ပံ့သကူပစ္ထားသည့္ ေကာ္ဖီမစ္ထုပ္ ေကာက္ယူစားမိရာမွ ေက်ာင္းသူႏွစ္ဦး ေသဆုံး
Zawgyi ျဖင့္ဖတ္ရန္
မႏၲေလးတိုင္းေဒသႀကီး မလႈိင္ၿမိဳ႕နယ္တြင္ တန္ေဆာင္တိုင္ညဦးပိုင္းက ပံ့သကူပစ္ထားသည့္ ေကာ္ဖီမစ္ထုပ္ ေကာက္ယူစားသုံးမိရာမွ အသက္(၁၃)ႏွစ္ႏွင့္ (၆)ႏွစ္အ႐ြယ္ ေက်ာင္းသူ ညီအမႏွစ္ဦး မူေဝေအာ့အန္မူျဖစ္ကာ ေသဆုံးခဲ့ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
တန္ေဆာင္တိုင္ညျဖစ္သည့္ ႏိုဝင္ဘာ(၁၁) ညေန(၅)နာရီဝန္းက်င္အခ်ိန္က မလႈိင္ၿမိဳ႕နယ္ သုံးေတာင္ေက်း႐ြာေန အသက္(၁၃)ႏွစ္အ႐ြယ္ ဆဌမတန္းေက်ာင္းသူႏွင့္ အသက္(၆)ႏွစ္အ႐ြယ္ ပထမတန္းေက်ာင္းသူ ညီအမႏွစ္တို႔သည္ ေက်း႐ြာအတြင္း ပစ္ထားေသာ ပံ့သကူ အထုပ္မ်ားကို လိုက္လံရွာေဖြ ေကာက္ယူခဲ့ၿပီး ေကာ္ဖီမစ္တစ္ထုပ္စီကို ေဖာက္ကာ လ်က္စားမိရာမွ မူးေဝေအာ့အန္မႈ ျဖစ္ပြားခဲ့သည္ဟု ဆိုသည္။
အဆိုပါ မိန္းကေလးငယ္ႏွစ္ဦးသည္ ပံသကူပစ္ထားသည့္ Gusto တံဆိပ္ပါ က်ပ္(၅၀)တန္ ေကာ္ဖီမစ္ အေသးထုပ္ တစ္ထုပ္စီ လ်က္စားခဲ့ရာ အစာအဆိပ္သင့္ေသာ လကၡဏာျဖင့္ မူးေဝေအာ့အန္ကာ သတိလစ္သြားၿပီး ႏြားထိုးႀကီးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ႏွစ္ဦးစလုံး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း မႈခင္းမွတ္တမ္းတြင္ ေဖာ္ျပထားသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ မလႈိင္ၿမိဳ႕နယ္ ေႏွာကန္နယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းဖြင့္ထားၿပီး ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္၊မဟုတ္ ဆက္လက္စုံစမ္းစစ္ေဆးေနသည္ဟု ေႏွာကန္ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျမန္မာ့႐ိုးရာဓေလ့အရ တန္ေဆာင္မုန္းလျပည့္ တန္ေဆာင္တိုင္ညတြင္ အဝတ္အထည္၊ ေငြေၾကး၊ အစားအေသာက္ စသည့္ ပစၥည္းမ်ားကို ပံ့သကူပစ္ကာ ကုသိုလ္ယူေလ့ရွိသည္။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ပံ့သကူပစ်ထားသည့် ကော်ဖီမစ်ထုပ် ကောက်ယူစားမိရာမှ ကျောင်းသူနှစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် တန်ဆောင်တိုင်ညဦးပိုင်းက ပံ့သကူပစ်ထားသည့် ကော်ဖီမစ်ထုပ် ကောက်ယူစားသုံးမိရာမှ အသက်(၁၃)နှစ်နှင့် (၆)နှစ်အရွယ် ကျောင်းသူ ညီအမနှစ်ဦး မူဝေအော့အန်မူဖြစ်ကာ သေဆုံးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
တန်ဆောင်တိုင်ညဖြစ်သည့် နိုဝင်ဘာ(၁၁) ညနေ(၅)နာရီဝန်းကျင်အချိန်က မလှိုင်မြို့နယ် သုံးတောင်ကျေးရွာနေ အသက်(၁၃)နှစ်အရွယ် ဆဌမတန်းကျောင်းသူနှင့် အသက်(၆)နှစ်အရွယ် ပထမတန်းကျောင်းသူ ညီအမနှစ်တို့သည် ကျေးရွာအတွင်း ပစ်ထားသော ပံ့သကူ အထုပ်များကို လိုက်လံရှာဖွေ ကောက်ယူခဲ့ပြီး ကော်ဖီမစ်တစ်ထုပ်စီကို ဖောက်ကာ လျက်စားမိရာမှ မူးဝေအော့အန်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ မိန်းကလေးငယ်နှစ်ဦးသည် ပံသကူပစ်ထားသည့် Gusto တံဆိပ်ပါ ကျပ်(၅၀)တန် ကော်ဖီမစ် အသေးထုပ် တစ်ထုပ်စီ လျက်စားခဲ့ရာ အစာအဆိပ်သင့်သော လက္ခဏာဖြင့် မူးဝေအော့အန်ကာ သတိလစ်သွားပြီး နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် နှစ်ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မလှိုင်မြို့နယ် နှောကန်နယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု နှောကန်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့ရိုးရာဓလေ့အရ တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ညတွင် အဝတ်အထည်၊ ငွေကြေး၊ အစားအသောက် စသည့် ပစ္စည်းများကို ပံ့သကူပစ်ကာ ကုသိုလ်ယူလေ့ရှိသည်။
share from: burmese.asia


မှတ်ချက်များ