ရင့္က်က္တဲ့ “မမ” ဆိုတာ ဒီအခ်က္ေတြနဲ႔ ကိုက္ညီေနတဲ့သူပါ……


Zawgyiျဖင့္ဖတ္ရန္

လူဆိုတာ အသက္အရြယ္အလိုက္ ေျပာင္းလဲသြားတာပါ။ ဆယ္ေက်ာ္သက္ေလာက္နဲ႔ေတာ့ မမ ျဖစ္ခ်င္လို႔ မရဘူးေနာ္..

မမဆိုတာမ်ိဳးက ဒီလိုမ်ိဳး စတိုင္က် လွပၿပီး ရင့္က်က္တဲ့သူေတြကို ေျပာတာပါ။

(၁) ကေလးမဆန္ဘူး။

မမ ဆိုမွေတာ့ ဘယ္ကေလးဆန္ေနမလဲေနာ့.. မမဆိုတာ ဆယ္ေက်ာ္သက္ဘဝကို ျဖတ္ေက်ာ္ၿပီးသားပါ။ ဒါေၾကာင့္ ခ်ာတိတ္တို႔ ခံစားခ်က္ေတြကို ကိုယ္ခ်င္းစာ နားလည္တတ္ပါတယ္ေနာ္။ ေနာက္ၿပီးေတာ့ မမေတြက တစ္ခုခုကို အက်ိဳးအေၾကာင္းမရွိ အထအန ေကာက္ေနမယ့္သူေတြ မဟုတ္သလို ဘာလုပ္ရင္ ဘာျဖစ္မယ္ဆိုတာ သိၿပီး ဆင္ျခင္တံုတရား ရွိတဲ့သူေတြပါ။

(၂) စတိုင္က်တယ္

မမေတြကို ၾကည့္လိုက္ အျမဲ စတိုင္က်ေနလိမ့္မယ္။ ဘယ္ေနရာသြားရင္ ဘယ္လို လိုက္ဖက္ေအာင္ ဝတ္ရမယ္ ဆိုတာ သိလို႔ ဘယ္ေနရာမွာ ေတြ႔ေတြ႔ မမေတြ လွေနၿပီးသား။ မမေတြက ကေလးဆန္ေအာင္သာ မဝတ္တာ လူငယ္အထာ ဝတ္ဖို႔ဆို မမေတြက ကၽြမ္းၿပီးသားပဲ။ မမေတြနဲ႕ ယွဥ္ေလွ်ာက္ၾကည့္ ခ်ာတိတ္ေတြ အလိုလို သိမ္ငယ္သြားလိမ့္မယ္။ မယံုရင္ လက္ေတြ႕ ယွဥ္ၾကည့္ၾက  😀

(၃) ပလီပလာေတြနဲ႔ အခ်ိန္အကုန္မခံဘူး။

ညဳတုတုနဲ႔ တီတီတာတာစကားေတြ မမေတြက ဘယ္ေတာ့မွ ေျပာမွာ မဟုတ္ပါဘူး။ အဲ့သည္လိုဆိုေပမယ့္ မိန္းမၾကမ္းေတြလို႔ မထင္လိုက္နဲ႔…။ မမေတြက အက်ိဳးသင့္အေၾကာင္းသင့္ ေျပာတတ္လိုက္တာမွ နားဝင္ေတာင္ခ်ိဳေနဦးမယ္။ မမေတြကို ပလီပလာစကားေတြနဲ႔လည္း လာပတ္လို႔ ရမွာ မဟုတ္ဘူး။ ဒါမ်ိဳးေတြက ရိုးေနၿပီမို႔ မမတို႔အတြက္ကေတာ့ ဟာသသက္သက္ေတာင္ ျဖစ္ေနၿပီ။

(၄) ထက္ျမက္တယ္။

မမေတြက ကိုယ္ ဘာျဖစ္ခ်င္လဲ ဘာလုပ္ခ်င္လဲ ဆိုတာ သိတဲ့ သူေတြပါ။ ဒါေၾကာင့္ အျမဲ ႀကိဳးစားေနသလို ျဖစ္ခ်င္တာကို ျဖစ္ေအာင္ လုပ္ၾကတာလည္း မမေတြရဲ႕ အရည္အခ်င္းပဲေနာ္။ ကိုယ့္ဝင္ေငြကိုယ္ရွာၿပီး မမေတြက ဘဝအတြက္ အျမဲႀကိဳးစားေနသူေတြ ျဖစ္လို႔ ေငြေၾကးတန္ဖိုး ေကာင္းေကာင္းနားလည္ေနပါၿပီ။ ေငြေၾကးစီမံခန္႔ခြဲမႈအျပင္ အစစအရာရာ မမေတြက စည္းစနစ္က်တဲ့သူေတြ ျဖစ္ပါတယ္။

(၅) လြယ္လြယ္ မခ်စ္တတ္ၾကဘူး။

မမေတြက လူေတြ အမ်ားႀကီးနဲ႔ ႀကံဳဖူး ဆံုဖူးတဲ့ သူေတြပါ။ သာမန္လူ အရိပ္အကဲေလာက္ကေတာ့ မမေတြက ေအးေဆး အကဲခတ္တတ္တယ္။ ဒါေၾကာင့္ မမေတြက လူေတြကို အလြယ္တကူ မယံုတတ္ၾကပါဘူး။ မမကို လာစိတ္ကစားတာေတြေလာက္ေတာ့ မမေတြက ႏွစ္ခါ အကဲခတ္စရာမလိုဘူး….သိေနၿပီးသားပါ။ မမေတြက ခ်စ္မိၿပီဆိုရင္ စိတ္ထဲ ဖံုးကြယ္ၿပီး အကဲခတ္ေနတတ္ေသးသလို မမေတြဘက္က ဘယ္ေတာ့မွ သစၥာေဖာက္မွာ မဟုတ္ဘူးေနာ္။ အမွား လုပ္မိရင္လည္း နားလည္ေပးၿပီး ဆံုးမတတ္ၾကေသးတယ္။ ဒါေပမယ့္ လိမ္တာကိုေတာ့ အမုန္းဆံုး ျဖစ္ၾကပါတယ္။

Written by Kham

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ရင့်ကျက်တဲ့ “မမ” ဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့သူပါ……

လူဆိုတာ အသက်အရွယ်အလိုက် ပြောင်းလဲသွားတာပါ။ ဆယ်ကျော်သက်လောက်နဲ့တော့ မမ ဖြစ်ချင်လို့ မရဘူးနော်..

မမဆိုတာမျိုးက ဒီလိုမျိုး စတိုင်ကျ လှပပြီး ရင့်ကျက်တဲ့သူတွေကို ပြောတာပါ။

(၁) ကလေးမဆန်ဘူး။

မမ ဆိုမှတော့ ဘယ်ကလေးဆန်နေမလဲနော့.. မမဆိုတာ ဆယ်ကျော်သက်ဘဝကို ဖြတ်ကျော်ပြီးသားပါ။ ဒါကြောင့် ချာတိတ်တို့ ခံစားချက်တွေကို ကိုယ်ချင်းစာ နားလည်တတ်ပါတယ်နော်။ နောက်ပြီးတော့ မမတွေက တစ်ခုခုကို အကျိုးအကြောင်းမရှိ အထအန ကောက်နေမယ့်သူတွေ မဟုတ်သလို ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ သိပြီး ဆင်ခြင်တုံတရား ရှိတဲ့သူတွေပါ။

(၂) စတိုင်ကျတယ်

မမတွေကို ကြည့်လိုက် အမြဲ စတိုင်ကျနေလိမ့်မယ်။ ဘယ်နေရာသွားရင် ဘယ်လို လိုက်ဖက်အောင် ဝတ်ရမယ် ဆိုတာ သိလို့ ဘယ်နေရာမှာ တွေ့တွေ့ မမတွေ လှနေပြီးသား။ မမတွေက ကလေးဆန်အောင်သာ မဝတ်တာ လူငယ်အထာ ဝတ်ဖို့ဆို မမတွေက ကျွမ်းပြီးသားပဲ။ မမတွေနဲ့ ယှဉ်လျှောက်ကြည့် ချာတိတ်တွေ အလိုလို သိမ်ငယ်သွားလိမ့်မယ်။ မယုံရင် လက်တွေ့ ယှဉ်ကြည့်ကြ  😀

(၃) ပလီပလာတွေနဲ့ အချိန်အကုန်မခံဘူး။

ညုတုတုနဲ့ တီတီတာတာစကားတွေ မမတွေက ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ အဲ့သည်လိုဆိုပေမယ့် မိန်းမကြမ်းတွေလို့ မထင်လိုက်နဲ့…။ မမတွေက အကျိုးသင့်အကြောင်းသင့် ပြောတတ်လိုက်တာမှ နားဝင်တောင်ချိုနေဦးမယ်။ မမတွေကို ပလီပလာစကားတွေနဲ့လည်း လာပတ်လို့ ရမှာ မဟုတ်ဘူး။ ဒါမျိုးတွေက ရိုးနေပြီမို့ မမတို့အတွက်ကတော့ ဟာသသက်သက်တောင် ဖြစ်နေပြီ။

(၄) ထက်မြက်တယ်။

မမတွေက ကိုယ် ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ဆိုတာ သိတဲ့ သူတွေပါ။ ဒါကြောင့် အမြဲ ကြိုးစားနေသလို ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ကြတာလည်း မမတွေရဲ့ အရည်အချင်းပဲနော်။ ကိုယ့်ဝင်ငွေကိုယ်ရှာပြီး မမတွေက ဘဝအတွက် အမြဲကြိုးစားနေသူတွေ ဖြစ်လို့ ငွေကြေးတန်ဖိုး ကောင်းကောင်းနားလည်နေပါပြီ။ ငွေကြေးစီမံခန့်ခွဲမှုအပြင် အစစအရာရာ မမတွေက စည်းစနစ်ကျတဲ့သူတွေ ဖြစ်ပါတယ်။

(၅) လွယ်လွယ် မချစ်တတ်ကြဘူး။

မမတွေက လူတွေ အများကြီးနဲ့ ကြုံဖူး ဆုံဖူးတဲ့ သူတွေပါ။ သာမန်လူ အရိပ်အကဲလောက်ကတော့ မမတွေက အေးဆေး အကဲခတ်တတ်တယ်။ ဒါကြောင့် မမတွေက လူတွေကို အလွယ်တကူ မယုံတတ်ကြပါဘူး။ မမကို လာစိတ်ကစားတာတွေလောက်တော့ မမတွေက နှစ်ခါ အကဲခတ်စရာမလိုဘူး….သိနေပြီးသားပါ။ မမတွေက ချစ်မိပြီဆိုရင် စိတ်ထဲ ဖုံးကွယ်ပြီး အကဲခတ်နေတတ်သေးသလို မမတွေဘက်က ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးနော်။ အမှား လုပ်မိရင်လည်း နားလည်ပေးပြီး ဆုံးမတတ်ကြသေးတယ်။ ဒါပေမယ့် လိမ်တာကိုတော့ အမုန်းဆုံး ဖြစ်ကြပါတယ်။

Written by Kham

Credit:Aunty May

မှတ်ချက်များ