ေရာ္နယ္ဒိုနဲ႔ခ်စ္ႀကိဳက္ခဲ့ရတဲ့ အခ်စ္ခရီးလမ္းအေျကာင္းကို ရင္ဖြင့္ခဲ့တဲ႔ မိန္းမလွေလးေဂ်ာ္ဂ်ီနာ
Zawgyiျဖင့္ဖတ္ရန္
Georgina Rodriguez ဟာ ေရာ္နယ္ဒိုနဲ႔မေတြ႕ခင္တုန္းကေတာ့ သာမန္မိန္းကေလးေတြလိုပါပဲ။ အလုပ္ကေလးလုပ္၊ မိသားစု၊ သူငယ္ခ်င္းေတြကို အခိ်န္ေပးရင္း ဘဝႀကီးကိုေအးေအးလူလူျဖတ္သန္းခဲ့ပါတယ္။ သူမဟာ စပိန္ႏိုင္ငံ၊ ဂ်ာကာၿမိဳ႕သူေလးျဖစ္ၿပီး ၁၉၉၅ ခုႏွစ္မွာ ေမြးဖြားလာခဲ့တာလို႔ အခုဆိုရင္ အသက္ ၂၅ ႏွစ္ပတ္ဝန္းက်င္ရွိလို႔ေနပါၿပီ။ အခုလက္ရွိမွာေတာ့ ကမၻာေက်ာ္ေဘာလံုးသမား ေရာ္နယ္ဒိုရဲ႕ ခ်စ္သူေလးအျဖစ္ ကေလးေလးေတြနဲ႔အတူတူ သာယာေပ်ာ္ရႊင္တဲ့ဘဝေလးကို ေနထုိင္ေနပါၿပီ။
ဒါေပမဲ့လည္း ေရာ္နယ္ဒိုနဲ႔ခ်စ္ႀကိဳက္ခဲ့ရတဲ့ အခ်စ္ခရီးလမ္းေလးကေတာ့ သူမအတြက္ ျမင္သေလာက္မေျဖာင့္ျဖဴးခဲ့ပါဘူးဆိုၿပီး မီဒီယာေတြကို ဖြင့္ခ်ခဲ့တဲ့အေၾကာင္း Daily Mail မွာ ေဖာ္ျပထားခဲ့ပါတယ္။
ေရာ္နယ္ဒိုနဲ႔စေတြ႕ၾကတဲ့ပံုေလးကလည္း အဆန္းပါ။ Georgina Rodriguez ဟာ အဲဒီအခ်ိန္တုန္းက Madrid က Gucci ဆိုင္မွာ အေရာင္းဝန္ထမ္းတစ္ေယာက္အျဖစ္ လုပ္ကိုင္ေနတုန္းပါ။ တစ္ရက္ သူမအလုပ္လုပ္ေနတဲ့ဆိုင္ကို ေရာ္နယ္ဒိုတစ္ေယာက္ customer အေနနဲ႔ေရာက္လာခဲ့ပါတယ္။ ဒါေပမဲ့ Georgina Rodriguez ရဲ႕ စိတ္ထဲမွာေတာ့ ေရာ္နယ္ဒိုကို customer တစ္ေယာက္ထက္ပိုတဲ့ ခံစားခ်က္မ်ိဳးနဲ႔ ျမင္ျမင္ခ်င္းမွာတင္ စိတ္ဝင္စားခ်စ္ကၽြမ္းဝင္သြားခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ တိုက္ဆုိင္စြာနဲ႔ပဲ ေနာက္တစ္ရက္မွာ Gucci ရဲ႕ ပြဲတစ္ပြဲကလည္းရွိခဲ့ၿပီး သူတုိ႔ႏွစ္ေယာက္ဟာ အဲဒီပြဲမွာပဲ စကားစတင္ေျပာျဖစ္ကာ ရင္းႏွီးမႈရသြားခဲ့ၾကပါေတာ့တယ္။
၂၀၁၆ ခုႏွစ္ကုန္ပိုင္းေလာက္မွာေတာာ့ ႏွစ္ဦးသားတရားဝင္တြဲခဲ့ၾကၿပီး ၂၀၁၇ ခုႏွစ္ဇူလိုင္လမွာေတာ့ ေရာ္နယ္ဒိုဟာ ခ်စ္သူေလး Georgina Rodriguez မွာ ကိုယ္ဝန္ရွိေနၿပီဆုိၿပီး စပိန္မဂၢဇင္းတစ္ခုကို ထုတ္ေျပာျပခဲ့ပါတယ္။ ကေလးေလးကေတာ့ Alana Martina ပါ။ သမီးေလးရၿပီးတဲ့အခ်ိန္ကစၿပီး သူတို႔ႏွစ္ေယာက္ၾကားက သံေယာဇဥ္ေတြဟာလည္း ပိုၿပီးခိုင္ျမဲလာၾကၿပီး လူေရွလည္းပိုထြင္ျပလာခဲ့ပါတယ္။ Georgina Rodriguez ဟာ ေရာနယ္ဒိုနဲ႔ရထားတဲ့ သမီးေလး Alana အျပင္ ေရာ္နယ္ဒိုတစ္ေယာက္ အငွားကိုယ္ဝန္ေဆာင္နဲ႔ ယူထားခဲ့တဲ့ အသက္ ၈ ႏွစ္အရြယ္ Cristiano Jr. ရယ္၊ ၂ႏွစ္အရြယ္ အမႊာေလးႏွစ္ေယာက္ Eva နဲ႔ Mateo တုိ႔ကုိလည္း ရင္ေသြးအရင္းအခ်ာသဖြယ္ ထိန္းေက်ာင္းျပဳစုေပးေနခဲ့ပါေသးတယ္။
တစ္ဖက္မွာလည္း Georgina Rodriguez ဟာ အမ်ိဳးသမီးဝတ္အတြင္းခံေတြကို ေၾကာ္ျငာေပးေနတဲ့ ပင္တိုင္ေမာ္ဒယ္တစ္ဦးျဖစ္လာခဲ့ပါၿပီ။ သူမအေနနဲ႔ ေရာ္နယ္ဒိုလိုမ်ိဳး စန္းပြင့္ၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့သူကို ခ်စ္သူေတာ္ထားရတာဟာ အရာရာကိုေတြးပူေနရလြန္းလို႔ ထင္သေလာက္မလြယ္ကူပါဘူးတဲ့။ သူတို႔ႏွစ္ေယာက္စစတြဲခ်င္းတုန္းကလည္း Georgina Rodriguez ဖက္ကပဲ ေရာ္နယ္ဒိုကို အတင္းလိုက္ျမွဴစြယ္ၿပီး ရခဲ့တာလိုလို ေျပာေနၾကၿပီး အခုလည္း တရားဝင္လက္မထပ္ရေသးတဲ့အေပၚမွာ ပတ္ဝန္းက်င္က ပုတ္ခတ္မႈေတြကို ေတာ္ေတာ္ေလး ခံေနရပါတယ္။ ဒါေပမဲ့လည္း ေရာ္နယ္ဒိုေရာ Georgina Rodriguez အေနနဲ႔ေရာက လက္ထပ္ဖို႔၊ လက္မထပ္ဖို႔ဆိုတာထက္ သာယာေပ်ာ္ရႊင္တဲ့မိသားစုဘဝေလးကို ေမတၱာေတြနဲ႔ ေရွ႕ဆက္ႏုိင္ဖို႔ကိုသာ ဦးစားေပးေနၾကပါတယ္တဲ့။
ေရာ္နယ္ဒိုနဲ႔ပတ္သက္ၿပီး Georgina Rodriguez ရဲ႕ လွ်ိဳ႕ဝွက္ခ်က္တစ္ခုကိုလည္း ဖြင့္ေျပာျပခဲ့ပါတယ္။ အဲဒါကေတာ့ ၾကာလာရင္ ရိုးတတ္တဲ့ လူ႕သဘာဝေၾကာင့္ သူတုိ႔ႏွစ္ေယာက္ၾကားထဲက အခ်စ္မီးပြားေလးကို ရင္ခုန္မႈေတြနဲ႔ဆက္လက္ရွင္သန္ႏုိင္ဖို႔ ညအိပ္တုိင္း သူမအေနနဲ႔ ဆြဲေဆာင္မႈရွိတဲ့ အတြင္းခံေတြ ဝတ္အိပ္ေလ့ရွိပါတယ္တဲ့။
Penny
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ရော်နယ်ဒိုနဲ့ချစ်ကြိုက်ခဲ့ရတဲ့ အချစ်ခရီးလမ်းအကြောင်းကို ရင်ဖွင့်ခဲ့တဲ့ မိန်းမလှလေးဂျော်ဂျီနာ
Georgina Rodriguez ဟာ ရော်နယ်ဒိုနဲ့မတွေ့ခင်တုန်းကတော့ သာမန်မိန်းကလေးတွေလိုပါပဲ။ အလုပ်ကလေးလုပ်၊ မိသားစု၊ သူငယ်ချင်းတွေကို အချိန်ပေးရင်း ဘဝကြီးကိုအေးအေးလူလူဖြတ်သန်းခဲ့ပါတယ်။ သူမဟာ စပိန်နိုင်ငံ၊ ဂျာကာမြို့သူလေးဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ မွေးဖွားလာခဲ့တာလို့ အခုဆိုရင် အသက် ၂၅ နှစ်ပတ်ဝန်းကျင်ရှိလို့နေပါပြီ။ အခုလက်ရှိမှာတော့ ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုရဲ့ ချစ်သူလေးအဖြစ် ကလေးလေးတွေနဲ့အတူတူ သာယာပျော်ရွှင်တဲ့ဘဝလေးကို နေထိုင်နေပါပြီ။
ဒါပေမဲ့လည်း ရော်နယ်ဒိုနဲ့ချစ်ကြိုက်ခဲ့ရတဲ့ အချစ်ခရီးလမ်းလေးကတော့ သူမအတွက် မြင်သလောက်မဖြောင့်ဖြူးခဲ့ပါဘူးဆိုပြီး မီဒီယာတွေကို ဖွင့်ချခဲ့တဲ့အကြောင်း Daily Mail မှာ ဖော်ပြထားခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့စတွေ့ကြတဲ့ပုံလေးကလည်း အဆန်းပါ။ Georgina Rodriguez ဟာ အဲဒီအချိန်တုန်းက Madrid က Gucci ဆိုင်မှာ အရောင်းဝန်ထမ်းတစ်ယောက်အဖြစ် လုပ်ကိုင်နေတုန်းပါ။ တစ်ရက် သူမအလုပ်လုပ်နေတဲ့ဆိုင်ကို ရော်နယ်ဒိုတစ်ယောက် customer အနေနဲ့ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ Georgina Rodriguez ရဲ့ စိတ်ထဲမှာတော့ ရော်နယ်ဒိုကို customer တစ်ယောက်ထက်ပိုတဲ့ ခံစားချက်မျိုးနဲ့ မြင်မြင်ချင်းမှာတင် စိတ်ဝင်စားချစ်ကျွမ်းဝင်သွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ နောက်တစ်ရက်မှာ Gucci ရဲ့ ပွဲတစ်ပွဲကလည်းရှိခဲ့ပြီး သူတို့နှစ်ယောက်ဟာ အဲဒီပွဲမှာပဲ စကားစတင်ပြောဖြစ်ကာ ရင်းနှီးမှုရသွားခဲ့ကြပါတော့တယ်။
၂၀၁၆ ခုနှစ်ကုန်ပိုင်းလောက်မှာတောာ့ နှစ်ဦးသားတရားဝင်တွဲခဲ့ကြပြီး ၂၀၁၇ ခုနှစ်ဇူလိုင်လမှာတော့ ရော်နယ်ဒိုဟာ ချစ်သူလေး Georgina Rodriguez မှာ ကိုယ်ဝန်ရှိနေပြီဆိုပြီး စပိန်မဂ္ဂဇင်းတစ်ခုကို ထုတ်ပြောပြခဲ့ပါတယ်။ ကလေးလေးကတော့ Alana Martina ပါ။ သမီးလေးရပြီးတဲ့အချိန်ကစပြီး သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေဟာလည်း ပိုပြီးခိုင်မြဲလာကြပြီး လူရှေလည်းပိုထွင်ပြလာခဲ့ပါတယ်။ Georgina Rodriguez ဟာ ရောနယ်ဒိုနဲ့ရထားတဲ့ သမီးလေး Alana အပြင် ရော်နယ်ဒိုတစ်ယောက် အငှားကိုယ်ဝန်ဆောင်နဲ့ ယူထားခဲ့တဲ့ အသက် ၈ နှစ်အရွယ် Cristiano Jr. ရယ်၊ ၂နှစ်အရွယ် အမွှာလေးနှစ်ယောက် Eva နဲ့ Mateo တို့ကိုလည်း ရင်သွေးအရင်းအချာသဖွယ် ထိန်းကျောင်းပြုစုပေးနေခဲ့ပါသေးတယ်။
တစ်ဖက်မှာလည်း Georgina Rodriguez ဟာ အမျိုးသမီးဝတ်အတွင်းခံတွေကို ကြော်ငြာပေးနေတဲ့ ပင်တိုင်မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပါပြီ။ သူမအနေနဲ့ ရော်နယ်ဒိုလိုမျိုး စန်းပွင့်ပြီး အောင်မြင်ကျော်ကြားတဲ့သူကို ချစ်သူတော်ထားရတာဟာ အရာရာကိုတွေးပူနေရလွန်းလို့ ထင်သလောက်မလွယ်ကူပါဘူးတဲ့။ သူတို့နှစ်ယောက်စစတွဲချင်းတုန်းကလည်း Georgina Rodriguez ဖက်ကပဲ ရော်နယ်ဒိုကို အတင်းလိုက်မြှူစွယ်ပြီး ရခဲ့တာလိုလို ပြောနေကြပြီး အခုလည်း တရားဝင်လက်မထပ်ရသေးတဲ့အပေါ်မှာ ပတ်ဝန်းကျင်က ပုတ်ခတ်မှုတွေကို တော်တော်လေး ခံနေရပါတယ်။ ဒါပေမဲ့လည်း ရော်နယ်ဒိုရော Georgina Rodriguez အနေနဲ့ရောက လက်ထပ်ဖို့၊ လက်မထပ်ဖို့ဆိုတာထက် သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို မေတ္တာတွေနဲ့ ရှေ့ဆက်နိုင်ဖို့ကိုသာ ဦးစားပေးနေကြပါတယ်တဲ့။
ရော်နယ်ဒိုနဲ့ပတ်သက်ပြီး Georgina Rodriguez ရဲ့ လျှို့ဝှက်ချက်တစ်ခုကိုလည်း ဖွင့်ပြောပြခဲ့ပါတယ်။ အဲဒါကတော့ ကြာလာရင် ရိုးတတ်တဲ့ လူ့သဘာဝကြောင့် သူတို့နှစ်ယောက်ကြားထဲက အချစ်မီးပွားလေးကို ရင်ခုန်မှုတွေနဲ့ဆက်လက်ရှင်သန်နိုင်ဖို့ ညအိပ်တိုင်း သူမအနေနဲ့ ဆွဲဆောင်မှုရှိတဲ့ အတွင်းခံတွေ ဝတ်အိပ်လေ့ရှိပါတယ်တဲ့။
Penny
Credit:Shwemom

မှတ်ချက်များ