ေမတို႔ သိထားရမယ့္ ဓမၼတာလာခ်ိန္ ဂ႐ုစိုက္သင့္တဲ့ တစ္ကိုယ္ရည္သန႔္ရွင္းေရး
Zawgyi ျဖင့္ဖတ္ရန္
လစဥ္ပုံမွန္ႀကဳံေတြ႕ရတဲ့ ဓမၼတာလာတာဟာ ပ်ိဳေမတိုင္း ေရွာင္လႊဲလို႔မရတဲ့ သဘာဝျဖစ္စဥ္တခုပါ။ ရာသီေသြးဆင္းတဲ့ကိစၥဟာ ရွက္စရာေကာင္းတဲ့ကိစၥလည္း မဟုတ္သလို ညစ္ညမ္းတဲ့ကိစၥလည္း မဟုတ္ေပမယ့္ ရာသီလာစဥ္အခ်ိန္ အေတာအတြင္းမွာေတာ့ တကိုယ္ရည္သန႔္ရွင္းေရးကို ပုံမွန္ထက္ ပိုဂ႐ုစိုက္ေပးသင့္ပါတယ္။တကိုယ္ရည္သန႔္ရွင္းေရးအတြက္ ဘယ္လိုမ်ိဳး ဂ႐ုစိုက္ေပးရမလဲဆိုတဲ့ အခ်က္ေတြကေတာ့-
(၁) ေရခပ္ေႏြးေႏြးေလးနဲ႔ေရခ်ိဳးပါ
ရာသီလာစဥ္မွာ တကိုယ္ရည္သန႔္ရွင္းေရးဟာ အေရးႀကီးတာေၾကာင့္ ေရကိုပုံမွန္ခ်ိဳးေပးသင့္ပါတယ္။ ရာသီဥတုေအးတယ္ဆိုရင္ေတာ့ ေရခပ္ေႏြးေႏြးေလးနဲ႔ ခ်ိဳးေပးသင့္ၿပီး ဒီလိုေရေႏြးနဲ႔စပ္ၿပီး ေရခ်ိဳးေပးျခင္းဟာ ခႏၶာကိယ္သန႔္ရွင္းေရးအတြက္သာမက ရာသီလာစဥ္ နာက်င္ကိုက္ခဲျခင္းကိုပါ သက္သာေစႏိုင္ပါတယ္။
(၂) မိန္းမကိုယ္သန႔္ရွင္းေရးကို ဂ႐ုစိုက္ပါ
ရာသီလာေနစဥ္မွာ မိန္းမကိုယ္သန႔္ရွင္းေရးအတြက္ ႐ိုး႐ိုးေရခ်ိဳးဆပ္ျပာ၊ ကိုယ္တိုက္ဆပ္ျပာေတြနဲ႔ ေဆးေၾကာသန႔္ရွင္းျခင္းမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။ မိန္းမကိုယ္ဟာ ႏုနယ္ၿပီး ထိခိုက္လြယ္တဲ့ အစိတ္အပိုင္းျဖစ္တာေၾကာင့္ အမ်ိဳးသမီးသန႔္စင္ေဆးရည္ေတြကို အသုံးျပဳၿပီးေတာ့ျဖစ္ျဖစ္ ဒါမွမဟုတ္ ေရခပ္ေႏြးေႏြးေလးနဲ႔ျဖစ္ျဖစ္ အသုံးျပဳၿပီး ေဆးေၾကာသန႔္ရွင္းသင့္ပါတယ္။
လစဥ္သုံးပစၥည္းကို အနည္းဆုံး တေန႔ႏွစ္ႀကိမ္ေလာက္ လဲလွယ္ေပးသင့္ပါတယ္။ ရာသီေသြးနဲ႔စိုစြတ္ေနမယ္ဆိုရင္ ျပင္ပဘက္တီးရီးယားေတြကေနတဆင့္ ဆီးလမ္းေၾကာင္း ပိုးဝင္တာ၊ အေရျပားယားယံ ေရာင္ရမ္းတာေတြနဲ႔ အေရျပားပြန္းတာမ်ိဳးေတြ ျဖစ္ေပၚႏိုင္ပါတယ္။
(၄) ေဆးေၾကာနည္းပုံစံကို သတိျပဳပါ
မိန္းမကိုယ္ေဆးေၾကာတဲ့အခါမွာဆိုရင္လည္း အေရွ႕ကေန အေနာက္ကို ေဆးေၾကာတဲ့ပုံစံမ်ိဳးနဲ႔ ေဆးေၾကာသင့္ၿပီး စအိုကေန မိန္းမကိုယ္ဘက္ကို ေဆးေၾကာတဲ့ ပုံစံဟာ ဘက္တီးရီးယားေတြေၾကာင့္ ဆီးလမ္းေၾကာင္းပိုးဝင္တာမ်ိဳးကို ျဖစ္ေပၚေစႏိုင္ပါတယ္။
Credit: aunty may
Unicode ဖြင့်ဖတ်ရန်
မေတို့ သိထားရမယ့် ဓမ္မတာလာချိန် ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး
လစဉ်ပုံမှန်ကြုံတွေ့ရတဲ့ ဓမ္မတာလာတာဟာ ပျိုမေတိုင်း ရှောင်လွှဲလို့မရတဲ့ သဘာဝဖြစ်စဉ်တခုပါ။ ရာသီသွေးဆင်းတဲ့ကိစ္စဟာ ရှက်စရာကောင်းတဲ့ကိစ္စလည်း မဟုတ်သလို ညစ်ညမ်းတဲ့ကိစ္စလည်း မဟုတ်ပေမယ့် ရာသီလာစဉ်အချိန် အတောအတွင်းမှာတော့ တကိုယ်ရည်သန့်ရှင်းရေးကို ပုံမှန်ထက် ပိုဂရုစိုက်ပေးသင့်ပါတယ်။တကိုယ်ရည်သန့်ရှင်းရေးအတွက် ဘယ်လိုမျိုး ဂရုစိုက်ပေးရမလဲဆိုတဲ့ အချက်တွေကတော့-
(၁) ရေခပ်နွေးနွေးလေးနဲ့ရေချိုးပါ
ရာသီလာစဉ်မှာ တကိုယ်ရည်သန့်ရှင်းရေးဟာ အရေးကြီးတာကြောင့် ရေကိုပုံမှန်ချိုးပေးသင့်ပါတယ်။ ရာသီဥတုအေးတယ်ဆိုရင်တော့ ရေခပ်နွေးနွေးလေးနဲ့ ချိုးပေးသင့်ပြီး ဒီလိုရေနွေးနဲ့စပ်ပြီး ရေချိုးပေးခြင်းဟာ ခန္ဓာကိယ်သန့်ရှင်းရေးအတွက်သာမက ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကိုပါ သက်သာစေနိုင်ပါတယ်။
(၂) မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ပါ
ရာသီလာနေစဉ်မှာ မိန်းမကိုယ်သန့်ရှင်းရေးအတွက် ရိုးရိုးရေချိုးဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာတွေနဲ့ ဆေးကြောသန့်ရှင်းခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ မိန်းမကိုယ်ဟာ နုနယ်ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် အမျိုးသမီးသန့်စင်ဆေးရည်တွေကို အသုံးပြုပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ် ရေခပ်နွေးနွေးလေးနဲ့ဖြစ်ဖြစ် အသုံးပြုပြီး ဆေးကြောသန့်ရှင်းသင့်ပါတယ်။
လစဉ်သုံးပစ္စည်းကို အနည်းဆုံး တနေ့နှစ်ကြိမ်လောက် လဲလှယ်ပေးသင့်ပါတယ်။ ရာသီသွေးနဲ့စိုစွတ်နေမယ်ဆိုရင် ပြင်ပဘက်တီးရီးယားတွေကနေတဆင့် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အရေပြားယားယံ ရောင်ရမ်းတာတွေနဲ့ အရေပြားပွန်းတာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။
(၄) ဆေးကြောနည်းပုံစံကို သတိပြုပါ
မိန်းမကိုယ်ဆေးကြောတဲ့အခါမှာဆိုရင်လည်း အရှေ့ကနေ အနောက်ကို ဆေးကြောတဲ့ပုံစံမျိုးနဲ့ ဆေးကြောသင့်ပြီး စအိုကနေ မိန်းမကိုယ်ဘက်ကို ဆေးကြောတဲ့ ပုံစံဟာ ဘက်တီးရီးယားတွေကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Credit: aunty may


မှတ်ချက်များ