ေငြသန္းေပါင္းမ်ားစြာနဲ႔ေလလံေအာင္ခဲ့တဲ့ ဆယ္လီတို႔ရဲ႕မသတီစရာပစၥည္းမ်ား
Zawgyiျဖင့္ဖတ္ရန္
ေဟာလီး၀ုဒ္စတားေတြဟာ မၾကာခဏဆိုသလို သူတို႔ပိုင္ဆိုင္တဲ့ပစၥည္းေတြကို ေလလံတင္ေရာင္းခ်ေလ့ရွိၿပီး ေလလံေအာင္သြားတဲ့ ပိုက္ဆံေတြကို ကုသိုလ္ျဖစ္အဖြဲ႔အစည္းေတြမွာ လွဴဒါန္းေလ့ရွိပါတယ္။ ပရိသတ္ေတြကလည္း သူ႔ထက္ငါအလုအယက္ရေအာင္ အၿပိဳင္အဆိုင္ေလလံဆြဲၾကေလ့ရွိပါတယ္။ ဒါေပမယ့္ဆယ္လီေတြ အသံုးျပဳၿပီးသား မႏွစ္ၿမိဳ႕စရာေကာင္းတဲ့ အခ်ိဳ႕ပစၥည္းေတြဟာဆိုရင္လည္း အံ့အားသင့္စရာေစ်းႏႈန္းေတြနဲ႔ ေလလံေအာင္သြားၾကပါတယ္။ ေငြေၾကးအေျမာက္အျမားနဲ႔ေလလံေအာင္ခဲ့တဲ့ ကမာၻေက်ာ္ေဟာလီး၀ုဒ္ဆယ္လီေတြရဲ႕ ထူးထူးဆန္းဆန္းပစၥည္းေတြကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။
Michael Jackson’s soiled underwear
Michael Jackson ရဲ႕စြန္းထင္းေနတဲ့ အတြင္းခံေဘာင္းဘီကို ေဒၚလာ(၁)သန္းနဲ႔ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။
Niall Horan’s toast
ၾသစေတးလ်တီဗီရိႈးတစ္ခုမွာ One Direction အဖြဲ႔ဝင္ Niall Horan ဟာ ေပါင္မုန္႔မီးကင္တစ္ပိုင္းကို ေထြးထုတ္ခဲ့ၿပီး သူေထြးထုတ္ခဲ့တဲ့ေပါင္မုန္႔စကို ေဒၚလာ(၁)သိန္းနဲ႔ေရာင္းခ်ႏိုင္ခဲ့ပါတယ္။
Justin Bieber’s hair
Justin Bieber ရဲ႕ဆံပင္ကို ပရိသတ္တစ္ဦးကေန ေဒၚလာ(၄၀,၆၀၀) ေပးၿပီး၀ယ္ယူခဲ့ပါတယ္။
Britney Spears’ gum
Britney Spears ရဲ႕ပရိသတ္ေတြကလည္း သူမကို အရမ္းအားေပးၾကပါတယ္။ သူမ ၀ါးေနတဲ့ပီေကကို ပရိသတ္တစ္ေယာက္ကေန ေဒၚလာ(၁၄,၀၀၀) ေပး၀ယ္ခ့ဲ့ပါတယ္။
Lady Gaga’s fake nail
ကမာၻေက်ာ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ Lady Gaga ရဲ႕လက္သည္းက်ိဳးကို ေဒၚလာ(၁၂,၀၀၀) နဲ႔ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ိသိရပါတယ္။
Scarlett Johansson’s used tissue
မင္းသမီး Scarlett Johansson ဟာ The Tonight Show မွာ Jay Leno နဲ႔အတူ လာေရာက္ခဲ့ၾကစဥ္ ႏွပ္ညွစ္ဖို႔တစ္္ရွဴးတစ္စကိုသံုးခဲ့ပါတယ္။ ၿပီးေနာက္ ႏွပ္ညွစ္ၿပီးတဲ့တစ္ရွဴးကို အိတ္ထဲျပန္ထည့္ထားခဲ့ပါတယ္။ ၄င္းတစ္ရွဴးကုိ eBay မွာေဒၚလာ(၅,၃၀၀)နဲ႔ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။
Ref: rvcj
Credit:လင္းလင္း (ShweMom)
Unicodeဖြင့်ဖတ်ရန်
ငွေသန်းပေါင်းများစွာနဲ့လေလံအောင်ခဲ့တဲ့ ဆယ်လီတို့ရဲ့မသတီစရာပစ္စည်းများ
ဟောလီးဝုဒ်စတားတွေဟာ မကြာခဏဆိုသလို သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို လေလံတင်ရောင်းချလေ့ရှိပြီး လေလံအောင်သွားတဲ့ ပိုက်ဆံတွေကို ကုသိုလ်ဖြစ်အဖွဲ့အစည်းတွေမှာ လှူဒါန်းလေ့ရှိပါတယ်။ ပရိသတ်တွေကလည်း သူ့ထက်ငါအလုအယက်ရအောင် အပြိုင်အဆိုင်လေလံဆွဲကြလေ့ရှိပါတယ်။ ဒါပေမယ့်ဆယ်လီတွေ အသုံးပြုပြီးသား မနှစ်မြို့စရာကောင်းတဲ့ အချို့ပစ္စည်းတွေဟာဆိုရင်လည်း အံ့အားသင့်စရာဈေးနှုန်းတွေနဲ့ လေလံအောင်သွားကြပါတယ်။ ငွေကြေးအမြောက်အမြားနဲ့လေလံအောင်ခဲ့တဲ့ ကမ္ဘာကျော်ဟောလီးဝုဒ်ဆယ်လီတွေရဲ့ ထူးထူးဆန်းဆန်းပစ္စည်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Michael Jackson’s soiled underwear
Michael Jackson ရဲ့စွန်းထင်းနေတဲ့ အတွင်းခံဘောင်းဘီကို ဒေါ်လာ(၁)သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
Niall Horan’s toast
သြစတေးလျတီဗီရှိုးတစ်ခုမှာ One Direction အဖွဲ့ဝင် Niall Horan ဟာ ပေါင်မုန့်မီးကင်တစ်ပိုင်းကို ထွေးထုတ်ခဲ့ပြီး သူထွေးထုတ်ခဲ့တဲ့ပေါင်မုန့်စကို ဒေါ်လာ(၁)သိန်းနဲ့ရောင်းချနိုင်ခဲ့ပါတယ်။
Justin Bieber’s hair
Justin Bieber ရဲ့ဆံပင်ကို ပရိသတ်တစ်ဦးကနေ ဒေါ်လာ(၄၀,၆၀၀) ပေးပြီးဝယ်ယူခဲ့ပါတယ်။
Britney Spears’ gum
Britney Spears ရဲ့ပရိသတ်တွေကလည်း သူမကို အရမ်းအားပေးကြပါတယ်။ သူမ ဝါးနေတဲ့ပီကေကို ပရိသတ်တစ်ယောက်ကနေ ဒေါ်လာ(၁၄,၀၀၀) ပေးဝယ်ခဲ့ပါတယ်။
Lady Gaga’s fake nail
ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Lady Gaga ရဲ့လက်သည်းကျိုးကို ဒေါ်လာ(၁၂,၀၀၀) နဲ့ရောင်းချနိုင်ခဲ့တယ်လို့ိသိရပါတယ်။
Scarlett Johansson’s used tissue
မင်းသမီး Scarlett Johansson ဟာ The Tonight Show မှာ Jay Leno နဲ့အတူ လာရောက်ခဲ့ကြစဉ် နှပ်ညှစ်ဖို့တစ်ရှူးတစ်စကိုသုံးခဲ့ပါတယ်။ ပြီးနောက် နှပ်ညှစ်ပြီးတဲ့တစ်ရှူးကို အိတ်ထဲပြန်ထည့်ထားခဲ့ပါတယ်။ ၎င်းတစ်ရှူးကို eBay မှာဒေါ်လာ(၅,၃၀၀)နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။
Ref: rvcj
Credit:လင်းလင်း (ShweMom)







မှတ်ချက်များ