အစားအစာ၊ အိပ္ရာ၊ အိမ္သာကလြဲရင္ တစ္ျခားဘာမွမရွိဘဲ (၅)ရက္အထိ ေနႏုိင္/မႏုိင္စမ္းသပ္မႈ


Zawgyiျဖင့္ဖတ္ရန္
Channel 5 ႐ုပ္သံလုိင္းက ေစတနာ့၀န္ထမ္း လူငါးဦးကို အသုံးျပဳၿပီး အလြန္ေသးငယ္တဲ့ အခန္းေလးထဲမွာ ေလွာင္ပိတ္ထားတဲ့ စမ္းသပ္မႈ ျပဳလုပ္ခဲ့ပါတယ္။ အခန္းတြင္း ေနထုိင္သူေတြကို ေရနဲ႔အစာအစား၊ အိပ္ယာအသုံးေဆာင္၊ အိမ္သာတုိ႔ကလြဲရင္ က်န္တဲ့ေထာက္ပံ့မႈ ဘာမွေပးထားျခင္း မရွိဘူးလုိ႔ The Sun က ဆုိပါတယ္။
ဆုိပါ လူေတြဟာ ငါးရက္တာလုံးလုံး မည္သုိ႔မည္ပုံေနထုိင္သလဲဆုိတာကို မွတ္တမ္းတင္ခဲ့ၿပီး၊ လူတစ္ေယာက္ကေတာ့ နာရီပုိင္းအၾကာမွာပင္ အခန္းထဲက ထြက္ခြင့္ေတာင္းခဲ့တယ္လုိ႔ သိရပါတယ္။ ဒီစမ္းသပ္မႈဟာ လူေတြ ဖုန္း၊ အင္တာနက္ အစရွိတဲ့ ေခတ္ေပၚအသုံးေဆာင္ေတြမရွိဘူးဆုိရင္ ဘယ္ေလာက္အထိ ခံႏုိင္ရည္ ရွိသလဲဆုိတာကို စမ္းသပ္ခဲ့တာပါ။
တကယ္ေတာ့ အခုေခတ္ႀကီးမွာ ဖုန္းေလးတစ္လုံးေလာက္ မရွိတာနဲ႔ ေပ်ာက္သြားတာနဲ႔ ဆက္သြယ္ေရးကအစ အေတာ္အခက္အခဲ ျဖစ္တယ္ဆုိတာကို ျမင္သာေစပါတယ္။ ဒီစမ္းသပ္မႈထဲမွာ တီဗြီအစီအစဥ္တင္ဆက္သူ George Lamb ကိုယ္တုိင္ ပါ၀င္ခဲ့ၿပီး၊ စိတ္ပါ၀င္စားသူ သုံးဦးကို လူေတြ႕ ေတြ႕ဆုံကာ အေသးစိပ္ ေဆြးေႏြးခဲ့ၾကပါတယ္။
တကယ္ေတာ့ အခန္းငယ္ေလးထဲမွာ ျပင္ပကမာၻနဲ႔ ငါးရက္ၾကာ မဆက္သြယ္ဘဲ ေနႏုိင္ျခင္း ရွိမရွိကုိ စမ္းသပ္ခဲ့တာ ျဖစ္ၿပီး၊ အခင္းတြင္းမွာရွိသူေတြအေပၚ ဘယ္လုိ သက္ေရာက္မႈေတြ ရွိသလဲဆုိတာကိုလည္း မွတ္တမ္းေတြ ရယူခဲ့ပါတယ္။ ဒီအစီအစဥ္ကို Anti-Social experiment လုိ႔ ေခၚခဲ့ပါတယ္။
အစီအစဥ္စလုိ႔ နာရီပိုင္းအတြင္းမွာပင္ မူလ ပါ၀င္သူတစ္ေယာက္က အခန္းထဲက ထြက္ပါရေစလုိ႔ခြင့္ေတာင္းၿပီး ႏႈတ္ထြက္ခဲ့ပါတယ္။ အျခားတစ္ေယာက္ကေတာ့ 24 နာရီ မျပည့္ခင္မွာ ႏႈတ္ထြက္ခဲ့ပါတယ္။ ေနာက္ဆုံးမွာ သုံးေယာက္သာ က်န္ရွိေတာ့ၿပီး 5 ရက္တာ စမ္းသပ္မႈကို ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။
ဒီလုိ ငါးရက္တာ ဘာေၾကာင့္ ေနႏုိင္တာလဲဆုိတဲ့ ေမးခြန္းကို Lloyd, 28 ကေတာ့ သူကိုယ္တုိင္က ဆုုိရွယ္မီဒီယာကို ေဆးစြဲသလုိ စြဲေနသူျဖစ္ၿပီး၊ သူရဲ႕ ဖုန္းနဲ႔ေ၀းရာကို ပထမဆုံးအႀကိမ္ ႀကိဳးစားၾကည့္ျခင္းသာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ဘေလာ့ဂါ Lucie ကေတာ့ သူမရဲ႕ အိမ္ေထာင္ေရးဟာ ၿပီးခဲ့တဲ့ 4 လကတည္းက ပ်က္စီးသြားခဲ့ေၾကာင္း၊ ဒီစမ္းသပ္မႈဟာ သူမအတြက္ ဘယ္ေလာက္ ႀကံ့ခုိင္သလဲဆုိတဲ့ စမ္းသပ္မႈျဖစ္ေၾကာင္း၊ ပန္းခ်ီေတြ ထုိင္ဆြဲျဖစ္ခဲ့ေၾကာင္း ဆုိပါတယ္။
သူနာျပဳဆရာမ Charmayne, 28 ႏွစ္ကလည္း သူမအေနနဲ႔ ႏွစ္နာရီေလာက္ၾကာေတာ့ အလြန္ၿငီးေငြ႕လာေၾကာင္း၊ ဒါေၾကာင့္ ခ်က္ခ်င္း ႏႈတ္ထြက္ခြင့္ေတာင္းခဲ့တာ ျဖစ္ေၾကာင္း ဆုိပါတယ္။ တီဗြီအစီအစဥ္တင္ဆက္သူ George ကလည္း ဒီစမ္းသပ္မႈကို ကုိယ္တုိင္ပါ၀င္လုိက္မွ အေတာ္ေလး ခက္ခဲေၾကာင္း၊ ခဏခဏ စိတ္ကို ေျဖရၿပီး၊ ေအာင့္အည္းသည္းခံခဲ့ ေၾကာင္းဆုိပါတယ္။
(၆.၁၀.၁၈)မွ (၁၂.၁၀.၁၈)အတြင္း Shwemom မွ ေရြးခ်ယ္ေပးတဲ့ အဖတ္္သင့္ဆံုးေဆာင္းပါး (၅)ပုဒ္
စိုးရိမ္ေၾကာင့္က်မႈလြန္ကဲတဲ့ စိတ္ပုိင္းဆုိင္ရာကို ပိုင္ဆုိင္ထားတဲ့ Sarah ကေတာ့ သူမ အခန္းထဲမွာ ေၾကာက္ရြံ႕တုန္လႈပ္စြာ ေနခဲ့ပုံရၿပီး၊ စိတ္ကေယာင္ေျခာက္ျခား ျဖစ္ေနတဲ့ လကၡဏာကိုလည္း ေတြ႕ရပါတယ္။ ဒါေပမယ့္ သူမကေတာ့ ငါးရက္အထိ ေနႏုိင္ခဲ့ၿပီး၊ အျပင္မွာ ဘာမွမထူးဆန္းသလုိ ေနႏုိင္ခဲ့ပါတယ္။
Unicodeဖြင့်ဖတ်ရန်

အစားအစာ၊ အိပ်ရာ၊ အိမ်သာကလွဲရင် တစ်ခြားဘာမှမရှိဘဲ (၅)ရက်အထိ နေနိုင်/မနိုင်စမ်းသပ်မှု

Channel 5 ရုပ်သံလိုင်းက စေတနာ့ဝန်ထမ်း လူငါးဦးကို အသုံးပြုပြီး အလွန်သေးငယ်တဲ့ အခန်းလေးထဲမှာ လှောင်ပိတ်ထားတဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အခန်းတွင်း နေထိုင်သူတွေကို ရေနဲ့အစာအစား၊ အိပ်ယာအသုံးဆောင်၊ အိမ်သာတို့ကလွဲရင် ကျန်တဲ့ထောက်ပံ့မှု ဘာမှပေးထားခြင်း မရှိဘူးလို့ The Sun က ဆိုပါတယ်။
ဆိုပါ လူတွေဟာ ငါးရက်တာလုံးလုံး မည်သို့မည်ပုံနေထိုင်သလဲဆိုတာကို မှတ်တမ်းတင်ခဲ့ပြီး၊ လူတစ်ယောက်ကတော့ နာရီပိုင်းအကြာမှာပင် အခန်းထဲက ထွက်ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။ ဒီစမ်းသပ်မှုဟာ လူတွေ ဖုန်း၊ အင်တာနက် အစရှိတဲ့ ခေတ်ပေါ်အသုံးဆောင်တွေမရှိဘူးဆိုရင် ဘယ်လောက်အထိ ခံနိုင်ရည် ရှိသလဲဆိုတာကို စမ်းသပ်ခဲ့တာပါ။
တကယ်တော့ အခုခေတ်ကြီးမှာ ဖုန်းလေးတစ်လုံးလောက် မရှိတာနဲ့ ပျောက်သွားတာနဲ့ ဆက်သွယ်ရေးကအစ အတော်အခက်အခဲ ဖြစ်တယ်ဆိုတာကို မြင်သာစေပါတယ်။ ဒီစမ်းသပ်မှုထဲမှာ တီဗွီအစီအစဉ်တင်ဆက်သူ George Lamb ကိုယ်တိုင် ပါဝင်ခဲ့ပြီး၊ စိတ်ပါဝင်စားသူ သုံးဦးကို လူတွေ့ တွေ့ဆုံကာ အသေးစိပ် ဆွေးနွေးခဲ့ကြပါတယ်။
တကယ်တော့ အခန်းငယ်လေးထဲမှာ ပြင်ပကမ္ဘာနဲ့ ငါးရက်ကြာ မဆက်သွယ်ဘဲ နေနိုင်ခြင်း ရှိမရှိကို စမ်းသပ်ခဲ့တာ ဖြစ်ပြီး၊ အခင်းတွင်းမှာရှိသူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိသလဲဆိုတာကိုလည်း မှတ်တမ်းတွေ ရယူခဲ့ပါတယ်။ ဒီအစီအစဉ်ကို Anti-Social experiment လို့ ခေါ်ခဲ့ပါတယ်။
အစီအစဉ်စလို့ နာရီပိုင်းအတွင်းမှာပင် မူလ ပါဝင်သူတစ်ယောက်က အခန်းထဲက ထွက်ပါရစေလို့ခွင့်တောင်းပြီး နှုတ်ထွက်ခဲ့ပါတယ်။ အခြားတစ်ယောက်ကတော့ 24 နာရီ မပြည့်ခင်မှာ နှုတ်ထွက်ခဲ့ပါတယ်။ နောက်ဆုံးမှာ သုံးယောက်သာ ကျန်ရှိတော့ပြီး 5 ရက်တာ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒီလို ငါးရက်တာ ဘာကြောင့် နေနိုင်တာလဲဆိုတဲ့ မေးခွန်းကို Lloyd, 28 ကတော့ သူကိုယ်တိုင်က ဆိုရှယ်မီဒီယာကို ဆေးစွဲသလို စွဲနေသူဖြစ်ပြီး၊ သူရဲ့ ဖုန်းနဲ့ဝေးရာကို ပထမဆုံးအကြိမ် ကြိုးစားကြည့်ခြင်းသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဘလော့ဂါ Lucie ကတော့ သူမရဲ့ အိမ်ထောင်ရေးဟာ ပြီးခဲ့တဲ့ 4 လကတည်းက ပျက်စီးသွားခဲ့ကြောင်း၊ ဒီစမ်းသပ်မှုဟာ သူမအတွက် ဘယ်လောက် ကြံ့ခိုင်သလဲဆိုတဲ့ စမ်းသပ်မှုဖြစ်ကြောင်း၊ ပန်းချီတွေ ထိုင်ဆွဲဖြစ်ခဲ့ကြောင်း ဆိုပါတယ်။
သူနာပြုဆရာမ Charmayne, 28 နှစ်ကလည်း သူမအနေနဲ့ နှစ်နာရီလောက်ကြာတော့ အလွန်ငြီးငွေ့လာကြောင်း၊ ဒါကြောင့် ချက်ချင်း နှုတ်ထွက်ခွင့်တောင်းခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ်။ တီဗွီအစီအစဉ်တင်ဆက်သူ George ကလည်း ဒီစမ်းသပ်မှုကို ကိုယ်တိုင်ပါဝင်လိုက်မှ အတော်လေး ခက်ခဲကြောင်း၊ ခဏခဏ စိတ်ကို ဖြေရပြီး၊ အောင့်အည်းသည်းခံခဲ့ ကြောင်းဆိုပါတယ်။
(၆.၁၀.၁၈)မှ (၁၂.၁၀.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်
စိုးရိမ်ကြောင့်ကျမှုလွန်ကဲတဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်ထားတဲ့ Sarah ကတော့ သူမ အခန်းထဲမှာ ကြောက်ရွံ့တုန်လှုပ်စွာ နေခဲ့ပုံရပြီး၊ စိတ်ကယောင်ခြောက်ခြား ဖြစ်နေတဲ့ လက္ခဏာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူမကတော့ ငါးရက်အထိ နေနိုင်ခဲ့ပြီး၊ အပြင်မှာ ဘာမှမထူးဆန်းသလို နေနိုင်ခဲ့ပါတယ်။
Credit:နတ်စည်တော် (Shwemom)

မှတ်ချက်များ