တစ္ေန႔တာလုံး ကြန္ပ်ဴတာေရွ႕ထိုင္ၿပီး အလုပ္လုပ္ေနရသူေတြ သိထားရမယ့္ အခ်က္မ်ား
Zawgyi ျဖင့္ဖတ္ရန္
သင္ဟာ အလုပ္မွာ တစ္ေန႔လုံးနီးပါး ကြန္ပ်ဴတာေရွ႕ထိုင္ၿပီး အလုပ္လုပ္ရသူဆိုရင္ေတာ့ သင့္မ်က္လုံးအတြက္ ဂ႐ုစိုက္ေပးရမယ့္ အခ်က္ေလးေတြ ရွိလာပါၿပီ။ ဒီအခ်က္ကေလးေတြကို ဂ႐ုမျပဳပဲ ကြန္ပ်ဴတာေရွ႕ မနားမေန အလုပ္လုပ္ေနမယ္ဆိုရင္ေတာ့ မ်က္လုံးအားနည္းလာမွာျဖစ္ၿပီး၊ မ်က္ရည္ပူက်တာမ်ိဳး၊ ေခါင္းကိုက္တာမ်ိဳး စတဲ့ မ်က္လုံးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြ ခံစားလာရမွာ အေသအခ်ာပါပဲ။ ဒီေတာ့ ခုေျပာျပေပးမယ့္ အခ်က္ကေလးေတြကို ေသခ်ာလိုက္နာ လုပ္ေဆာင္ၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္။
၁။ မ်က္လုံးကို မၾကာခဏ မွိတ္ေပးပါ။
အလုပ္လုပ္ေနခ်ိန္အတြင္း တစ္ေန႔ကို အနည္းဆုံး ေျခာက္ႀကိမ္ေလာက္ မ်က္လုံးမွိတ္ေပးသင့္ပါတယ္။ တစ္ခါမွိတ္ရင္ ၁၀ စကၠန႔္ ေလာက္ၾကာေအာင္ မွိတ္ေပးထားလိုက္ပါ။ ဒီလိုလုပ္ေပးျခင္းက မ်က္သားေျခာက္ေသြ႕ျခင္းကေန ကင္းေဝေစပါလိမ့္မယ္။
၂။ မ်က္စဥ္းခတ္ေဆး အသုံးျပဳေပးပါ။
ကြန္ပ်ဴတာ စကရင္ကို အာ႐ုံစိုက္ေနတဲ့အခါ မ်က္ေတာင္ခတ္ႏႈန္းဟာ အရင္ကထက္ အႀကိမ္အေရအတြက္ ေလ်ာ့နည္းသြားပါတယ္။ ဒါဟာ မ်က္လုံးရဲ႕အေပၚအလႊာကို ေျခာက္ေသြ႕ေစတာပါပဲ။ ဒီေတာ့ မ်က္စဥ္းမၾကာခဏခတ္ေပးျခင္းက သင့္ကို ခုလို ျပသနာကေန ကင္းေဝးေစပါလိမ့္မယ္။
၃။ ထိုင္ခုံမွာ ပုံစံက်စြာ ေသခ်ာထိုင္ၿပီး ကိုယ္အလုပ္လုပ္တဲ့ေနရာက အလင္းေရာင္ေသခ်ာရရဲ႕လား သတိျပဳပါ။
သင္ဟာ ကြန္ပ်ဴတာနားကို အတင္းကပ္ၿပီး ၾကည့္တတ္တဲ့သူဆိုရင္ သင့္မ်က္လုံးဟာ အာ႐ုံစိုက္တဲ့အခါ ျပသနာျဖစ္ေစပါတယ္။ ဒီေတာ့ အလုပ္လုပ္ေနခ်ိန္ ကိုယ္ေနဟန္ထားကလည္း အေရးႀကီးျပန္ပါတယ္။ ဒါ့အျပင္ ကိုယ္အလုပ္လုပ္တဲ့ အခန္းက အရမ္းလင္းလြန္းအားႀကီး ေနရင္လည္း သင့္မ်က္လုံးအတြက္ မေကာင္းပါဘူး။ ဒီေတာ့ သင့္အခန္းက အရမ္းလင္းလြန္းေနတယ္၊ ကြန္ပ်ဴတာ ၾကည့္ရတာ အဆင္မေျပဘူးထင္ရင္ ခန္းဆီးလိုက္ကာေတြကို ေသခ်ာတပ္ဖို႔ လိုပါတယ္။
၄။ သင့္မ်က္လုံးအတြက္ သင့္ေတာ္ေကာင္းမြန္တဲ့ screen ကိုသာ အသုံးျပဳပါ။
ဟိုးအရင္ ကြန္ပ်ဴတာေတြမွာ သုံးတဲ့ screen ေတြဟာ မ်က္လုံးအတြက္ သိပ္မေကာင္းပါဘူး။ မ်က္လုံးကို ထိေစတဲ့အျပင္ ေခါင္းကိုက္ေရာဂါကိုပါ ျဖစ္ေစတတ္တာေၾကာင့္ သင့္ ခုသုံးေနတဲ့ screen ဟာ သင့္မ်က္လုံးအတြက္ သင့္ေတာ္ ေကာင္းမြန္တဲ့ LCD screen မ်ိဳး ျဖစ္ပါေစ။
၅။ ကြန္ပ်ဴတာၾကည့္ျခင္းကေန မၾကာခဏ နားတာမ်ိဳးလည္ လုပ္ေပးပါ။
ထမင္းစားခ်ိန္ကြန္ပ်ဴတာေရွ႕မွာပဲထိုင္စားတာမ်ိဳးေတြမလုပ္ပါနဲ႔။ ဒါ့အျပင္ ေန႔လည္ဘက္ ေကာ္ဖီေသာက္တာ၊ ေရထေသာက္တာမ်ိဳးေတြ လုပ္ေပးၿပီး မ်က္လုံး အနားရေအာင္ လုပ္ေပးဖို႔လည္း လိုအပ္ပါတယ္။ အဲ့ဒီလို နားတဲ့အခ်ိန္ ျပတင္းေပါက္နားသြားၿပီး အျပင္ဘက္က ျမင္ကြင္းကို ၾကည့္ေပးတာမ်ိဳး၊ စိမ္းစိမ္းစိုစို ျမင္ကြင္းေတြၾကည့္ၿပီး မ်က္စိအနားေပးတာ လုပ္ေပးဖို႔ လိုပါတယ္။
Source by – Trend Myanmar
Unicode ဖြင့်ဖတ်ရန်
တစ်နေ့တာလုံး ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်နေရသူတွေ သိထားရမယ့် အချက်များ
သင်ဟာ အလုပ်မှာ တစ်နေ့လုံးနီးပါး ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်ရသူဆိုရင်တော့ သင့်မျက်လုံးအတွက် ဂရုစိုက်ပေးရမယ့် အချက်လေးတွေ ရှိလာပါပြီ။ ဒီအချက်ကလေးတွေကို ဂရုမပြုပဲ ကွန်ပျူတာရှေ့ မနားမနေ အလုပ်လုပ်နေမယ်ဆိုရင်တော့ မျက်လုံးအားနည်းလာမှာဖြစ်ပြီး၊ မျက်ရည်ပူကျတာမျိုး၊ ခေါင်းကိုက်တာမျိုး စတဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားလာရမှာ အသေအချာပါပဲ။ ဒီတော့ ခုေပြာပြပေးမယ့် အချက်ကလေးတွေကို သေချာလိုက်နာ လုပ်ဆောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။
၁။ မျက်လုံးကို မကြာခဏ မှိတ်ပေးပါ။
အလုပ်လုပ်နေချိန်အတွင်း တစ်နေ့ကို အနည်းဆုံး ေခြာက်ကြိမ်လောက် မျက်လုံးမှိတ်ပေးသင့်ပါတယ်။ တစ်ခါမှိတ်ရင် ၁၀ စက္ကန့် လောက်ကြာအောင် မှိတ်ပေးထားလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက မျက်သားေခြာက်သွေ့ခြင်းကနေ ကင်းဝေစေပါလိမ့်မယ်။
၂။ မျက်စဉ်းခတ်ဆေး အသုံးပြုပေးပါ။
ကွန်ပျူတာ စကရင်ကို အာရုံစိုက်နေတဲ့အခါ မျက်တောင်ခတ်နှုန်းဟာ အရင်ကထက် အကြိမ်အရေအတွက် လျော့နည်းသွားပါတယ်။ ဒါဟာ မျက်လုံးရဲ့အပေါ်အလွှာကို ေခြာက်သွေ့စေတာပါပဲ။ ဒီတော့ မျက်စဉ်းမကြာခဏခတ်ပေးခြင်းက သင့်ကို ခုလို ပြသနာကနေ ကင်းဝေးစေပါလိမ့်မယ်။
၃။ ထိုင်ခုံမှာ ပုံစံကျစွာ သေချာထိုင်ပြီး ကိုယ်အလုပ်လုပ်တဲ့နေရာက အလင်းရောင်သေချာရရဲ့လား သတိပြုပါ။
သင်ဟာ ကွန်ပျူတာနားကို အတင်းကပ်ပြီး ကြည့်တတ်တဲ့သူဆိုရင် သင့်မျက်လုံးဟာ အာရုံစိုက်တဲ့အခါ ပြသနာဖြစ်စေပါတယ်။ ဒီတော့ အလုပ်လုပ်နေချိန် ကိုယ်နေဟန်ထားကလည်း အရေးကြီးပြန်ပါတယ်။ ဒါ့အပြင် ကိုယ်အလုပ်လုပ်တဲ့ အခန်းက အရမ်းလင်းလွန်းအားကြီး နေရင်လည်း သင့်မျက်လုံးအတွက် မကောင်းပါဘူး။ ဒီတော့ သင့်အခန်းက အရမ်းလင်းလွန်းနေတယ်၊ ကွန်ပျူတာ ကြည့်ရတာ အဆင်မေပြဘူးထင်ရင် ခန်းဆီးလိုက်ကာတွေကို သေချာတပ်ဖို့ လိုပါတယ်။
၄။ သင့်မျက်လုံးအတွက် သင့်တော်ကောင်းမွန်တဲ့ screen ကိုသာ အသုံးပြုပါ။
ဟိုးအရင် ကွန်ပျူတာတွေမှာ သုံးတဲ့ screen တွေဟာ မျက်လုံးအတွက် သိပ်မကောင်းပါဘူး။ မျက်လုံးကို ထိစေတဲ့အပြင် ခေါင်းကိုက်ရောဂါကိုပါ ဖြစ်စေတတ်တာေကြာင့် သင့် ခုသုံးနေတဲ့ screen ဟာ သင့်မျက်လုံးအတွက် သင့်တော် ကောင်းမွန်တဲ့ LCD screen မျိုး ဖြစ်ပါစေ။
၅။ ကွန်ပျူတာကြည့်ခြင်းကနေ မကြာခဏ နားတာမျိုးလည် လုပ်ပေးပါ။
ထမင်းစားချိန်ကွန်ပျူတာရှေ့မှာပဲထိုင်စားတာမျိုးတွေမလုပ်ပါနဲ့။ ဒါ့အပြင် နေ့လည်ဘက် ကော်ဖီသောက်တာ၊ ရေထသောက်တာမျိုးတွေ လုပ်ပေးပြီး မျက်လုံး အနားရအောင် လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒီလို နားတဲ့အချိန် ပြတင်းပေါက်နားသွားပြီး အပြင်ဘက်က မြင်ကွင်းကို ကြည့်ပေးတာမျိုး၊ စိမ်းစိမ်းစိုစို မြင်ကွင်းတွေကြည့်ပြီး မျက်စိအနားပေးတာ လုပ်ပေးဖို့ လိုပါတယ်။
Source by – Trend Myanmar


မှတ်ချက်များ