ဗစ္တိုးရီယားအမႈ မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉးႏွင့္ မႈခင္းဆရာဝန္ကို စစ္ေဆး
Zawgyi ျဖင့္ဖတ္ရန္
မူႀကိဳေက်ာင္းသူေလး ဗစ္တိုးရီးယားအမႈအတြက္ ႏိုဝင္ဘာ၂၀ ရက္ေန႔က ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္ တရား႐ုံးမွာ ၁၁ ႀကိမ္ေျမာက္ ႐ုံးထုတ္ခဲ့ၿပီး မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္နဲ႔ မႈခင္းဆရာဝန္ကို စစ္ေဆးခဲ့ပါတယ္။
ေရွ႕ေနေဒၚ႐ြက္ႏုေအာင္က “ဒီေန႔ ပထမဦးဆုံးစစ္တာက မႈခင္းဆရာဝန္ကိုစစ္တယ္။ ဒုတိယပိုင္းကေတာ့ ဆရာမ ေဒၚဥမၼာလႈိင္ေပါ့။ ဒါေပမယ့္မၿပီးဘူးေပါ့။ မၿပီးပဲနဲ႔က်မတို႔က ေနာက္႐ုံးခ်ိန္းမွာ တခါျပန္ၿပီးေတာ့ ဆက္ၿပီးစစ္မယ့္သေဘာေပါ့။” လို႔ ေျပာပါတယ္။
ဒါ့အျပင္ မႈခင္းဆရာဝန္ကိုစစ္ေမးတာနဲ႔ပတ္သက္လို႔လည္း ေဒၚ႐ြက္ႏုေအာင္က “မႈခင္းဆရာဝန္ကေတာ့ rape case ေတြမွာျဖစ္ေလ့ျဖစ္ထားရွိတဲ့အေျခအေနေလးေတြကို ေဆးစာမွာေပၚေနေလ့ရွိတယ္ေလ။ ဥပမာ သုပ္ပိုးေတြ႕တာတို႔၊ ပြန္းရွဒဏ္ရာရွိတယ္ဘာညာ အဲဒါေတြကေတာ့ ဆရာဝန္က သူ႔ေဆးစာမွာပါတဲ့တိုင္း ထြက္ဆိုခ်က္ေပးသြားတာေပါ့။ ဒါေပမယ့္ ေရွ႕ေနေဒၚစုဒါလီေအာင္တို႔ဘက္ အျပန္အလွန္စစ္ေမးတဲ့အခါက်ေတာ့ ဒီေဆးစာႀကီးက ေဆးစာေပ်ာက္သြားတဲ့အတြက္ မိတၱဴလာေလွ်ာက္ခဲ့တယ္ဆိုတဲ့ အေျခအေနတခုကေတာ့ ထူးထူးျခားျခားဆရာဝန္ႀကီးထြက္ဆိုသြားတာတခုရွိတယ္။ ေနာက္တခုက ပလိပ္ျပားေပါ့။ ဒီစီအိုင္ဒီကေနၿပီးမွ တျခား rape case ေတြမွာ ဒီဟာကိုသိမ္းယူခဲ့တာမရွိဘူး။ ဒါေပမယ့္လည္း ဒီအမႈမွာ ထူးထူးျခားျခားဒီဟာႀကီးကိုသိမ္းသြားတာမ်ိဳးရွိတယ္ေပါ့ေနာ္။ အဲဒါေလးေတြ ထြက္သြားတာရွိတယ္။ ေနာက္ၿပီးေတာ့ ကေလးေလးက HIV ေဆးေပးရတာရွိတယ္။ ေနာက္ၿပီးေတာ့ ကေလးအထူးကုေဆး႐ုံးမွာလည္း ေဆး ON ရတာေတြရွိတယ္ဆိုတဲ့ဟာေပါ့။ အဲဒါေလးေတြကိုေတာ့ထြက္ဆိုသြားတာရွိပါတယ္။ ”
ဒါ့အျပင္ ၿပီးခဲ့တဲ့အပတ္႐ုံးခ်ိန္းတုန္းက ႐ုံးေတာ္ကိုတင္ျပခဲ့တဲ့ hard Disk နဲ႔ DVR စက္ထဲမွာရွိတဲ့ မွတ္တမ္းပ်က္ရတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး ေဖာ္ထုတ္ဖို႔ ဒီကေန႔ ႐ုံးေတာ္ကိုတင္ျပရာမွာ ႐ုံးေတာ္က လက္ခံခဲ့တယ္လို႔လည္း ေျပာပါတယ္။
ဗစ္တိုးရီးယားအမႈနဲ႔ပတ္သက္လို႔ လာမယ့္ဒီဇင္ဘာလ ၄ ရက္ေန႔မွာ ႐ုံးခ်ိန္း ျပန္ခ်ိန္းဆိုထားၿပီး ေဒၚဥမၼာလႈိင္ကို ဆက္လက္စစ္ေဆးမွာရွိသလို Wisdom Hill ေက်ာင္းက ဆရာမ ႏွစ္ေယာက္ကိုလည္း စစ္ေဆးဖို႔ ရွိေနပါတယ္။
Credti: DVB
Unicode ဖြင့်ဖတ်ရန်
ဗစ်တိုးရီယားအမှု မူကြိုကျောင်း ကြီးကြပ်ရေးမှူးနှင့် မှုခင်းဆရာဝန်ကို စစ်ဆေး
မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအမှုအတွက် နိုဝင်ဘာ၂၀ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ မှုခင်းဆရာဝန်ကို စစ်ဆေးခဲ့ပါတယ်။
ရှေ့နေဒေါ်ရွက်နုအောင်က “ဒီနေ့ ပထမဦးဆုံးစစ်တာက မှုခင်းဆရာဝန်ကိုစစ်တယ်။ ဒုတိယပိုင်းကတော့ ဆရာမ ဒေါ်ဥမ္မာလှိုင်ပေါ့။ ဒါပေမယ့်မပြီးဘူးပေါ့။ မပြီးပဲနဲ့ကျမတို့က နောက်ရုံးချိန်းမှာ တခါပြန်ပြီးတော့ ဆက်ပြီးစစ်မယ့်သဘောပေါ့။” လို့ ပြောပါတယ်။
ဒါ့အပြင် မှုခင်းဆရာဝန်ကိုစစ်မေးတာနဲ့ပတ်သက်လို့လည်း ဒေါ်ရွက်နုအောင်က “မှုခင်းဆရာဝန်ကတော့ rape case တွေမှာဖြစ်လေ့ဖြစ်ထားရှိတဲ့အခြေအနေလေးတွေကို ဆေးစာမှာပေါ်နေလေ့ရှိတယ်လေ။ ဥပမာ သုပ်ပိုးတွေ့တာတို့၊ ပွန်းရှဒဏ်ရာရှိတယ်ဘာညာ အဲဒါတွေကတော့ ဆရာဝန်က သူ့ဆေးစာမှာပါတဲ့တိုင်း ထွက်ဆိုချက်ပေးသွားတာပေါ့။ ဒါပေမယ့် ရှေ့နေဒေါ်စုဒါလီအောင်တို့ဘက် အပြန်အလှန်စစ်မေးတဲ့အခါကျတော့ ဒီဆေးစာကြီးက ဆေးစာပျောက်သွားတဲ့အတွက် မိတ္တူလာလျှောက်ခဲ့တယ်ဆိုတဲ့ အခြေအနေတခုကတော့ ထူးထူးခြားခြားဆရာဝန်ကြီးထွက်ဆိုသွားတာတခုရှိတယ်။ နောက်တခုက ပလိပ်ပြားပေါ့။ ဒီစီအိုင်ဒီကနေပြီးမှ တခြား rape case တွေမှာ ဒီဟာကိုသိမ်းယူခဲ့တာမရှိဘူး။ ဒါပေမယ့်လည်း ဒီအမှုမှာ ထူးထူးခြားခြားဒီဟာကြီးကိုသိမ်းသွားတာမျိုးရှိတယ်ပေါ့နော်။ အဲဒါလေးတွေ ထွက်သွားတာရှိတယ်။ နောက်ပြီးတော့ ကလေးလေးက HIV ဆေးပေးရတာရှိတယ်။ နောက်ပြီးတော့ ကလေးအထူးကုဆေးရုံးမှာလည်း ဆေး ON ရတာတွေရှိတယ်ဆိုတဲ့ဟာပေါ့။ အဲဒါလေးတွေကိုတော့ထွက်ဆိုသွားတာရှိပါတယ်။ ”
ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ရုံးချိန်းတုန်းက ရုံးတော်ကိုတင်ပြခဲ့တဲ့ hard Disk နဲ့ DVR စက်ထဲမှာရှိတဲ့ မှတ်တမ်းပျက်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဖော်ထုတ်ဖို့ ဒီကနေ့ ရုံးတော်ကိုတင်ပြရာမှာ ရုံးတော်က လက်ခံခဲ့တယ်လို့လည်း ပြောပါတယ်။
ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ လာမယ့်ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရုံးချိန်း ပြန်ချိန်းဆိုထားပြီး ဒေါ်ဥမ္မာလှိုင်ကို ဆက်လက်စစ်ဆေးမှာရှိသလို Wisdom Hill ကျောင်းက ဆရာမ နှစ်ယောက်ကိုလည်း စစ်ဆေးဖို့ ရှိနေပါတယ်။
Credti: DVB


မှတ်ချက်များ