ေဆးေျခာက္တရားဝင္သုံးစြဲခြင့္ရရွိေရးလႈပ္ရွားမႈ ရန္ကုန္တြင္ လူငယ္မ်ားဦးေဆာင္ျပဳလုပ္




Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံမွာ ေဆးေျခာက္တရားဝင္သုံးစြဲခြင့္ရရွိေရး လႈပ္ရွားမႈတခုကို ႏိုဝင္ဘာ ၁၁ ရက္ ညေနပိုင္းက ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံမွာ ျပဳလုပ္ခဲ့ပါတယ္။ေဆးေျခာက္တရားဝင္ျဖစ္ေျမာက္ေရးအတြက္ မ်က္ႏွာဖုံးေတြတပ္ဆင္ထားတဲ့ လူငယ္ ၁၀၀ ေလာက္က ဆိုင္းဘုတ္ကိုင္ေဆာင္၊ မီးပုံးပ်ံေတြလႊတ္တင္ၿပီး ၿမိဳ႕ေတာ္ခန္းမေရွ႕အထိ ခ်ီတက္ကာ လူစုခြဲခဲ့ၾကပါတယ္။



ေဆးေျခာက္ဟာ မူးယစ္ေဆးဝါးမဟုတ္ဘူးဆိုတာကို ကိုယ္နဲ႔အနီးစပ္ဆုံး ဖုန္းေတြ အင္တာနက္ေတြကေတာင္ ေလ့လာလို႔ရေနေၾကာင္း၊ ေဆးပညာရႈေထာင့္အျပင္ စီးပြားေရး အေနနဲ႔လည္း အျခားႏိုင္ငံေတြမွာ ဘယ္လိုအေျခအေနေတြ ျဖစ္ေနၿပီဆိုတာ ေလ့လာလို႔ရေၾကာင္း၊ ေဆးေျခာက္ကို တျခားမူးယစ္ေဆးဝါးေတြနဲ႔ တတန္းထဲ သတ္မွတ္လို႔မရေၾကာင္း၊ လာေရာက္ဝန္းရံတဲ့ လူငယ္ေတြက ေျပာပါတယ္။



ေဆးေျခာက္တရားဝင္သုံးခြင့္ရရွိေရး လူထုလႈပ္ရွားမႈကိုေတာ့ ရန္ကုန္ၿမိဳ႕မွာ ႏိုဝင္ဘာ ၁၀ ရက္ေန႔က စတင္ျပဳလုပ္ခဲ့ၿပီး ၿမိဳ႕ထဲခန္းမေရွ႕မွာ ျပဳလုပ္ခဲ့တဲ့ လႈပ္ရွားမႈကိုေတာ့ လူအမ်ားအျပား လာေရာက္ဝန္းရံခဲ့ၾကကာ ရန္ကုန္ၿမိဳ႕အျပင္ တျခားေနရာ ေဒသေတြမွာပါ ေဆးေျခာက္ အထိမ္းအမွတ္ မီးပုံးေတြ လႊတ္တင္ခဲ့ပါတယ္။

share from: burmese.asia



Unicode ဖြင့်ဖတ်ရန်

ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရရှိရေးလှုပ်ရှားမှု ရန်ကုန်တွင် လူငယ်များဦးဆောင်ပြုလုပ်




မြန်မာနိုင်ငံမှာ ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရရှိရေး လှုပ်ရှားမှုတခုကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအတွက် မျက်နှာဖုံးတွေတပ်ဆင်ထားတဲ့ လူငယ် ၁၀၀ လောက်က ဆိုင်းဘုတ်ကိုင်ဆောင်၊ မီးပုံးပျံတွေလွှတ်တင်ပြီး မြို့တော်ခန်းမရှေ့အထိ ချီတက်ကာ လူစုခွဲခဲ့ကြပါတယ်။



ဆေးခြောက်ဟာ မူးယစ်ဆေးဝါးမဟုတ်ဘူးဆိုတာကို ကိုယ်နဲ့အနီးစပ်ဆုံး ဖုန်းတွေ အင်တာနက်တွေကတောင် လေ့လာလို့ရနေကြောင်း၊ ဆေးပညာရှုထောင့်အပြင် စီးပွားရေး အနေနဲ့လည်း အခြားနိုင်ငံတွေမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီဆိုတာ လေ့လာလို့ရကြောင်း၊ ဆေးခြောက်ကို တခြားမူးယစ်ဆေးဝါးတွေနဲ့ တတန်းထဲ သတ်မှတ်လို့မရကြောင်း၊ လာရောက်ဝန်းရံတဲ့ လူငယ်တွေက ပြောပါတယ်။



ဆေးခြောက်တရားဝင်သုံးခွင့်ရရှိရေး လူထုလှုပ်ရှားမှုကိုတော့ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး မြို့ထဲခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုကိုတော့ လူအများအပြား လာရောက်ဝန်းရံခဲ့ကြကာ ရန်ကုန်မြို့အပြင် တခြားနေရာ ဒေသတွေမှာပါ ဆေးခြောက် အထိမ်းအမှတ် မီးပုံးတွေ လွှတ်တင်ခဲ့ပါတယ်။

share from: burmese.asia


မှတ်ချက်များ