၁၃ ကီလို႐ိုတဲ့ မစင္တုံးႀကီးကို ဆရာဝန္မ်ားက ဗိုက္ထဲခြဲထုတ္ၿပီး အသက္ကယ္တင္ခဲ့ရ
Zawgyiျဖင့္ဖတ္ရန္
ဝမ္းဗိုက္ႀကီးက ပူေဖါင္းကာ အခ်ိန္မေ႐ြးကြဲထြက္ေတာ့မတတ္ျဖစ္ေနတဲ့ လူငယ္တစ္ဦးရဲ႕အသက္ကို တ႐ုပ္ႏိုင္ငံက ခြဲစိတ္ဆရာဝန္မ်ား ကယ္တင္ခဲ့ၾကရပါတယ္။
လြန္ခဲ့တဲ့ တစ္ပတ္က ရွန္ဟိုင္းၿမိဳ႕က ေဆး႐ုံကို Zhou Hai လို႔အမည္ရတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ လူငယ္ ေရာက္လာတဲ့အခ်ိန္မွာ ဗိုက္ေအာင့္တဲ့ ေဝဒနာကို အလူးအလဲခံစားေနရၿပီး အသက္ရႈလဲမြန္းက်ပ္ေနခဲ့ပါတယ္။
သူ႔ရဲ႕ ဗိုက္ကို CT စကင္ဖတ္ၾကည့္လိူက္တဲ့အခါ အူမႀကီးထဲမွာ မစင္ေတြ အႀကီးအက်ယ္ျပည့္သိပ္ေနတာကို အံ့ၾသစြာေတြ႕ခဲ့ရပါတယ္။ သူဟာ ငယ္ငယ္ေလးထဲက ဝမ္းခ်ဳပ္တဲ့ေဝဒနာကို အၿမဲခံစားေနခဲ့ရၿပီး ဝမ္းႏႈတ္ေဆးမ်ား စားေသာ္လည္း အနည္းငယ္သာ သက္သာခဲ့သည္ဟု ဆရာဝန္ေတြကို Zhou က ေျပာပါတယ္။
သူ႔ရဲ႕မိဘေတြကလည္း ဘာမွအေရးမႀကီးေလာက္ပါဘူးဟု ယူဆကာ စစ္ေဆးကုသမႈမ်ား မလုပ္ခဲ့တဲ့အတြက္ အသက္ ၂၂ ႏွစ္အ႐ြယ္မွာေတာ့ သူ႔ရဲ႕ဗိုက္ထဲမွာ မစင္ေတြ စုခဲလာခဲ့တာျဖစ္ပါတယ္။
၃ နာရီၾကာတဲ့ ခြဲစိပ္မႈအၿပီးမွာေတာ့ သူ႔ရဲ႕ အူမႀကီးထဲကေန ၁၃ ကီလိုေလးၿပီး အရွည္ ၇၆ မီတာရွည္တဲ့ မစင္တုံးအစိုင္အခဲႀကီးကို ဆရာဝန္ေတြက ဖယ္ရွားေပးႏိုင္ခဲ့ပါတယ္။
ခြဲစိတ္ၿပီးေနာက္မွာေတာ့ အူမႀကီးပုံမွန္ျပန္လည္ အလုပ္လုပ္ေစဖို႔ ကုသမႈေတြ ဆက္လက္ခံယူရမွာျဖစ္ပါတယ္။
ေမြးဖြားၿပီးကာစ ၄၈ နာရီအတြင္းမွာ မစင္မစြန္႔တဲ့ကေလးငယ္ေတြဟာ အသက္ႀကီးလာတဲ့အခါ Zhou ကဲ့သို႔ေသာအျဖစ္မ်ိဳး ႀကဳံေတြ႕ရတတ္ေၾကာင္း ဆရာဝန္မ်ားက ရွင္းျပခဲ့ၿပီး ျဖစ္ေတာင့္ျဖစ္ခဲ ျပသနာတစ္ခုဟုလည္း ဆိုပါတယ္။
ဒါေၾကာင့္ ေမြးလာတဲ့ ကေလးေတြရဲ႕ မစင္စြန္႔မႈအေျခအေနကို မိဘေတြအေနနဲ႔ ဂ႐ုစိုက္ကာ ပုံမွန္မဟုတ္ပါက ကုသမႈခံယူသင့္ေၾကာင္း ဆရာဝန္ေတြက အႀကံေပးထားပါတယ္။
Credit:Popolay
Unicodeဖြင့်ဖတ်ရန်
၁၃ ကီလိုရိုတဲ့ မစင်တုံးကြီးကို ဆရာဝန်များက ဗိုက်ထဲခွဲထုတ်ပြီး အသက်ကယ်တင်ခဲ့ရ
ဝမ်းဗိုက်ကြီးက ပူဖေါင်းကာ အချိန်မရွေးကွဲထွက်တော့မတတ်ဖြစ်နေတဲ့ လူငယ်တစ်ဦးရဲ့အသက်ကို တရုပ်နိုင်ငံက ခွဲစိတ်ဆရာဝန်များ ကယ်တင်ခဲ့ကြရပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်က ရှန်ဟိုင်းမြို့က ဆေးရုံကို Zhou Hai လို့အမည်ရတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ် ရောက်လာတဲ့အချိန်မှာ ဗိုက်အောင့်တဲ့ ဝေဒနာကို အလူးအလဲခံစားနေရပြီး အသက်ရှုလဲမွန်းကျပ်နေခဲ့ပါတယ်။
သူ့ရဲ့ ဗိုက်ကို CT စကင်ဖတ်ကြည့်လိူက်တဲ့အခါ အူမကြီးထဲမှာ မစင်တွေ အကြီးအကျယ်ပြည့်သိပ်နေတာကို အံ့သြစွာတွေ့ခဲ့ရပါတယ်။ သူဟာ ငယ်ငယ်လေးထဲက ဝမ်းချုပ်တဲ့ဝေဒနာကို အမြဲခံစားနေခဲ့ရပြီး ဝမ်းနှုတ်ဆေးများ စားသော်လည်း အနည်းငယ်သာ သက်သာခဲ့သည်ဟု ဆရာဝန်တွေကို Zhou က ပြောပါတယ်။
သူ့ရဲ့မိဘတွေကလည်း ဘာမှအရေးမကြီးလောက်ပါဘူးဟု ယူဆကာ စစ်ဆေးကုသမှုများ မလုပ်ခဲ့တဲ့အတွက် အသက် ၂၂ နှစ်အရွယ်မှာတော့ သူ့ရဲ့ဗိုက်ထဲမှာ မစင်တွေ စုခဲလာခဲ့တာဖြစ်ပါတယ်။
၃ နာရီကြာတဲ့ ခွဲစိပ်မှုအပြီးမှာတော့ သူ့ရဲ့ အူမကြီးထဲကနေ ၁၃ ကီလိုလေးပြီး အရှည် ၇၆ မီတာရှည်တဲ့ မစင်တုံးအစိုင်အခဲကြီးကို ဆရာဝန်တွေက ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။
ခွဲစိတ်ပြီးနောက်မှာတော့ အူမကြီးပုံမှန်ပြန်လည် အလုပ်လုပ်စေဖို့ ကုသမှုတွေ ဆက်လက်ခံယူရမှာဖြစ်ပါတယ်။
မွေးဖွားပြီးကာစ ၄၈ နာရီအတွင်းမှာ မစင်မစွန့်တဲ့ကလေးငယ်တွေဟာ အသက်ကြီးလာတဲ့အခါ Zhou ကဲ့သို့သောအဖြစ်မျိုး ကြုံတွေ့ရတတ်ကြောင်း ဆရာဝန်များက ရှင်းပြခဲ့ပြီး ဖြစ်တောင့်ဖြစ်ခဲ ပြသနာတစ်ခုဟုလည်း ဆိုပါတယ်။
ဒါကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ မစင်စွန့်မှုအခြေအနေကို မိဘတွေအနေနဲ့ ဂရုစိုက်ကာ ပုံမှန်မဟုတ်ပါက ကုသမှုခံယူသင့်ကြောင်း ဆရာဝန်တွေက အကြံပေးထားပါတယ်။
Credit:Popolay


မှတ်ချက်များ