄)နှစ်ကတည်းက စတွဲခဲ့တာလို့ ဆိုရမှာပါ။
သူမက “ ကျွန်မ ကောင်လေးက ကျွန်မအပေါ်မှာ အတော်လေး ကောင်းတဲ့သူပါ … ကြင်နာတတ်ပေမယ့် သူ့မှာ အနာဂတ်ရည်မှန်းချက် မရှိဘူး … အလယ်တန်းကျောင်းတွေ တက္ကသိုလ်တွေ အတူတူ ဖြတ်သန်းခဲ့တဲ့တစ်လျှောက် … ဈေးသင့်တဲ့ အစားအစာတွေကို စားဖို့ စိတ်တောင် မကူးရဲဘူး … အခုဆိုရင် ကျွန်မ (၅)နှစ်တာအတွင်း အလုပ်ရဲ့ တန်ဖိုးကို သိခဲ့ပြီးပြီ .. ကျွန်မ ဘဝကို ဒီထက်ပိုနေပျော်ချင်တယ် .. အသစ်အဆန်းတွေအကြောင်းကိုလည်း သိချင်တယ် ”လို့ ပြောခဲ့ပါတယ်။
သူမက ဆက်လက်ရှင်ပြချက်အရ သူတို့စုံတွဲဟာ လည်ချင်ရင်တောင်မှ ကောင်လေးက ကပ်စေးနည်းတော့ ခြေလျှင်သာ လျှောက်လည်ရလေ့ရှိကြောင်း၊ ဆာတဲ့အခါမှာ တစ်ပန်းကန်ထဲ အတူစားကြပြီး၊ အရင်ကတော့ ဒါကို ရိုမက်တစ်ဆန်တယ်လို့ ထင်ခဲ့မိကြောင်း၊ တစ်ခါ ချိန်းတွေ့တိုင်း (၈)ရင်းဂစ်လောက်သာ ကုန်ကြောင်း၊ ချစ်သူများနေလို့ နေ့ထူးနေ့မြတ်မှာတောင် ကိုယ့်စာရိတ် ကိုယ်သုံးပြီး၊ စားသောက်ရတာမျိုးရှိကြောင်း၊ လက်ဆောင်လည်း မရခဲ့ဖူးဘူးလို့ ပြောပါတယ်။
ဒါပေမယ် တက္ကသိုလ်ကျောင်းသူဘဝမှာလည်း သူနဲ့ အတူရှိနေချိန်တွေကို ချစ်စရာ ပျော်စရာလို့ ထင်ခဲ့ပါသတဲ့။ ဒါပေမယ့် ကိုယ်ပိုင်အလုပ်တွေ ရှာနိုင်ခဲ့ချိန်မှာတောင် သူများစုံတွဲတွေ လုပ်လေ့ရှိတဲ့ ရုပ်ရှင်အတူကြည့်ခြင်း၊ သီချင်းဆိုခြင်းတွေကို တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူးတဲ့။ ပြီးခဲ့တဲ့နှစ်က သူမ ကားဝယ်ခဲ့ပြီး၊ တကယ် ဈေးကြီးတဲ့ စားသောက်ဆိုင်ကို သူ့ကို ခေါ်သွားခဲ့ပါတယ်။
အဲဒီမှာ သူက ဘာမှ မှာယူစားသောက်ခြင်းမပြုဘဲ ဈေးကြီးလွန်းတယ်လို့ ပြောခဲ့ပါသတဲ့။ အဲဒီနောက်မှာတော့ သူမဟာ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး နှစ်ယောက်သား အော်ကြီးဟစ်ကျယ် စကားများကြပါတော့တယ်။ သူကတော့ အခုလို ချွေတာခြင်းဟာ သူတို့ အနာဂတ်အတွက်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ယောက်သား အခေါ်အပြော နည်းသွားပါတယ်။
အဲဒီနောက်မှာတော့ သူမတို့ နေထိုင်တဲ့ Kemper ကနေ ကွာလာလမ်ပူကို သူမကောင်လေး ပိတ်ပင်နေတဲ့ကြားက အလုပ်လုပ်ဖို့ ထွက်လာခဲ့ပါတယ်။ နောက်တော့ ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ အချစ်ရေးမို့ သူမက အပြီးတိုင် ဖျက်သိမ်းခဲ့ပါတယ်တဲ့။ ဝေဖန်သူတွေကတော့ နှစ်ခြမ်းကွဲနေပြီး၊ တစ်ချို့ကလည်း ဒီလောက် လက်တွဲလာပြီးမှ ကိုယ့်အတ္တအတွက် ကောင်လေးကို ထားခဲ့တယ်ဆိုတာ မဖြစ်နိုင်ကြောင်း၊ တစ်ချို့ကလည်း ဘယ်သူ့ဘက်ကမှ မမှားဘူးလို့ ပြောခဲ့ပါတယ်။
Credit:လင်းလင်း (ShweMom)


မှတ်ချက်များ