သင့္ခႏၶာကိုယ္ေပၚက ၾကီးပြားခ်မ္းသာေစမယ့္ မွဲ႕ေတြအေၾကာင္း


Zawgyiျဖင့္ဖတ္ရန္
မွဲ႕ေတြမွာ သူတို႔ရဲ႕အဓိပၸါယ္ကိုယ္စီရွိသလို၊ ရွိေနတဲ့ေနရာကို လုိက္ျပီးေတာ့လည္း အက်ိဳးသက္ေရာက္မႈေတြ ရွိတယ္လို႔ ဆုိၾကပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ သင့္ခႏၶာကိုယ္ေပၚက ၾကီးပြားခ်မ္းသာေစမယ့္ မွဲ႕ေတြအေၾကာင္းပဲျဖစ္ပါတယ္။
(၁) ဆံစပ္
ဆံစပ္မွာရွိတဲ့သူေတြက ခရီးသြား ကံေကာင္းတဲ့သူေတြပါ။ စိတ္ခ်မ္းေျမ့ေပ်ာ္ရႊင္စရာေကာင္းတဲ့ အပန္းေျဖခရီးေတြ၊ ကမၻာလွည့္ခရီးေတြေတာင္ သြားရတဲ့အထိ ကံေကာင္းၾကသူေတြပါ။
(၂) မ်က္ခံုးႏွစ္ခုၾကား
ဒီေနရာမွာ မွည့္ရွိတဲ့သူေတြက ျမန္ျမန္ဆန္ဆန္ ဘဝတိုးတက္မယ့္ လကၡဏာျဖစ္ပါတယ္။ လုပ္ငန္းတစ္ခုခု လုပ္ရင္လညး္ ေအာင္ျမင္မႈကို အျမန္ဆံုးရရွိမယ့္သူေတြ ျဖစ္ပါတယ္။
(၃) မ်က္ခံုးနဲ႔မ်က္ခြံၾကား
ဒီေနရာမွာ မွည့္ရွိတဲ့သူေတြက ေခါင္းေဆာင္ျဖစ္လာမယ့္ သူေတြပါ။
(၄) ႏႈတ္ခမ္းေပၚကမွဲ႕
ႏႈတ္ခမ္းအေပၚမွာ မွဲ႕ရွိတဲ့သူေတြဟာ အဝတ္အစားနဲ႔ အစားအေသာက္ကို အထူးခံုမင္သူေတြပါ။ ေပါင္းသင္း ဆက္ဆံေရးေကာင္းမြန္သူျဖျပီး ထင္ေပၚေက်ာ္ၾကားမယ့္သူပါ။
(၅) ပါးမို႔မို႔ေပၚကမွဲ႕
ဒါကေတာ့ သင္ဟာ ၾသဇာအာဏာရွိတဲ့သူ တစ္ေယာက္ျဖစ္လာျပီး ေအာင္ျမင္တိုးတက္မယ့္သူျဖစ္ပါတယ္။
(၆) လက္ဖဝါး (လက္မေအာက္)
လက္ဖဝါး(လက္မေအာက္) မွာမွဲ႔ရွိရင္ ေငြေၾကးနဲ႔ပတ္သက္ျပီး ဘယ္ေတာ့မွစိတ္ညစ္ရမွာ မဟုတ္ပါဘူး။ ခ်မ္းသာၾကြယ္ဝျပီး ေခါင္းေဆာင္ေနရာမွာ ရပ္တည္ေနရမယ့္သူျဖစ္ပါတယ္။
(၇) ေျခဖဝါး
ေျခဖဝါးမွာ မွဲ႔ရွိတဲ့သူေတြဟာ လုပ္ငန္းေတြမွာေအာင္ျမင္ျပီး ဦးေဆာင္ႏိုင္တဲ့ အရည္အခ်င္းရွိပါတယ္။ ဒါေၾကာင့္ တစ္ခ်ိန္မွာ ဦးေဆာင္သူေတြျဖစ္လာမွာပါ။
Em Em

Unicodeဖြင့်ဖတ်ရန်

သင့်ခန္ဓာကိုယ်ပေါ်က ကြီးပွားချမ်းသာစေမယ့် မှဲ့တွေအကြောင်း

မှဲ့တွေမှာ သူတို့ရဲ့အဓိပ္ပါယ်ကိုယ်စီရှိသလို၊ ရှိနေတဲ့နေရာကို လိုက်ပြီးတော့လည်း အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ ဆိုကြပါတယ်။ ခုဖော်ပြပေးမှာကတော့ သင့်ခန္ဓာကိုယ်ပေါ်က ကြီးပွားချမ်းသာစေမယ့် မှဲ့တွေအကြောင်းပဲဖြစ်ပါတယ်။
(၁) ဆံစပ်
ဆံစပ်မှာရှိတဲ့သူတွေက ခရီးသွား ကံကောင်းတဲ့သူတွေပါ။ စိတ်ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ အပန်းဖြေခရီးတွေ၊ ကမ္ဘာလှည့်ခရီးတွေတောင် သွားရတဲ့အထိ ကံကောင်းကြသူတွေပါ။
(၂) မျက်ခုံးနှစ်ခုကြား
ဒီနေရာမှာ မှည့်ရှိတဲ့သူတွေက မြန်မြန်ဆန်ဆန် ဘဝတိုးတက်မယ့် လက္ခဏာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုခု လုပ်ရင်လည်း အောင်မြင်မှုကို အမြန်ဆုံးရရှိမယ့်သူတွေ ဖြစ်ပါတယ်။
(၃) မျက်ခုံးနဲ့မျက်ခွံကြား
ဒီနေရာမှာ မှည့်ရှိတဲ့သူတွေက ခေါင်းဆောင်ဖြစ်လာမယ့် သူတွေပါ။
(၄) နှုတ်ခမ်းပေါ်ကမှဲ့
နှုတ်ခမ်းအပေါ်မှာ မှဲ့ရှိတဲ့သူတွေဟာ အဝတ်အစားနဲ့ အစားအသောက်ကို အထူးခုံမင်သူတွေပါ။ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်သူဖြပြီး ထင်ပေါ်ကျော်ကြားမယ့်သူပါ။
(၅) ပါးမို့မို့ပေါ်ကမှဲ့
ဒါကတော့ သင်ဟာ သြဇာအာဏာရှိတဲ့သူ တစ်ယောက်ဖြစ်လာပြီး အောင်မြင်တိုးတက်မယ့်သူဖြစ်ပါတယ်။
(၆) လက်ဖဝါး (လက်မအောက်)
လက်ဖဝါး(လက်မအောက်) မှာမှဲ့ရှိရင် ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်တော့မှစိတ်ညစ်ရမှာ မဟုတ်ပါဘူး။ ချမ်းသာကြွယ်ဝပြီး ခေါင်းဆောင်နေရာမှာ ရပ်တည်နေရမယ့်သူဖြစ်ပါတယ်။
(၇) ခြေဖဝါး
ခြေဖဝါးမှာ မှဲ့ရှိတဲ့သူတွေဟာ လုပ်ငန်းတွေမှာအောင်မြင်ပြီး ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိပါတယ်။ ဒါကြောင့် တစ်ချိန်မှာ ဦးဆောင်သူတွေဖြစ်လာမှာပါ။
Em Em
Credit-my style myanmar

မှတ်ချက်များ