အြန္လိုင္းေပၚက ခ်စ္သူကို ပထမဆုံးခ်ိန္းေတြ႕စဥ္မွာ ကိုယ့္ကိုယ္ကိုယ္ေသေၾကာင္းႀကံခဲ့သူ မိန္းကေလး
Zawgyiျဖင့္ဖတ္ရန္
အသက္ ၂၃ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးဟာ အြန္လိုင္းေပၚကေန ခ်စ္သူျဖစ္ခဲ့သူ အမ်ိဳးသားႏွင့္ ဟိုတယ္တစ္ခုမွာ ပထမဦးဆုံး လူခ်င္းခ်ိန္းေတြ႕စဥ္ တိုက္ေပါက ခုန္ခ်ကာ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံစည္ရန္ ႀကိဳးစားခဲ့မႈတစ္ခု တ႐ုပ္ႏိုင္ငံမွာျဖစ္ပြားခဲ့ပါတယ္။
မိသားစုမ်ားက သူမထက္ အသက္ ၁၀ ႏွစ္ေက်ာ္ႀကီးတဲ့ အြန္လိုင္းက ရည္းစားႏွင့္ သေဘာမတူေၾကာင္း အတိုက္အခံျဖစ္ခဲ့တဲ့အတြက္ သူမဟာ ရည္းစားနဲ႔ အျပင္မွာ ေတြ႕ဆုံရန္ ပထမဆုံးခ်ိန္းဆိုခဲ့တာ ျဖစ္ေၾကာင္း သူမ၏ မိခင္က ေျပာဆိုခဲ့ပါတယ္။
သူမဟာ ဟိုတယ္ရဲ႕ ခုႏွစ္လႊာမွာ ပထမဆုံး အြန္လိုင္းရည္းစားရဲ႕ အသြင္သ႑န္ကို ေတြ႕ျမင္ခဲ့ရၿပီးေနာက္ အလြန္တရာ စိတ္ပ်က္ခဲ့ၿပီး ဟိုတယ္ ဝရန္တာကေန ခုန္ခ်ဖို႔ ႀကိဳးစားခဲ့တာပါ။ “နင္ငါ့ကို ညာတယ္” ဟု ပါးစပ္မွလည္း ေအာ္ဟစ္ၿပီး ဝရန္တာ အစြန္အဖ်ားမွာ ရပ္ကာခုန္ခ်ဖို႔ ႀကိဳးစားခဲ့ပါတယ္။
ရဲေတြေရာက္လာၿပီး အမ်ိဳးသမီးကို ဝရန္တာမွ ဆြဲယူရန္ ႀကိဳးစားခဲ့ရာ သူမက အိပ္ေဆးမ်ားကို ႐ုတ္တရက္ ပါးစပ္ထဲသြန္ထည့္လိုက္ၿပီး ျပတင္းေပါက္ မွန္ကြဲစျဖင့္ သူ၏လက္ေကာက္ဝတ္ကို ျဖတ္ဖို႔ ထပ္မံႀကံစည္ခဲ့ပါတယ္။ ရဲေတြက အျမန္ထိန္းသိမ္းခဲ့ၿပီး ေဆး႐ုံကားႏွင့္ ေဆး႐ုံသို႔ တင္ပို႔ခဲ့ရပါတယ္။
မိသားစုက သေဘာမတူဘူးလို႔ ဆိုစဥ္က ခ်စ္သူအတြက္ မိသားစုကို ဆန႔္က်င္ခဲ့တဲ့ မိန္းကေလးဟာ လူကိုယ္တိုင္အျပင္မွာ ျမင္ေတြ႕တဲ့ အခါက်ေတာ့ သတ္ေသခ်င္စိတ္ေပါက္သြားေလာက္ေအာင္ သူ႔ရဲ႕ အြန္လိုင္းေပၚက ခ်စ္သူက ဘယ္ေလာက္ေတာင္ ပုံးပန္းသ႑န္ဆိုး႐ြားေနခဲ့လဲ ဆိုတာကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။ အိပ္ေဆးေတြ အမ်ားႀကီးေသာက္ခဲ့တဲ့ သူမကေတာ့ ေဆး႐ုံေပၚမွာ ကုသမႈေတြ ခံယူရဦးမွာျဖစ္ပါတယ္။
Credit:Popolay
Unicodeဖြင့်ဖတ်ရန်
အွန်လိုင်းပေါ်က ချစ်သူကို ပထမဆုံးချိန်းတွေ့စဉ်မှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့သူ မိန်းကလေး
အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အွန်လိုင်းပေါ်ကနေ ချစ်သူဖြစ်ခဲ့သူ အမျိုးသားနှင့် ဟိုတယ်တစ်ခုမှာ ပထမဦးဆုံး လူချင်းချိန်းတွေ့စဉ် တိုက်ပေါက ခုန်ချကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးစားခဲ့မှုတစ်ခု တရုပ်နိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။
မိသားစုများက သူမထက် အသက် ၁၀ နှစ်ကျော်ကြီးတဲ့ အွန်လိုင်းက ရည်းစားနှင့် သဘောမတူကြောင်း အတိုက်အခံဖြစ်ခဲ့တဲ့အတွက် သူမဟာ ရည်းစားနဲ့ အပြင်မှာ တွေ့ဆုံရန် ပထမဆုံးချိန်းဆိုခဲ့တာ ဖြစ်ကြောင်း သူမ၏ မိခင်က ပြောဆိုခဲ့ပါတယ်။
သူမဟာ ဟိုတယ်ရဲ့ ခုနှစ်လွှာမှာ ပထမဆုံး အွန်လိုင်းရည်းစားရဲ့ အသွင်သဏ္ဍန်ကို တွေ့မြင်ခဲ့ရပြီးနောက် အလွန်တရာ စိတ်ပျက်ခဲ့ပြီး ဟိုတယ် ဝရန်တာကနေ ခုန်ချဖို့ ကြိုးစားခဲ့တာပါ။ “နင်ငါ့ကို ညာတယ်” ဟု ပါးစပ်မှလည်း အော်ဟစ်ပြီး ဝရန်တာ အစွန်အဖျားမှာ ရပ်ကာခုန်ချဖို့ ကြိုးစားခဲ့ပါတယ်။
ရဲတွေရောက်လာပြီး အမျိုးသမီးကို ဝရန်တာမှ ဆွဲယူရန် ကြိုးစားခဲ့ရာ သူမက အိပ်ဆေးများကို ရုတ်တရက် ပါးစပ်ထဲသွန်ထည့်လိုက်ပြီး ပြတင်းပေါက် မှန်ကွဲစဖြင့် သူ၏လက်ကောက်ဝတ်ကို ဖြတ်ဖို့ ထပ်မံကြံစည်ခဲ့ပါတယ်။ ရဲတွေက အမြန်ထိန်းသိမ်းခဲ့ပြီး ဆေးရုံကားနှင့် ဆေးရုံသို့ တင်ပို့ခဲ့ရပါတယ်။
မိသားစုက သဘောမတူဘူးလို့ ဆိုစဉ်က ချစ်သူအတွက် မိသားစုကို ဆန့်ကျင်ခဲ့တဲ့ မိန်းကလေးဟာ လူကိုယ်တိုင်အပြင်မှာ မြင်တွေ့တဲ့ အခါကျတော့ သတ်သေချင်စိတ်ပေါက်သွားလောက်အောင် သူ့ရဲ့ အွန်လိုင်းပေါ်က ချစ်သူက ဘယ်လောက်တောင် ပုံးပန်းသဏ္ဍန်ဆိုးရွားနေခဲ့လဲ ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ အိပ်ဆေးတွေ အများကြီးသောက်ခဲ့တဲ့ သူမကတော့ ဆေးရုံပေါ်မှာ ကုသမှုတွေ ခံယူရဦးမှာဖြစ်ပါတယ်။
Credit:Popolay


မှတ်ချက်များ