ႏိုင္ငံျခားခရီးသြားတဲ့အခါ ေငြကုန္ေၾကးက် သက္သာႏိုင္ဖို႔ သိထားသင့္တဲ့ အခ်က္ေတြ




Zawgyi ျဖင့္ဖတ္ရန္


ခုဆိုရင္ ႏိုင္ငံျခားခရီးေတြ ေတာ္ေတာ္မ်ားမ်ား သြားလာေနၾကပါၿပီ။ ေအဂ်င္စီေတြနဲ႔ မဟုတ္ပဲ ကိုယ္တိုင္ကိုယ္က် သြားလာတဲ့အခါမွာ မလိုအပ္ပဲ ေငြေၾကးကုန္က်မႈ မမ်ားေစဖို႔၊ ေငြျပတ္လတ္မႈေတြ မျဖစ္ေစဖို႔အတြက္ သိထားသင့္တဲ့ အရာေတြကို ေျပာျပေပးခ်င္ပါတယ္။ ဒီနည္းလမ္းေလးထဲက တစ္ခ်ိဳ႕နည္းလမ္းေတြက ျပည္တြင္းခရီး သြားတဲ့အခါမွာလည္း အေထာက္အကူျဖစ္ေစမွာပါ။

ညဘက္ထြက္တဲ့ ဘက္စ္တို႔၊ မီးရထားတို႔ကို စ္ီးပါ

ႏိုင္ငံျခားေတြမွာဆို မနက္ဘက္ထြက္တဲ့ ဘက္စ္တို႔၊ မီးရထားတို႔က ညဘက္ထက္ ေဈးပိုႀကီးတတ္ပါတယ္။ ဒါေၾကာင့္ ညဘက္ထြက္တဲ့ ကားေတြကို ေ႐ြးခ်ယ္စီးသင့္ပါတယ္။ ညဘက္ကားကို စီးျခင္းအားျဖင့္ အခ်ိန္ကိုလည္း ေခြၽတာႏိုင္သလို၊ ဟိုတယ္မွာ တည္းခိုေနစရာ မလိုပဲ တစ္ညအတြက္ သက္သာေစပါတယ္။ ဒါေၾကာင့္ ညဘက္ထြက္တဲ့ ကားေတြကို စီးသင့္ပါတယ္။

ေဈးသက္သာတဲ့ ဟိုတယ္ကို ေ႐ြးခ်ယ္ပါ

ဒါကေတာ့ ျပည္တြင္းေရာ၊ ျပည္ပမွာပါ သုံးလို႔ရတဲ့ နည္းေလးပါ။ ခရီးထြက္တယ္ဆိုတာ ေငြကို တတ္ႏိုင္သေလာက္ ေခြၽတာ တာအေကာင္းဆုံးပါပဲ။ တစ္ခ်ိဳ႕ ဟိုတယ္ေတြက discount ေတြေပးတတ္လို႔ ေသခ်ာစုံစမ္းရွာေဖြၿပီးမွ တည္းခိုသင့္ပါတယ္။ တစ္ခ်ိဳ႕ ဟိုတယ္ေတြဆို ေပးလိုက္ရတဲ့ ေဈးနဲ႔ မတန္ေအာင္ ျဖစ္ေနတတ္ပါတယ္။ ခုဆိုရင္ online ေတြမွာ တက္ရွာလိုက္႐ုံနဲ႔ ဘယ္ဟိုတယ္က ဘယ္လိုဆိုတာ သိႏိုင္ပါတယ္။

ကိုယ္သြားခ်င္တဲ့ေနရာကို ဘယ္သူမဆို တစ္ခါတည္း direct ေရာက္ခ်င္တတ္ၾကတာပါပဲ။ ဒါေပမယ့္လို႔ direct ေရာက္တဲ့ ေလယဥ္ေတြဟာ ေဈးႀကီးေပးရတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္သြားမယ့္ခရီးစဥ္ကို ေလ့လာၿပီး ေငြကုတ္ေၾကးက် သက္သာၿပီး ကိုယ့္အတြက္ အဆင္ေျပမယ့္နည္းလမ္းကို ေ႐ြးခ်ယ္သင့္ပါတယ္။

ေလယဥ္လက္မွတ္အတြက္ incognito နဲ႔စုံစမ္းပါ

ေလယဥ္လက္မွတ္ေဈးႏႈန္းကို စုံစမ္းတဲ့အခါ ပုံမွန္အတိုင္း google ေခါက္ရွာတတ္ၾကပါတယ္။ ကိုယ္သြားမယ့္ခရီးစဥ္ လက္မွတ္ေဈးႏႈန္းကို တစ္ခ်က္ၾကည့္လိုက္ၿပီး တစ္ျခားေဈးသက္သာမယ့္ လက္မွတ္ကို ရွာမိတတ္ပါတယ္။ အဲလိုလုပ္လိုက္မိတဲ့အခါ ကိုယ့္ၾကည့္ထားတဲ့ လက္မွတ္ေဈးႏႈန္းေတြက ခ်က္ခ်င္းျမင့္တက္သြားတတ္ပါတယ္။ သင္ဒီခရီးကို စိတ္ဝင္စားေနတယ္ဆိုတာ သူတို႔ဘက္က သိတဲ့အတြက္ ခ်က္ခ်င္းေဈးျမင့္လိုက္ျခင္း ျဖစ္ပါတယ္။ ဒီလိုမဟုတ္ရေအာင္ incognito mode နဲ႔ရွာေဖြလို႔ရပါတယ္။ Keyboard ထဲက Ctrl+Shift+N ကိုႏွိပ္လိုက္ရင္ အမည္မသိသူအျဖစ္နဲ႔ လ်ိဳ႕ဝွက္စြာ စုံစမ္းလို႔ရႏိုင္ပါတယ္။

share from :Aunty may 


Unicode ဖြင့်ဖတ်ရန်

နိုင်ငံခြားခရီးသွားတဲ့အခါ ငွေကုန်ကြေးကျ သက်သာနိုင်ဖို့ သိထားသင့်တဲ့ အချက်တွေ




ခုဆိုရင် နိုင်ငံခြားခရီးတွေ တော်တော်များများ သွားလာနေကြပါပြီ။ အေဂျင်စီတွေနဲ့ မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ သွားလာတဲ့အခါမှာ မလိုအပ်ပဲ ငွေကြေးကုန်ကျမှု မများစေဖို့၊ ငွေပြတ်လတ်မှုတွေ မဖြစ်စေဖို့အတွက် သိထားသင့်တဲ့ အရာတွေကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလမ်းလေးထဲက တစ်ချို့နည်းလမ်းတွေက ပြည်တွင်းခရီး သွားတဲ့အခါမှာလည်း အထောက်အကူဖြစ်စေမှာပါ။

ညဘက်ထွက်တဲ့ ဘက်စ်တို့၊ မီးရထားတို့ကို စ်ီးပါ

နိုင်ငံခြားတွေမှာဆို မနက်ဘက်ထွက်တဲ့ ဘက်စ်တို့၊ မီးရထားတို့က ညဘက်ထက် ဈေးပိုကြီးတတ်ပါတယ်။ ဒါကြောင့် ညဘက်ထွက်တဲ့ ကားတွေကို ရွေးချယ်စီးသင့်ပါတယ်။ ညဘက်ကားကို စီးခြင်းအားဖြင့် အချိန်ကိုလည်း ချွေတာနိုင်သလို၊ ဟိုတယ်မှာ တည်းခိုနေစရာ မလိုပဲ တစ်ညအတွက် သက်သာစေပါတယ်။ ဒါကြောင့် ညဘက်ထွက်တဲ့ ကားတွေကို စီးသင့်ပါတယ်။

ဈေးသက်သာတဲ့ ဟိုတယ်ကို ရွေးချယ်ပါ

ဒါကတော့ ပြည်တွင်းရော၊ ပြည်ပမှာပါ သုံးလို့ရတဲ့ နည်းလေးပါ။ ခရီးထွက်တယ်ဆိုတာ ငွေကို တတ်နိုင်သလောက် ချွေတာ တာအကောင်းဆုံးပါပဲ။ တစ်ချို့ ဟိုတယ်တွေက discount တွေပေးတတ်လို့ သေချာစုံစမ်းရှာဖွေပြီးမှ တည်းခိုသင့်ပါတယ်။ တစ်ချို့ ဟိုတယ်တွေဆို ပေးလိုက်ရတဲ့ ဈေးနဲ့ မတန်အောင် ဖြစ်နေတတ်ပါတယ်။ ခုဆိုရင် online တွေမှာ တက်ရှာလိုက်ရုံနဲ့ ဘယ်ဟိုတယ်က ဘယ်လိုဆိုတာ သိနိုင်ပါတယ်။

ကိုယ်သွားချင်တဲ့နေရာကို ဘယ်သူမဆို တစ်ခါတည်း direct ရောက်ချင်တတ်ကြတာပါပဲ။ ဒါပေမယ့်လို့ direct ရောက်တဲ့ လေယဉ်တွေဟာ ဈေးကြီးပေးရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်သွားမယ့်ခရီးစဉ်ကို လေ့လာပြီး ငွေကုတ်ကြေးကျ သက်သာပြီး ကိုယ့်အတွက် အဆင်ပြေမယ့်နည်းလမ်းကို ရွေးချယ်သင့်ပါတယ်။

လေယဉ်လက်မှတ်အတွက် incognito နဲ့စုံစမ်းပါ

လေယဉ်လက်မှတ်ဈေးနှုန်းကို စုံစမ်းတဲ့အခါ ပုံမှန်အတိုင်း google ခေါက်ရှာတတ်ကြပါတယ်။ ကိုယ်သွားမယ့်ခရီးစဉ် လက်မှတ်ဈေးနှုန်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခြားဈေးသက်သာမယ့် လက်မှတ်ကို ရှာမိတတ်ပါတယ်။ အဲလိုလုပ်လိုက်မိတဲ့အခါ ကိုယ့်ကြည့်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေက ချက်ချင်းမြင့်တက်သွားတတ်ပါတယ်။ သင်ဒီခရီးကို စိတ်ဝင်စားနေတယ်ဆိုတာ သူတို့ဘက်က သိတဲ့အတွက် ချက်ချင်းဈေးမြင့်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီလိုမဟုတ်ရအောင် incognito mode နဲ့ရှာဖွေလို့ရပါတယ်။ Keyboard ထဲက Ctrl+Shift+N ကိုနှိပ်လိုက်ရင် အမည်မသိသူအဖြစ်နဲ့ လျို့ဝှက်စွာ စုံစမ်းလို့ရနိုင်ပါတယ်။

share from :Aunty may 

မှတ်ချက်များ