မိတ္ကပ္လိမ္းစရာ မလိုပဲ သဘာဝအတိုင္း အသားအေရ လွေနေစမယ့္ နည္းလမ္းမ်ား



Zawgyi ျဖင့္ဖတ္ရန္

တစ္ေန႔ တစ္ေန႔ အျပင္ေလး ဟိုနား ဒီနား သြားရင္ေတာင္ မိတ္ကပ္ေလး လိမ္းေနၾကရေပမယ့္ တကယ္တမ္းက မိတ္ကပ္နဲ႔ ေနရတာက တခါတေလ မလြတ္လပ္သလို တခါတေလ မိတ္ကပ္ မလိမ္းပဲေတာင္ အျပင္သြားေလ့ရွိၾကတယ္ မဟုတ္လား။ ဒီေတာ့ မိတ္ကပ္မလိမ္းခ်င္တဲ့ ခ်စ္တို႔အတြက္ သဘာဝအတိုင္း အသားအေရ စိုေျပေနမယ့္ လြယ္ကူတဲ့နည္းေလးေတြ မွ်ေဝေပးလိုက္ပါတယ္ေနာ္…

(၁) ေရ မၾကာခဏ ေသာက္ေပးပါ။


လူတစ္ေယာက္က တစ္ေန႔ကို ေရ ႏွစ္လီတာခန႔္ ေသာက္သုံးဖို႔ လိုအပ္ပါတယ္။ ေရဓာတ္ျပည့္ဝေနမွသာ အသားအေရနဲ႔ ခႏၶာကိုယ္ရဲ႕ ေရဓာတ္လိုအပ္မႈေတြအတြက္ အဆင္ေျပမွာပါ။ ေရဓာတ္ မျပည့္ဝတဲ့အခါ အသားအေရ ေျခာက္တာ ႏႈတ္ခမ္းသားေျခာက္ေသြ႕တာ စတာေတြ ျဖစ္ေစလို႔ ေရကို ပုံမွန္ မၾကာခဏ ေသာက္ေပးဖို႔ လိုအပ္ပါတယ္။


(၂) စိတ္ဖိစီးမႈကင္းေအာင္ ေနပါ။


အသားအရည္လွပေစဖို႔အတြက္ အစြမ္းထက္လြန္းတဲ့ရွားေစာင္းလက္ပပ္ကိုအသုံးျပဳနည္း
လူဆိုတာ စိတ္ဖိစီးမႈနဲ႔ မကင္းႏိုင္ဘူး ဆိုေပမဲ့ အတတ္ႏိုင္ဆုံး စိတ္ဖိစီးမႈနည္းေအာင္ ေနဖို႔ လိုအပ္ပါတယ္။ မဟုတ္ရင္ စိတ္ဖိစီးမႈက ဝက္ၿခံထြက္ေစမႈကို အားေပးတာေၾကာင့္ မ်က္ႏွာ အသားအေရအတြက္ဆို စိတ္ဖိစီးမႈ ကင္းေအာင္ ေနဖို႔ လိုအပ္ပါတယ္။

(၃) အသီးအႏွံေတြ စားပါ။

အရည္႐ႊမ္းတဲ့ အသီးေတြ၊ ေရဓာတ္ပါဝင္တဲ့ အသီးေတြက အသားအရည္အတြက္ အမ်ားႀကီး အေထာက္အကူျပဳေစတဲ့ အထဲမွာ ပါဝင္ပါတယ္။ သခြားသီး၊ ဖရဲသီး စသျဖင့္ ဒီလိုအသီးေတြ စားသုံးေပးျခင့္ျဖင့္ အသားအေရကို ပိုမိုၾကည္လင္လာေစပါတယ္။ ေဖ်ာ္ရည္အျဖစ္လည္း ေသာက္သုံးႏိုင္ပါတယ္ေနာ္..။



(၄) အိပ္ေရး ဝ ဝ အိပ္ပါ။

လူတစ္ေယာက္လိုအပ္တဲ့ အိပ္ခ်ိန္ ပမာဏမွာ ႏွစ္ၿခိဳက္စြာ အိပ္ဖို႔ လိုအပ္ပါတယ္။ အိပ္ေရး မဝတဲ့အခါ၊ အိပ္ေရးပ်က္တဲ့အခါ မ်က္တြင္းေခ်ာင္တာေတြ၊ မ်က္ကြင္းညိဳတာေတြ ျဖစ္ႏိုင္တဲ့အျပင္ အသားအေရ မညီတာမ်ိဳးေတြပါ ျဖစ္ႏိုင္တဲ့အတြက္ အိပ္ေရး ဝဝ အိပ္ဖို႔ မျဖစ္မေန လိုအပ္ပါတယ္။


(၅) moisturizer သုံးေပးဖို႔ လိုအပ္ပါတယ္။

အသားအေရ သဘာဝအတိုင္း စိုေျပဖို႔ဆို သူကလည္း မပါမျဖစ္မို႔ သုံးေပးဖို႔ လိုအပ္ပါတယ္။

(၆) Skincare ပုံမွန္လုပ္ပါ။

သဘာဝအတိုင္း လွဖို႔ဆို ဒီတိုင္း ဘာမွ မလုပ္ပဲေနရင္ ဘာမွ မထူးပါဘူး။ အသားအေရအတြက္ လိုအပ္တဲ့ အစားအစာေတြ စားသုံးရမွာ ျဖစ္သလို အသားအေရအတြက္ ေပါင္းတင္တာမ်ိဳးေတြ Scrub လုပ္တာေတြ စတဲ့ skincare လုပ္ရမွာေတြကို ေသခ်ာ စနစ္တက် လုပ္ဖို႔လည္း လိုပါတယ္။

ကဲ နည္းေလးေတြက အရမ္းလြယ္လို႔ လိုက္လုပ္ၾကည့္ၿပီး လွႏိုင္ၾကပါေစေနာ္…..

credit: aunty may



Unicode ဖြင့်ဖတ်ရန်

မိတ်ကပ်လိမ်းစရာ မလိုပဲ သဘာဝအတိုင်း အသားအရေ လှနေစေမယ့် နည်းလမ်းများ



တစ်နေ့ တစ်နေ့ အပြင်လေး ဟိုနား ဒီနား သွားရင်တောင် မိတ်ကပ်လေး လိမ်းနေကြရပေမယ့် တကယ်တမ်းက မိတ်ကပ်နဲ့ နေရတာက တခါတလေ မလွတ်လပ်သလို တခါတလေ မိတ်ကပ် မလိမ်းပဲတောင် အပြင်သွားလေ့ရှိကြတယ် မဟုတ်လား။ ဒီတော့ မိတ်ကပ်မလိမ်းချင်တဲ့ ချစ်တို့အတွက် သဘာဝအတိုင်း အသားအရေ စိုပြေနေမယ့် လွယ်ကူတဲ့နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်နော်…

(၁) ရေ မကြာခဏ သောက်ပေးပါ။


လူတစ်ယောက်က တစ်နေ့ကို ရေ နှစ်လီတာခန့် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝနေမှသာ အသားအရေနဲ့ ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်မှုတွေအတွက် အဆင်ပြေမှာပါ။ ရေဓာတ် မပြည့်ဝတဲ့အခါ အသားအရေ ခြောက်တာ နှုတ်ခမ်းသားခြောက်သွေ့တာ စတာတွေ ဖြစ်စေလို့ ရေကို ပုံမှန် မကြာခဏ သောက်ပေးဖို့ လိုအပ်ပါတယ်။


(၂) စိတ်ဖိစီးမှုကင်းအောင် နေပါ။


အသားအရည်လှပစေဖို့အတွက် အစွမ်းထက်လွန်းတဲ့ရှားစောင်းလက်ပပ်ကိုအသုံးပြုနည်း
လူဆိုတာ စိတ်ဖိစီးမှုနဲ့ မကင်းနိုင်ဘူး ဆိုပေမဲ့ အတတ်နိုင်ဆုံး စိတ်ဖိစီးမှုနည်းအောင် နေဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် စိတ်ဖိစီးမှုက ဝက်ခြံထွက်စေမှုကို အားပေးတာကြောင့် မျက်နှာ အသားအရေအတွက်ဆို စိတ်ဖိစီးမှု ကင်းအောင် နေဖို့ လိုအပ်ပါတယ်။

(၃) အသီးအနှံတွေ စားပါ။

အရည်ရွှမ်းတဲ့ အသီးတွေ၊ ရေဓာတ်ပါဝင်တဲ့ အသီးတွေက အသားအရည်အတွက် အများကြီး အထောက်အကူပြုစေတဲ့ အထဲမှာ ပါဝင်ပါတယ်။ သခွားသီး၊ ဖရဲသီး စသဖြင့် ဒီလိုအသီးတွေ စားသုံးပေးခြင့်ဖြင့် အသားအရေကို ပိုမိုကြည်လင်လာစေပါတယ်။ ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါတယ်နော်..။



(၄) အိပ်ရေး ဝ ဝ အိပ်ပါ။

လူတစ်ယောက်လိုအပ်တဲ့ အိပ်ချိန် ပမာဏမှာ နှစ်ခြိုက်စွာ အိပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရေး မဝတဲ့အခါ၊ အိပ်ရေးပျက်တဲ့အခါ မျက်တွင်းချောင်တာတွေ၊ မျက်ကွင်းညိုတာတွေ ဖြစ်နိုင်တဲ့အပြင် အသားအရေ မညီတာမျိုးတွေပါ ဖြစ်နိုင်တဲ့အတွက် အိပ်ရေး ဝဝ အိပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။


(၅) moisturizer သုံးပေးဖို့ လိုအပ်ပါတယ်။

အသားအရေ သဘာဝအတိုင်း စိုပြေဖို့ဆို သူကလည်း မပါမဖြစ်မို့ သုံးပေးဖို့ လိုအပ်ပါတယ်။

(၆) Skincare ပုံမှန်လုပ်ပါ။

သဘာဝအတိုင်း လှဖို့ဆို ဒီတိုင်း ဘာမှ မလုပ်ပဲနေရင် ဘာမှ မထူးပါဘူး။ အသားအရေအတွက် လိုအပ်တဲ့ အစားအစာတွေ စားသုံးရမှာ ဖြစ်သလို အသားအရေအတွက် ပေါင်းတင်တာမျိုးတွေ Scrub လုပ်တာတွေ စတဲ့ skincare လုပ်ရမှာတွေကို သေချာ စနစ်တကျ လုပ်ဖို့လည်း လိုပါတယ်။

ကဲ နည်းလေးတွေက အရမ်းလွယ်လို့ လိုက်လုပ်ကြည့်ပြီး လှနိုင်ကြပါစေနော်…..

credit: aunty may

မှတ်ချက်များ