Zawgyiျဖင့္ဖတ္ရန္
ျဗိတိန္ေလ့လာသူေတြက ညဘက္ေနာက္က်မွ အိပ္တဲ့လူေတြက ဥာဏ္ေကာင္းၾကတယ္လို႔ဆိုထားပါတယ္။ ဒါေပမယ့္ ခုေနာက္ပိုင္းေခတ္မွာ အိပ္ယာထဲကေန ေတာ္ေတာ္နဲ႔မထခ်င္ၾကတာလူတိုင္း လုိလုိပါပဲ။ ဒါဟာလည္း ဥာဏ္ေကာင္းျခင္း လကၡဏာတစ္မ်ဳိးပဲလို႔ ဆိုထားပါတယ္။
မထခ်င္လုိ႔ ခဏေလးပဲျဖစ္ျဖစ္ အိပ္ယာထဲႏွပ္လုိုက္ရတဲ့အတြက္ ကိုယ္တုိင္လည္းစိတ္ေက်နပ္မႈ႐ွိသလို တစ္ေန႔တာအတြက္ စိတ္ၾကည္လင္ေနတတ္တယ္တဲ့။ မနက္မထႏိုင္တာဟာကိုယ္တုိင္ ေနာက္က်မွ အိပ္တဲ့အတြက္ ဒီလိုအက်ဳိးဆက္ျဖစ္လာတာကုိ ဘယ္သူမွ အျပစ္တင္လို႔မရပါဘူး။ ဒါေၾကာင့္ ကိုယ္ျဖစ္ ကိုယ္ခံသေဘာနဲ႔ ေက်နပ္လုိက္တာပါပဲ။
အိပ္ယာကေန ေနာက္က်မွထတဲ့သူေတြဟာ သူတို႔ကိုယ္တိုင္ စိတ္ထက္သန္ရာကို ႐ွာေဖြတတ္ၾကျပီး ကိုယ္ပုိင္ျပႆနာေတြကို ကိုင္တြယ္ႏုိင္ပါတယ္။ အိပ္ခ်ိန္မ်ားမ်ားရျပီး အိပ္ေရးဝေနတဲ့လူတစ္ေယာက္ဟာ ဘာလုပ္လုပ္ အဆင္ေျပစြာ ကိုင္တြယ္ႏုိင္သလို ျပႆနာတုိင္းအတြက္အေျဖဆိုတာကို အျမဲ႐ွာေဖြႏုိင္သူျဖစ္ေနလို႔ပါပဲ။
ျပီးေတာ့ ဒီလိုလူမ်ဳိးေတြဟာလည္း ပုိျပီးေပ်ာ္ရႊင္ၾကပါတယ္။ တစ္လစာ ဝင္ေငြကုိလည္းစိတ္ခ်မ္းသာစြာ ႐ွာႏုိင္ျပီး သက္ေတာင့္သက္သာနဲ႔ ေပ်ာ္ရႊင္စရာဘဝေလးတစ္ခုကို ဖန္တီးႏိုင္ၾကပါတယ္။ ဒါေပမယ့္ အိပ္စက္ျခင္းကို အရမ္းမမက္လုိက္ပါနဲ႔။ အိပ္ခ်ိန္ပိုသြားတိုင္းလည္း မေကာင္းသလို အိပ္ခ်ိန္နည္းေနရင္လည္း က်န္းမာေရးထိခုိက္ႏိုင္ပါတယ္။ အေရးၾကီးတာကတစ္ေန႔တာမွာ ကိုယ့္အတြက္လံုေလာက္တဲ့ အိပ္စက္ခ်ိန္႐ွိေနရင္ အဆင္ေျပပါတယ္။
credit :Trend Myanmar
Unicodeဖြင့်ဖတ်ရန်
အိပ်ယာထဲက ထဖို့ပျင်းနေတဲ့ လက္ခဏာဟာ ဉာဏ်ကောင်းခြင်းတစ်မျိုး
ဗြိတိန်လေ့လာသူတွေက ညဘက်နောက်ကျမှ အိပ်တဲ့လူတွေက ဉာဏ်ကောင်းကြတယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းခေတ်မှာ အိပ်ယာထဲကနေ တော်တော်နဲ့မထချင်ကြတာလူတိုင်း လိုလိုပါပဲ။ ဒါဟာလည်း ဉာဏ်ကောင်းခြင်း လက္ခဏာတစ်မျိုးပဲလို့ ဆိုထားပါတယ်။
မထချင်လို့ ခဏလေးပဲဖြစ်ဖြစ် အိပ်ယာထဲနှပ်လိုက်ရတဲ့အတွက် ကိုယ်တိုင်လည်းစိတ်ကျေနပ်မှုရှိသလို တစ်နေ့တာအတွက် စိတ်ကြည်လင်နေတတ်တယ်တဲ့။ မနက်မထနိုင်တာဟာကိုယ်တိုင် နောက်ကျမှ အိပ်တဲ့အတွက် ဒီလိုအကျိုးဆက်ဖြစ်လာတာကို ဘယ်သူမှ အပြစ်တင်လို့မရပါဘူး။ ဒါကြောင့် ကိုယ်ဖြစ် ကိုယ်ခံသဘောနဲ့ ကျေနပ်လိုက်တာပါပဲ။
အိပ်ယာကနေ နောက်ကျမှထတဲ့သူတွေဟာ သူတို့ကိုယ်တိုင် စိတ်ထက်သန်ရာကို ရှာဖွေတတ်ကြပြီး ကိုယ်ပိုင်ပြဿနာတွေကို ကိုင်တွယ်နိုင်ပါတယ်။ အိပ်ချိန်များများရပြီး အိပ်ရေးဝနေတဲ့လူတစ်ယောက်ဟာ ဘာလုပ်လုပ် အဆင်ပြေစွာ ကိုင်တွယ်နိုင်သလို ပြဿနာတိုင်းအတွက်အဖြေဆိုတာကို အမြဲရှာဖွေနိုင်သူဖြစ်နေလို့ပါပဲ။
ပြီးတော့ ဒီလိုလူမျိုးတွေဟာလည်း ပိုပြီးပျော်ရွှင်ကြပါတယ်။ တစ်လစာ ဝင်ငွေကိုလည်းစိတ်ချမ်းသာစွာ ရှာနိုင်ပြီး သက်တောင့်သက်သာနဲ့ ပျော်ရွှင်စရာဘဝလေးတစ်ခုကို ဖန်တီးနိုင်ကြပါတယ်။ ဒါပေမယ့် အိပ်စက်ခြင်းကို အရမ်းမမက်လိုက်ပါနဲ့။ အိပ်ချိန်ပိုသွားတိုင်းလည်း မကောင်းသလို အိပ်ချိန်နည်းနေရင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အရေးကြီးတာကတစ်နေ့တာမှာ ကိုယ့်အတွက်လုံလောက်တဲ့ အိပ်စက်ချိန်ရှိနေရင် အဆင်ပြေပါတယ်။
credit :Trend Myanmar


မှတ်ချက်များ