ေက်ာက္ကပ္ကို ပ်က္စီးေစႏိုင္ေပမယ့္ လူႀကိဳက္အရမ္းမ်ားတဲ့ အစားအစာ (၄) မ်ိဳး
Zawgyi ျဖင့္ဖတ္ရန္
ခႏၶာကိုယ္အတြက္ အေရးပါတဲ့ ေက်ာက္ကပ္ဟာ ဟိုမုန္းေတြကို ထုတ္လုပ္ေပးၿပီးေတာ့၊ မလိုအပ္တဲ့ အရည္ေတြျဖစ္တဲ့ ဆီးေတြ၊ အဆိပ္အေတာက္ျဖစ္ေစတဲ့ အရည္ေတြနဲ႔ တစ္ျခားေသာ ပိုလွ်ံေနတဲ့ အရာေတြကို စြန႔္ထုတ္ေပးပါတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္က်န္းမာဖို႔က တကယ့္ကို အေရးႀကီးပါတယ္။ မထင္ထားေလာက္တဲံ ေန႔စဥ္ စားေသာက္ေနတဲ့ အရာေတြထဲမွာ ေက်ာက္ကပ္ကို ပ်က္စီးေစႏိုင္တဲ့ အစားအစာေတြ ပါဝင္ေနပါတယ္။
ေထာပတ္သီး
လူႀကိဳက္မ်ားတဲ့ အသီးတစ္မ်ိဳးျဖစ္တဲ့ ေထာပတ္သီးကို အလြန္အကြၽံစားျခင္းက ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ပါတယ္။ ေထာပတ္သီးမွာ potassium ျမင့္မားစြာ ပါဝင္တဲ့ အတြက္ေၾကာင့္ အထူးသျဖင့္ ေက်ာက္ကပ္ေရာဂါ ရွိသူေတြ မစားသင့္ပါဘူး။ ခႏၶာကိုယ္အတြက္ potassium ဓာတ္ဟာ လိုအပ္တယ္ဆိုေပမယ့္ မ်ားလြန္းသြားတဲ့ အခါမွာ ႂကြက္သားေတြ နာက်င္တာ၊ ႏွလုံးခုန္ မမွန္တာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။
အသား
ေန႔စဥ္စားေသာက္တတ္တဲ့ အသားကို အလြန္အကြၽံစားမိရင္ေတာ့ ေက်ာက္ကပ္ကို ျပသနာျဖစ္ေစပါတယ္။ တိရစၱာန္ေတြကရတဲ့ အသားဟာ ဇီဝကမၼျဖစ္စဥ္ကို ေႏွးေကြးေစၿပီးေတာ့ ဆီးလမ္းေၾကာင္းကို ျပသနာျဖစ္ေစႏိုင္ပါတယ္။ အသားမွာပါဝင္တဲ့ purines ဓာတ္ဟာ uric acid ထုတ္လုပ္မႈကို ျဖစ္ေပၚေစတဲ့အတြက္ ေက်ာက္ကပ္ေက်ာက္တည္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။
ဆား
Sodium ျဖစ္တဲ့ ဆားကို တစ္ေန႔မွာ ပ်မ္းမွ်အားျဖင့္ လက္ဖက္ရည္ဇြန္း တစ္ဇြန္စာ ခန႔္သာ စားသုံးေပးသင့္ပါတယ္။ ဆားကို အလြန္အကြၽံစားမိရင္ ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္မႈလုပ္ငန္းေတြကို ခက္ခဲေစၿပီးေတာ့ ေသြးတိုးျခင္းကို ျဖစ္ေပၚေစပါတယ္။
ငွက္ေပ်ာသီး
ငွက္ေပ်ာသီးဟာ အဟာရရွိေပမယ့္လို႔ တန္ေဆး လြန္ေဘးဆိုတဲ့ စကားရွိပါတယ္။ ငွက္ေပ်ာသီးမွာ potassium ဓာတ္ျမင့္မားစြာပါဝင္တဲ့ အတြက္ ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသား က်န္းမာတဲ့ လူတစ္ေယာက္ဟာ potassium 3500-4700 mg တစ္ေန႔ကို အစားအေသာက္ေတြကေန စားသုံးေပးသင့္ပါတယ္။ ငွက္ေပ်ာသီး တစ္လုံးမွာ ပ်မ္းမွ် potassium 537mg ပါဝင္တဲ့ အတြက္ေၾကာင့္ အလြန္အကြၽံစားရင္ ခႏၶာကိုယ္ကို ဆိုးက်ိဳးျဖစ္ေစပါတယ္။
Credit :Auntymay
Unicode ဖြင့်ဖတ်ရန်
ကျောက်ကပ်ကို ပျက်စီးစေနိုင်ပေမယ့် လူကြိုက်အရမ်းများတဲ့ အစားအစာ (၄) မျိုး
ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကျောက်ကပ်ဟာ ဟိုမုန်းတွေကို ထုတ်လုပ်ပေးပြီးတော့၊ မလိုအပ်တဲ့ အရည်တွေဖြစ်တဲ့ ဆီးတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အရည်တွေနဲ့ တစ်ခြားသော ပိုလျှံနေတဲ့ အရာတွေကို စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာဖို့က တကယ့်ကို အရေးကြီးပါတယ်။ မထင်ထားလောက်တဲံ နေ့စဉ် စားသောက်နေတဲ့ အရာတွေထဲမှာ ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အစားအစာတွေ ပါဝင်နေပါတယ်။
ထောပတ်သီး
လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်တဲ့ ထောပတ်သီးကို အလွန်အကျွံစားခြင်းက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ထောပတ်သီးမှာ potassium မြင့်မားစွာ ပါဝင်တဲ့ အတွက်ကြောင့် အထူးသဖြင့် ကျောက်ကပ်ရောဂါ ရှိသူတွေ မစားသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် potassium ဓာတ်ဟာ လိုအပ်တယ်ဆိုပေမယ့် များလွန်းသွားတဲ့ အခါမှာ ကြွက်သားတွေ နာကျင်တာ၊ နှလုံးခုန် မမှန်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ယောက်ကို ပြတ်စဲသွားစေနိုင်တာကြောင့် ချစ်သူကို ဒီအချက်တွေ လုံးဝဖွင့်မပြောသင့်
အသား
နေ့စဉ်စားသောက်တတ်တဲ့ အသားကို အလွန်အကျွံစားမိရင်တော့ ကျောက်ကပ်ကို ပြသနာဖြစ်စေပါတယ်။ တိရစ္တာန်တွေကရတဲ့ အသားဟာ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီးတော့ ဆီးလမ်းကြောင်းကို ပြသနာဖြစ်စေနိုင်ပါတယ်။ အသားမှာပါဝင်တဲ့ purines ဓာတ်ဟာ uric acid ထုတ်လုပ်မှုကို ဖြစ်ပေါ်စေတဲ့အတွက် ကျောက်ကပ်ကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဆား
Sodium ဖြစ်တဲ့ ဆားကို တစ်နေ့မှာ ပျမ်းမျှအားဖြင့် လက်ဖက်ရည်ဇွန်း တစ်ဇွန်စာ ခန့်သာ စားသုံးပေးသင့်ပါတယ်။ ဆားကို အလွန်အကျွံစားမိရင် ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုလုပ်ငန်းတွေကို ခက်ခဲစေပြီးတော့ သွေးတိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးဟာ အဟာရရှိပေမယ့်လို့ တန်ဆေး လွန်ဘေးဆိုတဲ့ စကားရှိပါတယ်။ ငှက်ပျောသီးမှာ potassium ဓာတ်မြင့်မားစွာပါဝင်တဲ့ အတွက် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား ကျန်းမာတဲ့ လူတစ်ယောက်ဟာ potassium 3500-4700 mg တစ်နေ့ကို အစားအသောက်တွေကနေ စားသုံးပေးသင့်ပါတယ်။ ငှက်ပျောသီး တစ်လုံးမှာ ပျမ်းမျှ potassium 537mg ပါဝင်တဲ့ အတွက်ကြောင့် အလွန်အကျွံစားရင် ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေပါတယ်။
Credit :Auntymay


မှတ်ချက်များ