

Zawgyiဖြင့်ဖတ်ရန်



မိမိတွင်ကိုယ်ဝန်ရှိနေသဖြင့် သမီးဖြစ်သူကိုးတန်းကျောင်းသူ မ(………..)အားမေုးမန်းကြည့်ရာအစ်ကိုဖြစ်သူမှ နိုဝင်ဘာ ၂ရက်နေ့ညနေကအရက်မူးလာစဉ်အမေမရှိခိုက် ထမင်းချက်နေသော၎င်အားဓားဖြင့်ထောက်ကာမီးဖိုချောင်တွင်သားမယားပြုကျင့်ခဲ့ကြောင်း ဘယ်သူ့မှမပြောနှင့်ပြောလျှင်သတ်ပစ်မည်ဟုပြောသဖြင့်မိခင်ဖြစ်သူအားမပြောပြခဲ့ကြောင်းဟုသိရသည်။



Credit:သတင်းစဉ်

Unicodeဖြင့်ဖတ်ရန်

သားဖြစ်သူမှမိခင်နှင့်ညီမအားသားမယားပြုကျင့်မိခင်တွင်ကိုယ်ဝန်ရှိနေ”

မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၊ သရက်တောကျေးရွာတွင်သားအရင်းဖြစ်သူမှမိခင်နှင့်ကိုးတန်းအရွယ်ညီမဖြစ်သူအားအကြိမ်ကြိမ်သားမယားပြုကျင့်သဖြင့်မိခင်ဖြစ်သူတွင်သားဖြစ်သူ၏ကိုယ်ဝန် ၂လရှိနေပြီဖြစ်ကြောင်းသိရသည်။

ပြစ်မူကျူးလွန်သူ ဇော်မင်းထွန်း(၂၀)နှစ်ပွင့်ဖြူမြို့နယ်၊သရက်တောကျေးရွာနေသူဖြစ်ပြီးမိခင်အရင်းဖြစ်သူအားလွန်ခဲ့သော၃လခန့်မှစတင်ကာ အရက်မူးလာတိုင်းဓားဖြင့်ခြိမ်းခြောက်ပြီးသားမယားအဖြစ် ၂ရက်ခြားတစ်ကြိမ်၊ ၃ရက်ခြားတစ်ကြိမ်ပြုကျင့်ကြောင်း မိခင်ဖြစ်သူမှရှက်လွန်း၍မည်သူ့မှထုတ်ဖော်မပြောဆိုခဲ့ကြောင်း ၂၀၁၉နိုဝင်ဘာ၁၆ရက်နေ့တွင်မသကာ်၍ဆေးခန်းသွားပြစဉ်ကိုယ်ဝန်၂လရှိနေပြီဖြစ်ကြောင်းသိရသည်။

မိမိတွင်ကိုယ်ဝန်ရှိနေသဖြင့် သမီးဖြစ်သူကိုးတန်းကျောင်းသူ မ(………..)အားမေးုမန်းကြည့်ရာအစ်ကိုဖြစ်သူမှ နိုဝင်ဘာ ၂ရက်နေ့ညနေကအရက်မူးလာစဉ်အမေမရှိခိုက် ထမင်းချက်နေသော၄င်အားဓားဖြင့်ထောက်ကာမီးဖိုချောင်တွင်သားမယားပြုကျင့်ခဲ့ကြောင်း ဘယ်သူ့မှမပြောနှင့်ပြောလျှင်သတ်ပစ်မည်ဟုပြောသဖြင့်မိခင်ဖြစ်သူအားမပြောပြခဲ့ကြောင်းဟုသိရသည်။

မိခင်အရင်းဖြစ်သူနှင့်ကိုးတန်းကျောင်းသူညီမဖြစ်သူအားသားမယာပြုကျင့်သူ ဇော်မင်းထွန်း(၂၀)နှစ်အားမိခင်ဖြစ်သူဒေါ်(………)မှအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့်ပွင့်ဖြူမြို့မရဲစခန်းကအမူဖွင့်လှစ်စစ်ဆေးလျက်ရှိပြီးတရားခံမှာထွက်ပြေးလွတ်မြောက်နေကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်သရက်တောကျေးရွာနေ ဒေါ်(………)တွင်လွန်ခဲ့သော၂နှစ်ခန့်တွင်ခင်ပွန်းဖြစ်သူဆုံးသွားခဲ့၍အိမ်ထောင်ဆက်မပြုဘဲ သားသမီးနှစ်ဦးဖြင့်နေထိုင်ခဲ့ပြီး တောင်သူအလုပ်ဖြင့်အသက်မွေးကြောင်းသိရသည်။လက်ရှိတွင်ပြစ်မူကျူးလွန်သူအားတိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာအပူတပြင်းလိုက်ရှာနေသဖြင့် သတင်းဌာနများသို့မဖြေဆိုနိုင်သေးကြောင်းတာဂန်ရှိသူတစ်ဦးမှနေ့စဉ်သတင်းသို့ပြောကြားသည်။

Credit:သတင်းစဉ်

မှတ်ချက်များ