ငယ္ဘဝက ေခ်ာေမာလွပမႈေတြကို ထုတ္ေဖာ္ျပလိုက္တဲ့ ခန႔္စည္သူ
Zawgyi ျဖင့္ဖတ္ရန္
အားလုံးနဲ႔ သင့္ျမတ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ မင္းသားတစ္လက္ကို ျပပါဆိုရင္ေတာ့ သ႐ုပ္ေဆာင္ ခန႔္စည္သူပါ။ ေရွ႕မွီေနာက္မွီ မင္းသားတစ္လက္ျဖစ္သလို အ႐ြယ္သုံးပါး ႏုပ်ိဳေနသူလည္း ျဖစ္ပါတယ္။ သူမ်ား မဂၤလာေဆာင္ေတြကို တက္ၿပီး အားရပါးရ ခ်ီးျမႇင့္ေပးေနတဲ့ လူပ်ိဳႀကီး ခန႔္စည္သူက အရႈပ္အရွင္းကင္းသလို ခုထိလည္း မစြံေသးပါဘူး။ တစ္ခါတစ္ေလ ေဈးဗန္းခင္းတဲ့ ပို႔စ္ေတြ တင္တတ္ေပမဲ့ အေျပာင္အပ်က္အေနနဲ႔ သေဘာထားၾကၿပီး အတည္အတန႔္ ဖတ္သြားသူက နည္းပါတယ္။
အ႐ြယ္သုံးပါး ႏုပ်ိဳပါတယ္ဆိုတဲ့ လူပ်ိဳႀကီးကိုမွ အသက္ (၇၀) ေက်ာ္ပါဆိုၿပီး YGW ဘိုးဘြားေစာင့္ေရွာက္ေရးေက်ာင္းမွ ဘြားဘြားႀကီး တစ္ေယာက္က အင္တာဗ်ဴးမွာ ေျဖသြားတာၾကည့္ၿပီး ပရိသတ္ေတြအတြက္ ရယ္ေမာစရာ ျဖစ္ခဲ့ပါတယ္။ တက္သစ္စ သ႐ုပ္ေဆာင္ေတြကို လက္တြဲေခၚသလို ဝါရင့္သ႐ုပ္ေဆာင္ေတြကိုလည္း ေလးစားတဲ့ ခန႔္စည္သူကိုေတာ့ လူႀကီးကအစ ကေလးအဆုံး မုန္းတဲ့သူ တစ္ေယာက္မွ မရွိပါဘူး။
လူပ်ိဳႀကီး ခန႔္စည္သူကေတာ့ ငယ္မူျပန္တဲ့ အေနနဲ႔ ငယ္ဘဝက အလန္းစား ဓာတ္ပုံေလးေတြကို ေဝမွ်ေပးခဲ့တာ ျဖစ္ၿပီး ေခ်ာေမာမႈေတြကို ျပန္လည္တူးဆြခဲ့ပါတယ္။ မျမင္ဖူးေသးတဲ့ လူေတြအတြက္ တအံ့တၾသ ျဖစ္ၾကရတာျဖစ္ၿပီး ခန႔္စည္သူေခတ္ကို ေကာင္းေကာင္းမီလိုက္တဲ့ ပရိသတ္ေတြအတြက္လည္း အမွတ္ရစရာေလးေတြ ျဖစ္ခဲ့ပါတယ္။လူပ်ိဳႀကီး ခန႔္စည္သူရဲ႕ အလွ အထြတ္အထိပ္ ေရာက္ခဲ့စဥ္က ပုံရိပ္ေတြကို ေဝမွ်ေပးလိုက္ပါတယ္။
share from : burmese.asia
Unicode ဖြင့်ဖတ်ရန်
ငယ်ဘဝက ချောမောလှပမှုတွေကို ထုတ်ဖော်ပြလိုက်တဲ့ ခန့်စည်သူ
အားလုံးနဲ့ သင့်မြတ်ပြီး ပျော်ပျော်နေတတ်တဲ့ မင်းသားတစ်လက်ကို ပြပါဆိုရင်တော့ သရုပ်ဆောင် ခန့်စည်သူပါ။ ရှေ့မှီနောက်မှီ မင်းသားတစ်လက်ဖြစ်သလို အရွယ်သုံးပါး နုပျိုနေသူလည်း ဖြစ်ပါတယ်။ သူများ မင်္ဂလာဆောင်တွေကို တက်ပြီး အားရပါးရ ချီးမြှင့်ပေးနေတဲ့ လူပျိုကြီး ခန့်စည်သူက အရှုပ်အရှင်းကင်းသလို ခုထိလည်း မစွံသေးပါဘူး။ တစ်ခါတစ်လေ ဈေးဗန်းခင်းတဲ့ ပို့စ်တွေ တင်တတ်ပေမဲ့ အပြောင်အပျက်အနေနဲ့ သဘောထားကြပြီး အတည်အတန့် ဖတ်သွားသူက နည်းပါတယ်။
အရွယ်သုံးပါး နုပျိုပါတယ်ဆိုတဲ့ လူပျိုကြီးကိုမှ အသက် (၇၀) ကျော်ပါဆိုပြီး YGW ဘိုးဘွားစောင့်ရှောက်ရေးကျောင်းမှ ဘွားဘွားကြီး တစ်ယောက်က အင်တာဗျူးမှာ ဖြေသွားတာကြည့်ပြီး ပရိသတ်တွေအတွက် ရယ်မောစရာ ဖြစ်ခဲ့ပါတယ်။ တက်သစ်စ သရုပ်ဆောင်တွေကို လက်တွဲခေါ်သလို ဝါရင့်သရုပ်ဆောင်တွေကိုလည်း လေးစားတဲ့ ခန့်စည်သူကိုတော့ လူကြီးကအစ ကလေးအဆုံး မုန်းတဲ့သူ တစ်ယောက်မှ မရှိပါဘူး။
လူပျိုကြီး ခန့်စည်သူကတော့ ငယ်မူပြန်တဲ့ အနေနဲ့ ငယ်ဘဝက အလန်းစား ဓာတ်ပုံလေးတွေကို ဝေမျှပေးခဲ့တာ ဖြစ်ပြီး ချောမောမှုတွေကို ပြန်လည်တူးဆွခဲ့ပါတယ်။ မမြင်ဖူးသေးတဲ့ လူတွေအတွက် တအံ့တသြ ဖြစ်ကြရတာဖြစ်ပြီး ခန့်စည်သူခေတ်ကို ကောင်းကောင်းမီလိုက်တဲ့ ပရိသတ်တွေအတွက်လည်း အမှတ်ရစရာလေးတွေ ဖြစ်ခဲ့ပါတယ်။လူပျိုကြီး ခန့်စည်သူရဲ့ အလှ အထွတ်အထိပ် ရောက်ခဲ့စဉ်က ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။
share from : burmese.asia


မှတ်ချက်များ