Zawgyi ျဖင့္ဖတ္ရန္
ေဈးက ဝယ္လာတဲ့ ငါးကေတာ္ေတာ္ညႇီတဲ့ ငါးဆိုရင္ လက္ဖက္ေျခာက္ဖတ္နဲ႔ အတူ ညႇီေနတဲ့ငါးကို အိုးတစ္ခုတည္းထည့္ျပဳပ္လိုက္ပါ။ ငါးညႇီနဲ႔ လုံးဝ ေပ်ာက္သြားပါလိမ့္မယ္။
လက္ဖက္ေျခာက္ဖတ္ေတြကို ေရေအးနဲ႔ေရာၿပီး မွန္ျပတင္းေပါက္ အိမ္သုံးပစည္းနဲ႔ ႐ႊံ႕ေပေနတဲ့ ဘြတ္ဖိနပ္ေတြကို ေဆးေၾကာပြတ္တိုက္ပါ။ ၿပီးမွ အဝတ္သန႔္နဲ႔ ျပန္သုတ္လိုက္ပါ။ သန႔္ၿပီးေတာက္ေျပာင္သြားပါလိမ့္မယ္။
လဖက္ေျခာက္ဖတ္ေတြကို ေရေအးနဲ႔ ေရာစပ္ၿပီး ေျမၾသဇာရည္အျဖစ္ အပင္ေတြကို ေလာင္းေပးႏိုင္ရင္ သဘာဝ ေျမၾသဇာကို ရရွိေစၿပီး အပင္ေတြကို သန္စြမ္း က်န္းမာေစပါတယ္။
လဖက္ေျခာက္ဖတ္ေတြကို အေျခာက္လွမ္းၿပီး ၾကက္ဥနဲ႔ ျပဳပ္စားရင္ ေမႊးႀကိဳင္ၿပီး အရသာ ရွိလွပါတယ္။ လဖက္ေျခာက္ဖတ္ကို အေျခာက္လွမ္းၿပီး မီး႐ိူ႔ရင္ အနံ႔အသက္ဆိုးေတြ ေပ်ာက္တဲ့ အျပင္ ျခင္လည္း ေျပးတယ္ ။ ျခင္ေဆးေခြ အစားထိုးလည္း အသုံးျပဳႏိုင္ပါတယ္။
လဖက္ေျခာက္ဖတ္ေတြကို ေနလွန္းၿပီးေခါင္းအုံးထဲထည့္ ေခါင္းအုံးအိပ္ရင္ ေပ်ာ့ေျပာင္းစြာ အိပ္စက္ရ႐ုံတင္မက အပူကိုပါ က်ေစပါတယ္။ လဖက္ေျခာက္ဖတ္ကို မ်က္ႏွာေပၚ ပြတ္တိုက္ေပးျခင္းျဖင့္လည္း မ်က္ႏွာေပၚရွိ အမဲစက္ တင္းတိတ္မ်ား ေပ်ာက္ကင္းေစပါတယ္။
ျပစ္ရေတာ့မယ့္ လဖက္ေျခာက္ေတြကို အက်ိဳးရွိရွိ သုံးျဖစ္ေစရန္ ရည္႐ြယ္ရင္း မွ်ေဝေပးလိုက္ပါတယ္ရွင္။
ေမတၱာမ်ားျဖင့္
Credit-အကယ္ဒမီ
Unicode ဖြင့်ဖတ်ရန်
ရေနွေးကြမ်းအိုးထဲက လက်ဖက်ခြောက်ဖတ်တွေ မလွှင့်ပစ်ဘဲ သုံးတတ်ရင် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား။
ဈေးက ဝယ်လာတဲ့ ငါးကတော်တော်ညှီတဲ့ ငါးဆိုရင် လက်ဖက်ခြောက်ဖတ်နဲ့ အတူ ညှီနေတဲ့ငါးကို အိုးတစ်ခုတည်းထည့်ပြုပ်လိုက်ပါ။ ငါးညှီနဲ့ လုံးဝ ပျောက်သွားပါလိမ့်မယ်။
လက်ဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ရောပြီး မှန်ပြတင်းပေါက် အိမ်သုံးပစည်းနဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်တွေကို ဆေးကြောပွတ်တိုက်ပါ။ ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ်လိုက်ပါ။ သန့်ပြီးတောက်ပြောင်သွားပါလိမ့်မယ်။
လဖက်ခြောက်ဖတ်တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည်အဖြစ် အပင်တွေကို လောင်းပေးနိုင်ရင် သဘာဝ မြေသြဇာကို ရရှိစေပြီး အပင်တွေကို သန်စွမ်း ကျန်းမာစေပါတယ်။
လဖက်ခြောက်ဖတ်တွေကို အခြောက်လှမ်းပြီး ကြက်ဥနဲ့ ပြုပ်စားရင် မွှေးကြိုင်ပြီး အရသာ ရှိလှပါတယ်။ လဖက်ခြောက်ဖတ်ကို အခြောက်လှမ်းပြီး မီးရိူ့ရင် အနံ့အသက်ဆိုးတွေ ပျောက်တဲ့ အပြင် ခြင်လည်း ပြေးတယ် ။ ခြင်ဆေးခွေ အစားထိုးလည်း အသုံးပြုနိုင်ပါတယ်။
လဖက်ခြောက်ဖတ်တွေကို နေလှန်းပြီးခေါင်းအုံးထဲထည့် ခေါင်းအုံးအိပ်ရင် ပျော့ပြောင်းစွာ အိပ်စက်ရရုံတင်မက အပူကိုပါ ကျစေပါတယ်။ လဖက်ခြောက်ဖတ်ကို မျက်နှာပေါ် ပွတ်တိုက်ပေးခြင်းဖြင့်လည်း မျက်နှာပေါ်ရှိ အမဲစက် တင်းတိတ်များ ပျောက်ကင်းစေပါတယ်။
ပြစ်ရတော့မယ့် လဖက်ခြောက်တွေကို အကျိုးရှိရှိ သုံးဖြစ်စေရန် ရည်ရွယ်ရင်း မျှဝေပေးလိုက်ပါတယ်ရှင်။
မေတ္တာများဖြင့်
Credit-အကယ်ဒမီ
laphatchoutphat-old-1


မှတ်ချက်များ