ဆီးခ်ိဳေရာဂါ ကုသႏိုင္တဲ့ အသီးကို ရွာေဖြေတြ႕ရွိခဲ့တဲ့ ဖိလစ္ပိုင္ အထက္တန္းေက်ာင္းသူ



Zawgyi ျဖင့္ဖတ္ရန္

အသက္ ၁၆ ႏွစ္အ႐ြယ္ ဖိလစ္ပိုင္ အထက္တန္းေက်ာင္းသူေလးဟာ ဆီးခ်ိဳေရာဂါ ကုသႏိုင္မယ့္ အသီးတမ်ိဳးကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ “Aratiles” လို႔ေခၚတဲ့ အသီးဟာ ဆီးခ်ိဳေရာဂါကုသဖို႔အတြက္ က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရွိတယ္ဆိုတာ ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံ အေနာက္ပိုင္း Visayas ေဒသမွာရွိတဲ့ Iloilo က အထက္တန္းေက်ာင္းသူေလး Maria ဟာ အေမရိကန္ႏိုင္ငံ၊ အရီဇိုးနားျပည္နယ္၊ ဖီးနစ္ၿမိဳ႕မွာ က်င္းပတဲ့ ႏိုင္ငံတကာသိပၸံနဲ႔ အင္ဂ်င္နီယာျပပြဲ ၂၀၁၉ မွာ ေဆးပညာနယ္ပယ္အတြက္ အေထာက္အကူျပဳတဲ့ ေလ့လာေတြ႕ရွိမႈ အသစ္ကို ေဖာ္ထုတ္ျပသခဲ့ၿပီး ေအာင္ျမင္မႈ ရယူႏိုင္ခဲ့ပါတယ္။



ဖိလစ္ပိုင္လူမ်ိဳး သိပၸံပညာရွင္ အငယ္စားေလး Maria ဟာ ေဖေဖာ္ဝါရီလက ဖိလစ္ပိုင္မွာ က်င္းပခဲ့တဲ့ ၂၀၁၉ အမ်ိဳးသားသိပၸံနဲ႔ နည္းပညာျပပြဲတုန္းကလည္း အႏိုင္ရရွိခဲ့တာေၾကာင့္ အေမရိကန္မွာ က်င္းပတဲ့ ႏိုင္ငံတကာအဆင့္ ျပပြဲကို သြားေရာက္ဖို႔ ဆန္ခါတင္ ၁၂ ေယာက္ ေစလႊတ္ခဲ့ရာမွာ ဖိလစ္ပိုင္ရဲ႕ တကၠသိုလ္ဝင္တန္းအဆင့္မွာ ကိုယ္စားျပဳပါဝင္ခဲ့ၿပီး ပထမဆုံး Gokongwei Brothers Foundation က ခ်ီးျမႇင့္တဲ့ လူငယ္သိပၸံပညာရွင္ဆုကိုပါ လက္ခံရရွိခဲ့ပါတယ္။ဖိလစ္ပိုင္ႏိုင္ငံ တဝွမ္းမွာ ေတြ႕ရွိရတဲ့ Aratiles အသီးဟာ ဆီးခ်ိဳေရာဂါကုသရာမွာ အက်ိဳးရွိတယ္ဆိုတာ ျပသႏိုင္ခဲ့တာပါ။ တျခားႏိုင္ငံေတြမွာေတာ့ အနီေရာင္ အလုံးေလးေတြကို ဂ်ေမကန္ခ်ယ္ရီ၊ ပနားမားခ်ယ္ရီ၊ စင္ကာပူ ခ်ယ္ရီဆိုၿပီး အမ်ိဳးမ်ိဳးေခၚတဲ့အျပင္ ဖိလစ္ပိုင္မွာေတာ့ Datiles, Kerson, Manzanitas (ပန္းသီးအေသး) လို႔ ေခၚၾကၿပီး Visayas ေဒသမွာ အမ်ားအျပား ေတြ႕ရွိရပါတယ္။



Maria ကိုယ္တိုင္ေလ့လာခဲ့ရာမွာ ဖိလစ္ပိုင္ႏိုင္ငံတဝွမ္း ေတြ႕ရွိရတဲ့ Aratiles အသီးမွာ လူကိုအက်ိဳးျပဳတဲ့ ဓာတ္ေပါင္းေတြ၊ Antioxidant နဲ႔ ဆီးခ်ိဳေရာဂါ ထိန္းခ်ဳပ္ကာကြယ္ႏိုင္စြမ္းေတြ ေတြ႕ရွိရတာေၾကာင့္ အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါအတြက္ ကုသႏိုင္တယ္ဆိုတာ သိရွိခဲ့ရပါတယ္။Aratiles အသီးတခုတည္းတင္ ဆီးခ်ိဳေရာဂါ ကာကြယ္ႏိုင္စြမ္းရွိတာ မဟုတ္ဘဲ အ႐ြက္၊ အကိုင္းအခက္၊ ပန္းေတြမွာပါ ဘတ္စုံပါဝင္ေနတာေၾကာင့္ စရိတ္သက္သက္သာသာနဲ႔ ကာကြယ္ကုသႏိုင္မယ့္ အဖိုးတန္နည္းလမ္းသစ္ကို ရွာေဖြႏိုင္ခဲ့တာ ျဖစ္ပါတယ္။ေဆးပညာအေခၚအေဝၚ Diabetes mellitus ဆီးခ်ိဳေရာဂါဟာ ကိုယ္တြင္းသၾကားဓာတ္လို႔ေခၚတဲ့ ဂလူးကို႔စ္ဓာတ္ ထုတ္လႊတ္တဲ့ လုပ္ငန္းစဥ္ ကေမာက္ကမ ျဖစ္ရာက စတင္ျဖစ္ေပၚတဲ့ ေဝဒနာတခုပါ။ တကမာၻလုံးမွာ ဆီးခ်ိဳေရာဂါခံစားေနရသူေပါင္း သန္း ၄၀၀ ေက်ာ္ရွိတာေၾကာင့္ အသံတိတ္ လူသတ္သမားလို႔ ေခၚဆိုၾကပါတယ္။Maria ရွာေဖြေတြ႕ရွိခဲ့တဲ့ အသီးမွာေတာ့ ဆီးခ်ိဳေဝဒနာကို ကုသႏိုင္မယ့္ဓာတ္ေပါင္းေတြ ပါဝင္တာ ေၾကာင့္ ေဆးပညာေလာကအတြက္ အဖိုးတန္တဲ့ ေတြ႕ရွိမႈအသစ္ ျဖစ္ခဲ့ပါတယ္။

share from: burmese.asia



Unicode ဖြင့်ဖတ်ရန်

ဆီးချိုရောဂါ ကုသနိုင်တဲ့ အသီးကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဖိလစ်ပိုင် အထက်တန်းကျောင်းသူ

အသက် ၁၆ နှစ်အရွယ် ဖိလစ်ပိုင် အထက်တန်းကျောင်းသူလေးဟာ ဆီးချိုရောဂါ ကုသနိုင်မယ့် အသီးတမျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ “Aratiles” လို့ခေါ်တဲ့ အသီးဟာ ဆီးချိုရောဂါကုသဖို့အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း Visayas ဒေသမှာရှိတဲ့ Iloilo က အထက်တန်းကျောင်းသူလေး Maria ဟာ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာသိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲ ၂၀၁၉ မှာ ဆေးပညာနယ်ပယ်အတွက် အထောက်အကူပြုတဲ့ လေ့လာတွေ့ရှိမှု အသစ်ကို ဖော်ထုတ်ပြသခဲ့ပြီး အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။



ဖိလစ်ပိုင်လူမျိုး သိပ္ပံပညာရှင် အငယ်စားလေး Maria ဟာ ဖေဖော်ဝါရီလက ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ အမျိုးသားသိပ္ပံနဲ့ နည်းပညာပြပွဲတုန်းကလည်း အနိုင်ရရှိခဲ့တာကြောင့် အမေရိကန်မှာ ကျင်းပတဲ့ နိုင်ငံတကာအဆင့် ပြပွဲကို သွားရောက်ဖို့ ဆန်ခါတင် ၁၂ ယောက် စေလွှတ်ခဲ့ရာမှာ ဖိလစ်ပိုင်ရဲ့ တက္ကသိုလ်ဝင်တန်းအဆင့်မှာ ကိုယ်စားပြုပါဝင်ခဲ့ပြီး ပထမဆုံး Gokongwei Brothers Foundation က ချီးမြှင့်တဲ့ လူငယ်သိပ္ပံပညာရှင်ဆုကိုပါ လက်ခံရရှိခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံ တဝှမ်းမှာ တွေ့ရှိရတဲ့ Aratiles အသီးဟာ ဆီးချိုရောဂါကုသရာမှာ အကျိုးရှိတယ်ဆိုတာ ပြသနိုင်ခဲ့တာပါ။ တခြားနိုင်ငံတွေမှာတော့ အနီရောင် အလုံးလေးတွေကို ဂျမေကန်ချယ်ရီ၊ ပနားမားချယ်ရီ၊ စင်ကာပူ ချယ်ရီဆိုပြီး အမျိုးမျိုးခေါ်တဲ့အပြင် ဖိလစ်ပိုင်မှာတော့ Datiles, Kerson, Manzanitas (ပန်းသီးအသေး) လို့ ခေါ်ကြပြီး Visayas ဒေသမှာ အများအပြား တွေ့ရှိရပါတယ်။



Maria ကိုယ်တိုင်လေ့လာခဲ့ရာမှာ ဖိလစ်ပိုင်နိုင်ငံတဝှမ်း တွေ့ရှိရတဲ့ Aratiles အသီးမှာ လူကိုအကျိုးပြုတဲ့ ဓာတ်ပေါင်းတွေ၊ Antioxidant နဲ့ ဆီးချိုရောဂါ ထိန်းချုပ်ကာကွယ်နိုင်စွမ်းတွေ တွေ့ရှိရတာကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါအတွက် ကုသနိုင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။Aratiles အသီးတခုတည်းတင် ဆီးချိုရောဂါ ကာကွယ်နိုင်စွမ်းရှိတာ မဟုတ်ဘဲ အရွက်၊ အကိုင်းအခက်၊ ပန်းတွေမှာပါ ဘတ်စုံပါဝင်နေတာကြောင့် စရိတ်သက်သက်သာသာနဲ့ ကာကွယ်ကုသနိုင်မယ့် အဖိုးတန်နည်းလမ်းသစ်ကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ဆေးပညာအခေါ်အဝေါ် Diabetes mellitus ဆီးချိုရောဂါဟာ ကိုယ်တွင်းသကြားဓာတ်လို့ခေါ်တဲ့ ဂလူးကို့စ်ဓာတ် ထုတ်လွှတ်တဲ့ လုပ်ငန်းစဉ် ကမောက်ကမ ဖြစ်ရာက စတင်ဖြစ်ပေါ်တဲ့ ဝေဒနာတခုပါ။ တကမ္ဘာလုံးမှာ ဆီးချိုရောဂါခံစားနေရသူပေါင်း သန်း ၄၀၀ ကျော်ရှိတာကြောင့် အသံတိတ် လူသတ်သမားလို့ ခေါ်ဆိုကြပါတယ်။Maria ရှာဖွေတွေ့ရှိခဲ့တဲ့ အသီးမှာတော့ ဆီးချိုဝေဒနာကို ကုသနိုင်မယ့်ဓာတ်ပေါင်းတွေ ပါဝင်တာ ကြောင့် ဆေးပညာလောကအတွက် အဖိုးတန်တဲ့ တွေ့ရှိမှုအသစ် ဖြစ်ခဲ့ပါတယ်။

share from: burmese.asia



မှတ်ချက်များ