Zawgyiဖြင့်ဖတ်ရန်
Moekalay
Credit:Momolay
Unicodeဖြင့်ဖတ်ရန်
အများကချစ်ခင်အားကျရတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံ(၆)တွဲ
နိုင်ငံကျော် အနုပညာရှင်များထဲမှာ ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ နာမည်ကြီးအနုပညာရှင်များစွာထဲမှာ လက်ရှိပရိသတ်တွေကြားနာမည်ကြီးပြီး အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် ဇနီးမောင်(၆)တွဲကို မိုမိုလေးပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
အများကချစ်ခင်အားကျရတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံတွေထဲမှာ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံ ဟာဆိုရင် သရုပ်ဆောင်လောကမှာ ဇနီးမောင်နှံ နှစ်ယောက်လုံးက အောင်မြင်မှုများစွာရရှိထားတဲ့ ပရိသတ်အချစ်တော်စုံတွဲပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံ မှာဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သားလေး ကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
နိုင်ငံကျော်သရုပ်ဆောင်မင်းသမီး အကယ်ဒမီ သက်မွန်မြင့်ဟာဆိုရင် ပရိသတ်တွေချစ်ရတဲ့ မင်းသမီးလေးတစ်ဦးပါ။ သူမတို့ဇနီးမောင်နှံ ဟာဆိုရင်လည်း ပရိသတ်တွေချစ်ခင်အားကျရတဲ့ ဇနီးမောင်နှံစုံတွဲလေးပါ။ သက်မွန်တို့ ဇနီးမောင်နှံမှာ ဆိုရင် ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကိုပိုင်ဆိုင်ထားပြီး အနုပညာကို ကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေးနဲ့ ဘဝကိုဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
အဆိုတော်လင်းလင်းနဲ့သရုပ်ဆောင်ချစ်သုဝေတို့ ဇနီးမောင်နှံ ကလည်း ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ဇနီးမောင်နှံလေးပါ။ သူတို့ရဲ့ချစ်စရာကောင်းတဲ့သမီးလေးအမွှာတွေဖြစ်ကြတဲ့မေမြန်မာခေတ်နဲ့မေမြန်မာသစ်တို့ဟာဆိုရင်ပရိသတ်တွေရဲ့အသည်းနှလုံးလေးတွေပဲဖြစ်ပါတယ်။ သူတို့မိသားစုလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာ အမြဲနာမည်ကြီးနေတာပါ။
နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း ချစ်စရာကောင်းတဲ့ မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ မယ်လိုဒီ ရဲ့ ချစ်စရာကောင်းတဲ့ သားလေး သိဒ္ဓိစစ် ကအရမ်းလိမ္မာတဲ့ ကလေးလေးပါတဲ့ ပရိသတ်ကြီးရေ ။
မင်းသမီးချောလေး မိုးယုစံ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ မိုးယုက ခုဆိုရင် ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မိုးယု ရဲ့ သားလေး ကလည်း အရမ်းချစ်စရာကောင်းတာကြောင့် ပရိသတ်တွေ ရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။
မင်းသမီးချောလေး သင်ဇာနွယ်ဝင်း တို့ဇနီးမောင်နှံကလည်း ပရိသတ်တွေအားကျရတဲ့ ဇနီးမောင်နှံထဲမှာပါဝင်ပါတယ်။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွားရှိတာကြောင့် ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ သင်ဇာနွယ်ဝင်း တို့ဇနီးမောင်နှံက ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေးကိုပိုင်ဆိုင်ထားပြီး နောက်ထပ်ရင်သွေးလေးကိုလည်းလွယ်ထားပြီပဲဖြစ်ပါတယ်။
အများကချစ်ခင်အားကျရတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင်ဇနီးမောင်နှံ(၆)တွဲ ကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Credit:Momolay







မှတ်ချက်များ