မိေက်ာင္းနဲ႔ လုံးေထြးသတ္ပုတ္ၿပီး အသက္ေဘးက လြတ္ေျမာက္လာခဲ့တဲ့ ၾသစေၾတးလ်အမ်ိဳးသား



Zawgyi ျဖင့္ဖတ္ရန္

ၾသစေၾတးလ်ေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းေရးသမားတစ္ဦးဟာ တြားသြားသတၱဝါျဖစ္တဲ့ မိေက်ာင္းတစ္ေကာင္နဲ႔ လုံးေထြး သတ္ပုတ္ခဲ့အၿပီး သူ႔ရဲ႕ေၾကာက္မက္ဖြယ္ရာလြတ္ေျမာက္မႈအေၾကာင္းကို အေသးစိတ္ျပန္ေျပာျပခဲ့ပါတယ္။ ဉာဏ္နီ ဉာဏ္နက္မ်ားတဲ့ မိေက်ာင္းတစ္ေကာင္နဲ႔သတ္ပုတ္ခဲ့တာျဖစ္ၿပီး မိေက်ာင္းရဲ႕မ်က္လုံးကို လက္နဲ႔ထိုးေဖာက္ကာ ထြက္ေျပး လြတ္ေျမာက္လာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ၾသစေၾတးလ်ႏိုင္ငံေျမာက္ပိုင္းမွာရွိတဲ့ ေဝးလံေခါင္သီၿပီး မိေက်ာင္းေတြက်က္စားတဲ့ေနရာမွာ ငါးဖမ္းသြားဖို႔ကို စကၠန႔္ပိုင္းအတြင္းဆုံးျဖတ္ခ်က္ခ်ခဲ့တဲ့ Craig Dickmann က သူကမ္းေျခကေနထြက္ခြာလာတဲ့အခ်ိန္မွာ ၂.၈ မီတာ (၉ ေပ)ရွိတဲ့ မိေက်ာင္းတစ္ေကာင္က သူ႔ေနာက္ကေနကပ္လိုက္လာခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။



‘သြားေတာ့မလို႔လွည့္လိုက္တဲ့အခ်ိန္မွာ ပထမဆုံးေတြ႕လိုက္ရတာက ငါ့ဆီကိုတည့္တည့္လာေနတဲ့ မိေက်ာင္းရဲ႕ေခါင္းႀကီး ကိုျမင္လိုက္ရတာပဲ’လို႔ ေသာၾကာေန႔က Queensland ျပည္နယ္မွာရွိတဲ့ Cairns ရွိေဆး႐ုံကုတင္ေပၚကေန သတင္းေထာက္ ေတြကိုေျပာျပေနတာပါ။ မိေက်ာင္းက သူ႔ရဲ႕ေပါင္ကို ဆြဲကိုက္ထားတာလို႔လည္း ဆိုပါတယ္။

‘ကြၽန္ေတာ့္ကို ဆတ္ခနဲကိုက္လိုက္တဲ့အခါ သူရဲ႕ေမး႐ိုးကေနထြက္လာတဲ့ အဲဒီအသံႀကီးက ကြၽန္ေတာ့္ကို တစ္သက္လုံး ေျခာက္လွန႔္ေနေတာ့မွာပဲ’လို႔ သူကဆိုပါတယ္။
မိေက်ာင္းႀကီးက သူ႔ကို ေရထဲကိုဆြဲခ်သြားဖို႔ႀကိဳးစားေနတာျဖစ္ၿပီး ဒီေလာက္ေဝးလံတဲ့ကမ္းေျခမွာ မိေက်ာင္းနဲ႔ လုံးေထြးသတ္ပုတ္ေနခဲ့တာျဖစ္တယ္လို႔ အသက္ ၅၄ ႏွစ္အ႐ြယ္ရွိ သူကဆိုပါတယ္။

ဒစ္ခ္မန္း က လက္မနဲ႔ မိေက်ာင္းရဲ႕မ်က္လုံးကိုထိုးႏႈိက္ခဲ့တာျဖစ္ၿပီး က်ည္ကာအက်ၤ ီဝတ္ထားသလိုမ်ိဳးတိရစာၦန္မွာ အဲဒီေနရာတစ္ခုတည္းက အသားေပ်ာ့ေနတာျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။





“မိေက်ာင္းေတြရဲ႕ မ်က္လုံးေတြက ခ်ိဳင့္ခြက္ႀကီးေတြဆိုေတာ့ အ႐ိုးကို ခံစားမိတဲ့အထိ မ်က္လုံးကို တြန္းႏိုင္သမွ်တြန္းလိုက္ေတာ့မွ မိေက်ာင္းက လႊတ္ေပးလိုက္တာ”လို႔ ဒစ္မင္းက ေျပာပါတယ္။

မိနစ္အနည္းငယ္ၾကာေတာ့ သူက မိေက်ာင္းရဲ႕အေပၚကိုတက္ၿပီး သူ႔ရဲ႕ေမး႐ိုးကိုပိတ္ေအာင္လုပ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
အဲဒီေနာက္မွာေတာ့ မိေက်ာင္းေရာ ငါေရာကက ဘယ္ကိုသြားရမလဲ ဘာလုပ္ရမလဲဆိုတာကို ေတြးေနခဲ့တာ။

အဲဒီေနာက္ မိေက်ာင္းကို တြန္းထုတ္လိုက္ေတာ့ မိေက်ာင္းက ေရထဲကို ျပန္ေလွ်ာဆင္းသြားတယ္လို႔လည္း ဒဏ္မန္းက ေျပာပါတယ္။
ဒစ္ခ္မန္းရဲ႕အေရျပားေတြစုတ္ျပတ္သတ္သြားခဲ့ကာ တုန္လႈပ္ေျခာက္ျခားဖြယ္အေတြ႕အႀကဳံေတြကေန လြတ္ ေျမာက္လာခဲ့ၿပီး အေရးေပၚကားမေခၚမီ ၄၅ မိနစ္ေက်ာ္ေလာက္ အိမ္ကိုကားေမာင္းခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ တစ္နာရီခန႔္အၾကာမွာ Royal Flying Doctors Service အဖြဲ႕က သူ႔ကို Cairns ေဆး႐ုံသို႔ပို႔ေပးခဲ့ၿပီး ေဆးကုသမႈခံယူကာ ျပန္လည္ေကာင္းမြန္လာေနၿပီျဖစ္ပါတယ္။



ဒီမိေက်ာင္းဟာ ေကာက္က်စ္ၿပီး ဉာဏ္နီဉာဏ္နက္မ်ားတယ္လို႔ သူကဆိုပါတယ္။
ယခုတစ္ပတ္အတြင္းမွာေတာ့ ကြင္းစ္လန႔္ထ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနက အဆိုပါမိေက်ာင္းကို သုတ္သင္ရွင္းလင္းခဲ့ပါတယ္။

“ဒီနယ္ေျမကို မိေက်ာင္းႏိုင္ငံလို႔ သိထားၾကၿပီး ဒီနယ္ေျမထဲမွာ ေနထိုင္သူေတြကိုလည္း မိေက်ာင္းသတိရွိၾကဖို႔ သတိေပးထားတယ္”လို႔ ဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။
ေရငန္မိေက်ာင္းေတြဟာ ရ မီတာေလာက္အထိရွည္လ်ားကာ အေလးခ်ိန္တစ္တန္ေက်ာ္ေလာက္အထိ ႀကီးထြားႏိုင္ၿပီး ေျမာက္ပိုင္းအပူပိုင္းေဒသေတြမွာ ေတြ႕ရပါတယ္။

Writer_အာသာမိုး ( XYZ NEWS )



Unicode ဖြင့်ဖတ်ရန်


မိကျောင်းနဲ့ လုံးထွေးသတ်ပုတ်ပြီး အသက်ဘေးက လွတ်မြောက်လာခဲ့တဲ့ သြစတြေးလျအမျိုးသား

သြစတြေးလျတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသမားတစ်ဦးဟာ တွားသွားသတ္တဝါဖြစ်တဲ့ မိကျောင်းတစ်ကောင်နဲ့ လုံးထွေး သတ်ပုတ်ခဲ့အပြီး သူ့ရဲ့ကြောက်မက်ဖွယ်ရာလွတ်မြောက်မှုအကြောင်းကို အသေးစိတ်ပြန်ပြောပြခဲ့ပါတယ်။ ဉာဏ်နီ ဉာဏ်နက်များတဲ့ မိကျောင်းတစ်ကောင်နဲ့သတ်ပုတ်ခဲ့တာဖြစ်ပြီး မိကျောင်းရဲ့မျက်လုံးကို လက်နဲ့ထိုးဖောက်ကာ ထွက်ပြေး လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဝေးလံခေါင်သီပြီး မိကျောင်းတွေကျက်စားတဲ့နေရာမှာ ငါးဖမ်းသွားဖို့ကို စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ချက်ချခဲ့တဲ့ Craig Dickmann က သူကမ်းခြေကနေထွက်ခွာလာတဲ့အချိန်မှာ ၂.၈ မီတာ (၉ ပေ)ရှိတဲ့ မိကျောင်းတစ်ကောင်က သူ့နောက်ကနေကပ်လိုက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။



‘သွားတော့မလို့လှည့်လိုက်တဲ့အချိန်မှာ ပထမဆုံးတွေ့လိုက်ရတာက ငါ့ဆီကိုတည့်တည့်လာနေတဲ့ မိကျောင်းရဲ့ခေါင်းကြီး ကိုမြင်လိုက်ရတာပဲ’လို့ သောကြာနေ့က Queensland ပြည်နယ်မှာရှိတဲ့ Cairns ရှိဆေးရုံကုတင်ပေါ်ကနေ သတင်းထောက် တွေကိုပြောပြနေတာပါ။ မိကျောင်းက သူ့ရဲ့ပေါင်ကို ဆွဲကိုက်ထားတာလို့လည်း ဆိုပါတယ်။

‘ကျွန်တော့်ကို ဆတ်ခနဲကိုက်လိုက်တဲ့အခါ သူရဲ့မေးရိုးကနေထွက်လာတဲ့ အဲဒီအသံကြီးက ကျွန်တော့်ကို တစ်သက်လုံး ခြောက်လှန့်နေတော့မှာပဲ’လို့ သူကဆိုပါတယ်။
မိကျောင်းကြီးက သူ့ကို ရေထဲကိုဆွဲချသွားဖို့ကြိုးစားနေတာဖြစ်ပြီး ဒီလောက်ဝေးလံတဲ့ကမ်းခြေမှာ မိကျောင်းနဲ့ လုံးထွေးသတ်ပုတ်နေခဲ့တာဖြစ်တယ်လို့ အသက် ၅၄ နှစ်အရွယ်ရှိ သူကဆိုပါတယ်။

ဒစ်ခ်မန်း က လက်မနဲ့ မိကျောင်းရဲ့မျက်လုံးကိုထိုးနှိုက်ခဲ့တာဖြစ်ပြီး ကျည်ကာအင်္ကျ ီဝတ်ထားသလိုမျိုးတိရစ္ဆာန်မှာ အဲဒီနေရာတစ်ခုတည်းက အသားပျော့နေတာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။



“မိကျောင်းတွေရဲ့ မျက်လုံးတွေက ချိုင့်ခွက်ကြီးတွေဆိုတော့ အရိုးကို ခံစားမိတဲ့အထိ မျက်လုံးကို တွန်းနိုင်သမျှတွန်းလိုက်တော့မှ မိကျောင်းက လွှတ်ပေးလိုက်တာ”လို့ ဒစ်မင်းက ပြောပါတယ်။

မိနစ်အနည်းငယ်ကြာတော့ သူက မိကျောင်းရဲ့အပေါ်ကိုတက်ပြီး သူ့ရဲ့မေးရိုးကိုပိတ်အောင်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ မိကျောင်းရော ငါရောကက ဘယ်ကိုသွားရမလဲ ဘာလုပ်ရမလဲဆိုတာကို တွေးနေခဲ့တာ။

အဲဒီနောက် မိကျောင်းကို တွန်းထုတ်လိုက်တော့ မိကျောင်းက ရေထဲကို ပြန်လျှောဆင်းသွားတယ်လို့လည်း ဒဏ်မန်းက ပြောပါတယ်။
ဒစ်ခ်မန်းရဲ့အရေပြားတွေစုတ်ပြတ်သတ်သွားခဲ့ကာ တုန်လှုပ်ခြောက်ခြားဖွယ်အတွေ့အကြုံတွေကနေ လွတ် မြောက်လာခဲ့ပြီး အရေးပေါ်ကားမခေါ်မီ ၄၅ မိနစ်ကျော်လောက် အိမ်ကိုကားမောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် တစ်နာရီခန့်အကြာမှာ Royal Flying Doctors Service အဖွဲ့က သူ့ကို Cairns ဆေးရုံသို့ပို့ပေးခဲ့ပြီး ဆေးကုသမှုခံယူကာ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပါတယ်။



ဒီမိကျောင်းဟာ ကောက်ကျစ်ပြီး ဉာဏ်နီဉာဏ်နက်များတယ်လို့ သူကဆိုပါတယ်။
ယခုတစ်ပတ်အတွင်းမှာတော့ ကွင်းစ်လန့်ထ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက အဆိုပါမိကျောင်းကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။

“ဒီနယ်မြေကို မိကျောင်းနိုင်ငံလို့ သိထားကြပြီး ဒီနယ်မြေထဲမှာ နေထိုင်သူတွေကိုလည်း မိကျောင်းသတိရှိကြဖို့ သတိပေးထားတယ်”လို့ ဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ရေငန်မိကျောင်းတွေဟာ ရ မီတာလောက်အထိရှည်လျားကာ အလေးချိန်တစ်တန်ကျော်လောက်အထိ ကြီးထွားနိုင်ပြီး မြောက်ပိုင်းအပူပိုင်းဒေသတွေမှာ တွေ့ရပါတယ်။

Writer_အာသာမိုး ( XYZ NEWS )


မှတ်ချက်များ