ျပင္သစ္မွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦီး ေခြးအုပ္ဝိုင္းကိုက္သတ္ခံရတာေၾကာင့္ ေသဆုံး
Zawgyi ျဖင့္ဖတ္ရန္
ျပင္သစ္ႏိုင္ငံ ေျမာက္ပိုင္းက သစ္ေတာအတြင္း အမဲလိုက္ရာသီမွာ ေခြးေတြနဲ႔ အမဲလိုက္တာေတြ ရွိေနတဲ့ အခ်ိန္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးကို ေခြးအုပ္တစ္အုပ္က ဝိုင္းကိုက္သတ္လို႔ ေသဆုံးေၾကာင္း စုံစမ္းေရးတာဝန္ရွိသူေတြက ေျပာပါတယ္။
ေသဆုံးသူ ကိုယ္ဝန္သည္ဟာ အသက္ ၂၉ ႏွစ္ရွိၿပီး သူ ေမြးထားတဲ့ ေခြးေတြနဲ႔ အတူ လမ္းေလွ်ာက္ထြက္ရာ ဗီလာေကာ့တာရတ္ၿမိဳ႕နားမွာ ေခြးတစ္အုပ္ရဲ႕ ဝိုင္းကိုက္တာကို ခံရၿပီး ေသဆုံးတာ ျဖစ္ပါတယ္။
ေသဆုံးသူ ကိုယ္ဝန္ေဆာင္ဟာ ေခြးတစ္အုပ္က သူကို ဝိုင္းကိုက္ဖို႔ ရန္မူေနတာေၾကာင့္ ေၾကာက္ေနတယ္လို႔ သူ႔ ခင္ပြန္းျဖစ္သူဆီ ဖုန္းဆက္ခဲ့ပါေသးတယ္။ အဲဒီေနာက္မွာ ခင္ပြန္းျဖစ္သူက လိုက္လံရွာေဖြရာမွာ သူတို႔ ေမြးထားတဲ့ ေခြးေတြရဲ႕ တအီအီ ညည္းတြားေအာ္သံကို ေနာက္ေယာင္ခံလိုက္ရင္း သူ႔ဇနီးရဲ႕ ႐ုပ္အေလာင္းကို ေတြ႕ရွိတာလို႔ ရဲက ေျပာပါတယ္။
ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးရဲ႕ ေျခေတြလက္ေတြနဲ႔ ဦီးေခါင္းမွာ ေခြးကိုက္ခံထားရတဲ့ ဒဏ္ရာေတြ ေတြ႕ေၾကာင္း တာဝန္ရွိသူေတြက ေျပာၿပီး အခု ေခြးကိုက္သတ္ခံရတဲ့ အမႈနဲ႔ ပတ္သက္ၿပီး အနီးဝန္းက်င္က ၉၃ ေကာင္ကို ကိုက္သတ္ၾကရာမွာ ပါမပါ စစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။
အဲဒီ စစ္ေဆးတဲ့အထဲမွာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးအတူ လမ္းေလွ်ာက္ထြက္ခဲ့တဲ့ ေခြးငါးေကာင္လည္း ပါဝင္တယ္လို႔ သိရၿပီး အမႈကို လူေသမႈနဲ႔ အမႈဖြင့္ထားတယ္လို႔ ရဲက ေျပာပါတယ္။
အခု အခင္း ျဖစ္ပြားရာ ဧရိယာနားမွာ အမဲလိုက္ေခြးတစ္အုပ္နဲ႔ သမင္လိုက္ေနတဲ့ အခ်ိန္ပဲ ျဖစ္တယ္လို႔ ျပည္တြင္းမီဒီယာေတြက ေဖာ္ျပပါတယ္။
အခု အမဲလိုက္ရာသီကို ခြင့္ျပဳထားတာကို ခ်က္ခ်င္း တားျမစ္မိန႔္ ထုတ္ဖို႔ တိရစာၦန္ေရးရာ ေဖာင္ေဒးရွင္းတစ္ခုက ျပင္သစ္တာဝန္ရွိသူေတြကို တိုက္တြန္းခ်က္ ထုတ္ခဲ့ပါတယ္။
ျပင္သစ္ အမဲလိုက္ အဖြဲ႕အစည္းကေတာ့ အဲဒီ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးကို ကိုက္သတ္တဲ့ ေခြးေတြမွာ အမဲလိုက္ေခြးေတြ ပါတဲ့ သက္ေသမရွိဘူးဆိုၿပီး ေျပာဆိုခဲ့ပါတယ္။
Writer- ေမာင္သံဆင့္(XYZ News)
Unicode ဖြင့်ဖတ်ရန်
ပြင်သစ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦီး ခွေးအုပ်ဝိုင်းကိုက်သတ်ခံရတာကြောင့် သေဆုံး
ပြင်သစ်နိုင်ငံ မြောက်ပိုင်းက သစ်တောအတွင်း အမဲလိုက်ရာသီမှာ ခွေးတွေနဲ့ အမဲလိုက်တာတွေ ရှိနေတဲ့ အချိန် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ခွေးအုပ်တစ်အုပ်က ဝိုင်းကိုက်သတ်လို့ သေဆုံးကြောင်း စုံစမ်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူ ကိုယ်ဝန်သည်ဟာ အသက် ၂၉ နှစ်ရှိပြီး သူ မွေးထားတဲ့ ခွေးတွေနဲ့ အတူ လမ်းလျှောက်ထွက်ရာ ဗီလာကော့တာရတ်မြို့နားမှာ ခွေးတစ်အုပ်ရဲ့ ဝိုင်းကိုက်တာကို ခံရပြီး သေဆုံးတာ ဖြစ်ပါတယ်။
သေဆုံးသူ ကိုယ်ဝန်ဆောင်ဟာ ခွေးတစ်အုပ်က သူကို ဝိုင်းကိုက်ဖို့ ရန်မူနေတာကြောင့် ကြောက်နေတယ်လို့ သူ့ ခင်ပွန်းဖြစ်သူဆီ ဖုန်းဆက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာ ခင်ပွန်းဖြစ်သူက လိုက်လံရှာဖွေရာမှာ သူတို့ မွေးထားတဲ့ ခွေးတွေရဲ့ တအီအီ ညည်းတွားအော်သံကို နောက်ယောင်ခံလိုက်ရင်း သူ့ဇနီးရဲ့ ရုပ်အလောင်းကို တွေ့ရှိတာလို့ ရဲက ပြောပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ခြေတွေလက်တွေနဲ့ ဦီးခေါင်းမှာ ခွေးကိုက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ကြောင်း တာဝန်ရှိသူတွေက ပြောပြီး အခု ခွေးကိုက်သတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး အနီးဝန်းကျင်က ၉၃ ကောင်ကို ကိုက်သတ်ကြရာမှာ ပါမပါ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
အဲဒီ စစ်ဆေးတဲ့အထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးအတူ လမ်းလျှောက်ထွက်ခဲ့တဲ့ ခွေးငါးကောင်လည်း ပါဝင်တယ်လို့ သိရပြီး အမှုကို လူသေမှုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲက ပြောပါတယ်။
အခု အခင်း ဖြစ်ပွားရာ ဧရိယာနားမှာ အမဲလိုက်ခွေးတစ်အုပ်နဲ့ သမင်လိုက်နေတဲ့ အချိန်ပဲ ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
အခု အမဲလိုက်ရာသီကို ခွင့်ပြုထားတာကို ချက်ချင်း တားမြစ်မိန့် ထုတ်ဖို့ တိရစ္ဆာန်ရေးရာ ဖောင်ဒေးရှင်းတစ်ခုက ပြင်သစ်တာဝန်ရှိသူတွေကို တိုက်တွန်းချက် ထုတ်ခဲ့ပါတယ်။
ပြင်သစ် အမဲလိုက် အဖွဲ့အစည်းကတော့ အဲဒီ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကိုက်သတ်တဲ့ ခွေးတွေမှာ အမဲလိုက်ခွေးတွေ ပါတဲ့ သက်သေမရှိဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။
Writer- မောင်သံဆင့်(XYZ News)
မှတ်ချက်များ