ပဲျပဳတ္ၾကိဳက္လို႕သာ စားေနတာ ဒီေလာက္ အက်ိဳးေက်းဇူးမ်ားမွန္း အစကမသိခဲ့ဘူး


Zawgyiျဖင့္ဖတ္ရန္

ပဲျပဳတ္စားျခင္း အက်ိဳးေက်းဇူးမ်ား

ေဆးသိပၸံနည္းအရဓာတ္ခြဲစမ္းသပ္ၾကည့္ရာ စားေတာ္ပဲျပဳတ္ထဲတြင္ လူသားတို့က်န္းမာေရးကိုအေထာက္အကူျဖစ္ေစေသာ ဗီတာမင္ႏွင့္သတၱဳဓာတ္ တို့အလံုအေလာက္ ပါရွိျပီး၊ ေဘးျဖစ္ေစတတ္ ေသာ ကိုလက္စထေရာလံုး၀မပါရွိသည့္ အတြက္ေန့စဥ္စားသံုးေပးသင့္ေသာအာဟာရျဖစ္ေၾကာင္း USDA (ေခၚ) အမ်ိဳးသားအာဟာရျပဳ စစ္တမ္းမ်ားႏွင့္ WHFoods တို့မွ အခိုင္ အမာေထာက္ခံထားၾကပါသည္။….

1
ပဲျပဳတ္ထဲတြင္အဆီဓာတ္ႏွင့္ကယ္လိုရီပါ၀င္မႈ မရွိသေလာက္လြန္စြာနည္းပါးေသာ္လည္း၊ အာဟာရ ဓာတ္ၾကြယ္၀ေသာေၾကာင့္ ကိုယ္ခႏၶာအေလးခ်ိန္ ပံုမွန္ထိန္း သိမ္းလိုသူမ်ား မွီ၀ဲစားသံုးသင့္ပါသည္။

2 ပဲျပဳတ္ထဲတြင္ေခ်ဖ်က္လြယ္ေသာအမွ်င္ဓာတ္ အေျမာက္အမ်ားပါရွိ၏။ ထိုအမွွ်င္ဓာတ္မ်ားသည္ အစာေျခ လမ္းေၾကာင္းအတြင္း အစာကိုလႈပ္ရွားေရြ့လ်ားေစသည့္ အလိုအေလ်ာက္ၾကြက္သားလႈပ္ရွားမႈကို အားေပး သျဖင့္၀မ္းမခ်ဳပ္ေစပါဘူး။

3 စားေတာ္ပဲျပဳတ္ထဲတြင္ nicotinic အက္ဆစ္ ပါရွိသျဖင့္၊ ေသြးထဲရွိမေကာင္းေသာ ကိုလက္စထေရာကို ေလ်ာ့ခ်ေပးႏိုင္၏။

4
စားေတာ္ပဲသည္ သံဓာတ္အရင္းအျမစ္ျဖစ္ျခင္းေၾကာင့္ ေသြးနီဥဆဲလ္မ်ား ကို ေကာင္းစြာ တည္ေဆာက္ေစကာ၊ ေသြးအားနည္းေရာဂါ ႏွင့္ အလြန္အမင္းေမာပမ္းျခင္းတို့မွ ကာကြယ္ေပးႏိုင္ျပီး၊ ကိုယ္ခံစြမ္းအား ကိုတိုးတက္ျမင့္မားလာေစပါသည္။ထို့ျပင္ အဆုတ္ထဲရွိ ေအာင္စီဂ်င္ကိုခႏၶာကိုယ္အႏွံ ့ပို့ေဆာင္ေပး၏။

5 Free radicals မ်ားသည္ ခႏၶာကိုယ္ထဲရွိ ေသြးေၾကာနံရံမ်ားကို အနည္က်ပိတ္ဆို ့ေစ ကာ၊ ေသြးေၾကာမမ်ားကို ပ်က္စီးေစျပီး၊ အဆီပိတ္ေရာဂါ၊ ေလျဖတ္ျခင္း၊ အဆစ္ေရာင္ေလးဘက္နာေရာဂါ မ်ားကို ျဖစ္ေစ၏။ စားေတာ္ပဲထဲတြင္ ပါရွိေသာ Flavonoids ႏင့္phytonutrients မ်ားသည္ ဓာတ္တိုးဆန့္က်င္ပစၥည္းအျဖစ္စြမ္းေဆာင္ေပးကာ၊ ထို Free radicals မ်ားကို တိုက္ထုတ္ ေပးသျဖင့္ အဆိုပါေရာဂါမ်ားကို မျဖစ္ေစႏိုင္ပါ။ ဒါ့ျပင္ သစ္ပင္ထဲတြင္ ရွားရွားပါးပါးေတြ့ရသည့္ lectins ဓာတ္ပါရွိသျဖင့္၊ ေသြးနီဥဆဲလ္မ်ားေပ်ာ္၀င္ေစကာ၊ ေသြးခဲျခင္းမွ ကာကြယ္ေပးပါသည္။

6 ဗီတာမင္ဘီဓာတ္ေပါင္းစုပါရွိကာ homocysteine ပမာဏကို ေလ်ာ့က်ေစသျဖင့္ ႏွလံုးေရာဂါ အမ်ိဳးမ်ိဳးကိုထိထိေရာက္ေရာက္ ကာကြယ္ေပးသည့္အျပင္ ႏွလံုးေရာဂါႏွင့္ပတ္သက္ဆက္စပ္လ်က္ ရွိေသာေလျဖတ္ျခင္း တို့ကိုလဲမျဖစ္ေစပါ။ ထို့ေၾကာင့့္ တစ္ပတ္လွွ်င္ အနဲဆံုးတစ္ၾကိမ္ စားေပး သင့္ေၾကာင္း ေဆးသိပၸံပညာရွင္မ်ားက အၾကံျပဳထားၾကပါသည္။

7 စားေတာ္ပဲထဲတြင္ ဗီတာမင္ ေအ-ဘီ-စီ-အီး၊ omega-3 တို ့ပါရွိသည့္ျပင္၊ ဇင့္သတၱဳဓာတ္ အလံုအေလာက္ပါရွိ၏။ ထိုဓာတ္ေပါင္း စုမ်ားသည္ ေလျပြန္ေဖာင္းပြသည့္ေရာဂါ၊ မွက္ခရုေရာဂါ၊ အယ္လ္ ဇိုင္မား (ေခၚ) ဦးေႏွာက္အၾကိဳဇရာေရာဂါ တို့ကို ကာကြယ္ေပး ႏိုင္ပါသည္။

8 စားေတာ္ပဲျပဳတ္ထဲတြင္ glycemic ဓာတ္ပါ၀င္မႈနဲပါးျပီး၊ ေသြးထဲရွိ သၾကားပမာဏကို ထိန္းေပးႏိုင္ျ ခင္းေၾကာင့္ ဆီးခ်ိဳေရာဂါ သည္မ်ားအတြက္ ပဲျပဳတ္ဟာ အေကာင္းဆံုးအေဖာ္မြန္ျဖစ္ပါသည္။

9 မကၠစီကိုႏိုင္ငံတြင္ မၾကာေသးခင္က ေလ့လာစမ္းစစ္ခ်က္အရ၊ စားေတာ္ပဲထဲတြင္ polyphenol ဓာတ္ပါရွိသျဖင့္၊ ေန ့စဥ္ စားေတာ္ပဲျပဳတ္ ၂-မီလီဂရမ္မွ် စားေပးရံုျဖင့္ အဆာအိမ္ကင္ဆာကို ၾကိဳတင္ကာကြယ္ေပးႏိုင္သည္ဟု ဆိုရပါသည္။

10 မဂၢနီစီယမ္ သတၱဴဓာတ္ ၾကြယ္၀စြာပါရွိ၍၊ ေသြးတိုးေရာဂါကိုမျဖစ္ေစပါ။

11 ေဖာလိပ္ဓာတ္အရင္းအျမစ္စုေ၀းရာ စားေတာ္ပဲျပဳတ္ကို ကိုယ္၀န္ေဆာင္မိခင္မ်ား စားေပးျခင္းျဖင့္ ေမြး ဖြားလာေသာ ကေလးငယ္ မ်ားတြင္ ေမြးရာပါ ဦးေႏွာက္ႏွင့္အာရံုေၾကာေ၀ ဒနာမ်ား ျဖစ္ႏိုင္ေခ် အလားအလာ နဲပါးေစပါသည္။

12 အမ်ိဳးသမီးမ်ား ေသြးဆံုးကိုင္မျဖစ္ေစပါ။

13 စားေတာ္ပဲထဲတြင္ lutein ႏွင့္ carotenoid တို့ပါရွိသျဖင့္၊ ပဲျပဳတ္ကို ပံုမွန္စားသံုးေသာသူမ်ားသည္ အသက္အရြယ္ၾကီးရင့္ လာျခင္းေၾကာင့္ မ်က္ေစ့ေရာဂါအမ်ိဳးမ်ိဳးႏွင့္မ်က္ေစ့ေရတိမ္ေရာဂါ ျဖစ္ႏိုင္ေခ် အလားအလာ ကို ေလ်ာ့ခ်ေပးႏိုင္ေၾကာင္း ႏိုင္ငံတကာ ေဆးသိပၸံပညာရွင္မ်ားက အၾကံျပဳထားၾကပါသည္။

14 စားေတာ္ပဲျပဳတ္ တစ္ခြက္စာပမာဏထဲတြင္ ဗီတာမင္ေက ၄၄% ပါရွိသည့္ျပင္၊ ဗီတာမင္ဘီ လည္းပါရွိသျဖင့္ အရိုးကိုက်န္းမာ သန္စြမ္းေစကာ၊ ဟိုမုန္းအေျပာင္းအလဲေၾကာင့္ အရိုးၾကြတ္ဆတ္ျခင္း မွလည္း ကာကြယ္ေပးႏိုင္၏။ထို့ေၾကာင့္ ကေလး/လူၾကီး မ်ားသာမက၊ ကိုယ္၀န္ေဆာင္မိခင္ေလာင္းမ်ားပါ ပဲျပဳတ္ကို စားေပးသင့္ပါသည္။

15 ေသြးထဲရွိသၾကားပမာဏကိုပံုမွန္ျဖစ္ေစျခင္း၊ ခႏၶာကိုယ္အတြက္ လိုအပ္ေသာခြန္အားမ်ားကို ထုတ္ လုပ္ေပးျခင္း၊ ကိုယ္တြင္းရွိ ဇီ၀ကမၼျဖစ္စဥ္ကို တိုးတက္ေကာင္းမြန္ေစျခင္း စသည္ျဖင့္ ေကာင္း က်ိဳးျပဳ ပါသည္။

သတိျပဳရန္…..

စားေတာ္ပဲထဲတြင္ သဘာ၀အေလ်ာက္ပါရွိေသာ purines ဓာတ္က ေဂါက္ေရာဂါ သမားမ်ားႏွင့္ ေက်ာက္ကပ္ေ၀ဒနာသည္ မ်ားကို ေဘးထြက္ဆိုးက်ိဳးျဖစ္ေစႏိုင္၍၊ အထူးေရွာင္ ရွားသင့္ပါသည္။ အာဟာရဓာတ္ ၾကြယ္၀ေသာ ပဲျပဳတ္ ကို ေစ်းေစ်းေပါေပါ ႏွင့္ အလြယ္တကူရရွိႏိုင္သျဖင့္၊ ႏိုင္ငံတိုင္းတြင္ “a poor man’s meat (၀ါ) ဆင္းရဲခ်ိဳ ့တဲ့သူမ်ားအတြက္ အသားဟင္းလ်ာ” ဟု တင္စားေခၚေ၀ၚေလ့ရွိၾက ပါသည္။ ေဆးသိပၸံပညာရွင္မ်ားကေတာ့ “powerfood” ဟု ေခၚၾက၏။ ထို ့ေၾကာင့္ မိမိတို ့ လက္တကမ္းတြင္ အလြယ္တကူ ေစ်းၽႏႈန္းခ်ိဳသာစြာ ရရွိႏိုင္ေသာ “စားေတာ္ပဲျပဳတ္” ေလးမ်ားကို ေန ့စဥ္ သံုးအစားအစာအျဖစ္ စားသံုးသင့္ပါေၾကာင္း။

Credit:မေပါက္ေပါက္

Unicodeဖြင့်ဖတ်ရန်

ပဲပြုတ်ကြိုက်လို့သာ စားနေတာ ဒီလောက် အကျိုးကျေးဇူးများမှန်း အစကမသိခဲ့ဘူး

ပဲပြုတ်စားခြင်း အကျိုးကျေးဇူးများ

ဆေးသိပ္ပံနည်းအရဓာတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်ပဲပြုတ်ထဲတွင် လူသားတို့ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော ဗီတာမင်နှင့်သတ္တုဓာတ် တို့အလုံအလောက် ပါရှိပြီး၊ ဘေးဖြစ်စေတတ် သော ကိုလက်စထရောလုံးဝမပါရှိသည့် အတွက်နေ့စဉ်စားသုံးပေးသင့်သောအာဟာရဖြစ်ကြောင်း USDA (ခေါ်) အမျိုးသားအာဟာရပြု စစ်တမ်းများနှင့် WHFoods တို့မှ အခိုင် အမာထောက်ခံထားကြပါသည်။….

1
ပဲပြုတ်ထဲတွင်အဆီဓာတ်နှင့်ကယ်လိုရီပါဝင်မှု မရှိသလောက်လွန်စွာနည်းပါးသော်လည်း၊ အာဟာရ ဓာတ်ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်း သိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါသည်။

2 ပဲပြုတ်ထဲတွင်ချေဖျက်လွယ်သောအမျှင်ဓာတ် အမြောက်အများပါရှိ၏။ ထိုအမျှင်ဓာတ်များသည် အစာခြေ လမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့လျားစေသည့် အလိုအလျောက်ကြွက်သားလှုပ်ရှားမှုကို အားပေး သဖြင့်ဝမ်းမချုပ်စေပါဘူး။

3 စားတော်ပဲပြုတ်ထဲတွင် nicotinic အက်ဆစ် ပါရှိသဖြင့်၊ သွေးထဲရှိမကောင်းသော ကိုလက်စထရောကို လျော့ချပေးနိုင်၏။

4
စားတော်ပဲသည် သံဓာတ်အရင်းအမြစ်ဖြစ်ခြင်းကြောင့် သွေးနီဥဆဲလ်များ ကို ကောင်းစွာ တည်ဆောက်စေကာ၊ သွေးအားနည်းရောဂါ နှင့် အလွန်အမင်းမောပမ်းခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး၊ ကိုယ်ခံစွမ်းအား ကိုတိုးတက်မြင့်မားလာစေပါသည်။ထို့ပြင် အဆုတ်ထဲရှိ အောင်စီဂျင်ကိုခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေး၏။

5 Free radicals များသည် ခန္ဓာကိုယ်ထဲရှိ သွေးကြောနံရံများကို အနည်ကျပိတ်ဆို့စေ ကာ၊ သွေးကြောမများကို ပျက်စီးစေပြီး၊ အဆီပိတ်ရောဂါ၊ လေဖြတ်ခြင်း၊ အဆစ်ရောင်လေးဘက်နာရောဂါ များကို ဖြစ်စေ၏။ စားတော်ပဲထဲတွင် ပါရှိသော Flavonoids နင့်phytonutrients များသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်စွမ်းဆောင်ပေးကာ၊ ထို Free radicals များကို တိုက်ထုတ် ပေးသဖြင့် အဆိုပါရောဂါများကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် သစ်ပင်ထဲတွင် ရှားရှားပါးပါးတွေ့ရသည့် lectins ဓာတ်ပါရှိသဖြင့်၊ သွေးနီဥဆဲလ်များပျော်ဝင်စေကာ၊ သွေးခဲခြင်းမှ ကာကွယ်ပေးပါသည်။

6 ဗီတာမင်ဘီဓာတ်ပေါင်းစုပါရှိကာ homocysteine ပမာဏကို လျော့ကျစေသဖြင့် နှလုံးရောဂါ အမျိုးမျိုးကိုထိထိရောက်ရောက် ကာကွယ်ပေးသည့်အပြင် နှလုံးရောဂါနှင့်ပတ်သက်ဆက်စပ်လျက် ရှိသောလေဖြတ်ခြင်း တို့ကိုလဲမဖြစ်စေပါ။ ထို့ကြောင့် တစ်ပတ်လျှင် အနဲဆုံးတစ်ကြိမ် စားပေး သင့်ကြောင်း ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။

7 စားတော်ပဲထဲတွင် ဗီတာမင် အေ-ဘီ-စီ-အီး၊ omega-3 တို့ပါရှိသည့်ပြင်၊ ဇင့်သတ္တုဓာတ် အလုံအလောက်ပါရှိ၏။ ထိုဓာတ်ပေါင်း စုများသည် လေပြွန်ဖောင်းပွသည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ် ဇိုင်မား (ခေါ်) ဦးနှောက်အကြိုဇရာရောဂါ တို့ကို ကာကွယ်ပေး နိုင်ပါသည်။

8 စားတော်ပဲပြုတ်ထဲတွင် glycemic ဓာတ်ပါဝင်မှုနဲပါးပြီး၊ သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်ြ ခင်းကြောင့် ဆီးချိုရောဂါ သည်များအတွက် ပဲပြုတ်ဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ပါသည်။

9 မက္ကစီကိုနိုင်ငံတွင် မကြာသေးခင်က လေ့လာစမ်းစစ်ချက်အရ၊ စားတော်ပဲထဲတွင် polyphenol ဓာတ်ပါရှိသဖြင့်၊ နေ့စဉ် စားတော်ပဲပြုတ် ၂-မီလီဂရမ်မျှ စားပေးရုံဖြင့် အဆာအိမ်ကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်သည်ဟု ဆိုရပါသည်။

10 မဂ္ဂနီစီယမ် သတ္တူဓာတ် ကြွယ်ဝစွာပါရှိ၍၊ သွေးတိုးရောဂါကိုမဖြစ်စေပါ။

11 ဖောလိပ်ဓာတ်အရင်းအမြစ်စုဝေးရာ စားတော်ပဲပြုတ်ကို ကိုယ်ဝန်ဆောင်မိခင်များ စားပေးခြင်းဖြင့် မွေး ဖွားလာသော ကလေးငယ် များတွင် မွေးရာပါ ဦးနှောက်နှင့်အာရုံကြောေ၀ ဒနာများ ဖြစ်နိုင်ချေ အလားအလာ နဲပါးစေပါသည်။

12 အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။

13 စားတော်ပဲထဲတွင် lutein နှင့် carotenoid တို့ပါရှိသဖြင့်၊ ပဲပြုတ်ကို ပုံမှန်စားသုံးသောသူများသည် အသက်အရွယ်ကြီးရင့် လာခြင်းကြောင့် မျက်စေ့ရောဂါအမျိုးမျိုးနှင့်မျက်စေ့ရေတိမ်ရောဂါ ဖြစ်နိုင်ချေ အလားအလာ ကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။

14 စားတော်ပဲပြုတ် တစ်ခွက်စာပမာဏထဲတွင် ဗီတာမင်ကေ ၄၄% ပါရှိသည့်ပြင်၊ ဗီတာမင်ဘီ လည်းပါရှိသဖြင့် အရိုးကိုကျန်းမာ သန်စွမ်းစေကာ၊ ဟိုမုန်းအပြောင်းအလဲကြောင့် အရိုးကြွတ်ဆတ်ခြင်း မှလည်း ကာကွယ်ပေးနိုင်၏။ထို့ကြောင့် ကလေး/လူကြီး များသာမက၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်ပါသည်။

15 သွေးထဲရှိသကြားပမာဏကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သောခွန်အားများကို ထုတ် လုပ်ပေးခြင်း၊ ကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ကောင်း ကျိုးပြု ပါသည်။

သတိပြုရန်…..

စားတော်ပဲထဲတွင် သဘာဝအလျောက်ပါရှိသော purines ဓာတ်က ဂေါက်ရောဂါ သမားများနှင့် ကျောက်ကပ်ဝေဒနာသည် များကို ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်၍၊ အထူးရှောင် ရှားသင့်ပါသည်။ အာဟာရဓာတ် ကြွယ်ဝသော ပဲပြုတ် ကို ဈေးဈေးပေါပေါ နှင့် အလွယ်တကူရရှိနိုင်သဖြင့်၊ နိုင်ငံတိုင်းတွင် “a poor man’s meat (ဝါ) ဆင်းရဲချို့တဲ့သူများအတွက် အသားဟင်းလျာ” ဟု တင်စားခေါ်ဝေါ်လေ့ရှိကြ ပါသည်။ ဆေးသိပ္ပံပညာရှင်များကတော့ “powerfood” ဟု ခေါ်ကြ၏။ ထို့ကြောင့် မိမိတို့ လက်တကမ်းတွင် အလွယ်တကူ ဈေးျနှုန်းချိုသာစွာ ရရှိနိုင်သော “စားတော်ပဲပြုတ်” လေးများကို နေ့စဉ် သုံးအစားအစာအဖြစ် စားသုံးသင့်ပါကြောင်း။

Credit:မပေါက်ပေါက်

မှတ်ချက်များ