ခရမ္းခ်ဥ္သီးကို လတ္လတ္ဆတ္ဆတ္ေလးရေအာင္ အိမ္တြင္းမွာ ဘယ္လိုစိုက္။
Zawgyi ျဖင့္ဖတ္ရန္
ခရမ္းခ်ဥ္သီးကို အိမ္တြင္းမွာဘယ္လိုစိုက္မလဲ
အားလုံးပဲမဂၤလာပါေနာ္။ ဒီတခါမွာေတာ့ ခရမ္းခ်ဥ္သီးကို လတ္လတ္ဆတ္ဆတ္ေလး သုံးေဆာင္လို႔ရေအာင္ ဘယ္လိုစိုက္ရမလဲဆိုတာ မွ်ေဝေပးခ်င္ပါတယ္ေနာ္။
၁။ ခရမ္းခ်ဥ္သီးေစ့ကို အရင္ပ်ိဳးထားပါ
မ်ိဳးေကာင္းၿပီး အလုံးလွတဲ့ခရမ္းခ်ဥ္သီး အမွည့္ကိုယူ အေစ့ေတြကို ေ႐ြးခ်ယ္ၿပီး ပ်ိဳးထားေပးရပါမယ္။ အိုးထဲမွာျဖစ္ျဖစ္၊ ပလတ္စတစ္ဘူးထဲမွာျဖစ္ျဖစ္ ေျမဆီလႊာေကာင္းတဲ့ ေျမေဆြးထည့္ၿပီး ပ်ိဳးထားေပးလိုက္ပါ။ ေရမွန္မွန္ေလာင္းေပးပါ။
၂။ အပင္ေလးေတြထြက္လာတဲ့အခါ
အပင္ေလးေတြထြက္လာၿပီဆိုရင္ေတာ့ အဲဒီအပင္ေပါက္ေလးေတြထဲက သန္တဲ့ အပင္ေလးေတြကို အိုးအႀကီးထဲမွာ ေျပာင္းစိုက္ေပးႏိုင္ပါတယ္။
၃။ ေရမွန္မွန္ေလာင္းေပး
အပင္ေလးေတြကို ေရမွန္မွန္ေလာင္းေပးပါ။ ခရမ္းခ်ဥ္သီးက ပူအိုက္တဲ့ရာသီဥတုကိုႏွစ္သက္တာမို႔ ေနေရာင္ျပျပရတဲ့ ေနရာမွာ ထားထားပါ။
၄။ သဘာဝေျမၾသဇာထည့္ေပးႏိုင္ပါတယ္
သဘာဝက ရတဲ့ ေျမၾသဇာ ႏြားေခ်းေျခာက္ စတာေတြကို ထည့္ေပးႏိုင္ပါတယ္။
၅။ လတ္လတ္ဆတ္ဆတ္ အသီးေလးေတြကိုခူးစားႏိုင္
ခရမ္းခ်ဥ္သီးသီးလာရင္ မွည့္တဲ့အသီးပဲျဖစ္ျဖစ္ အစိမ္းစားခ်င္ရင္ပဲျဖစ္ျဖစ္လတ္လတ္ဆတ္ဆတ္ ခူးစားႏိုင္ပါတယ္ေနာ္။ ကိုယ္တိုင္စိုက္တာဆိုေတာ့ ပိုၿပီးေတာ့လည္း ခ်ိဳတယ္။ စိတ္လည္းခ်မ္းသာတယ္။
Credit-MyFood Myanmar
Unicode ဖြင့်ဖတ်ရန်
ခရမ်းချဉ်သီးကို လတ်လတ်ဆတ်ဆတ်လေးရအောင် အိမ်တွင်းမှာ ဘယ်လိုစိုက်။
ခရမ်းချဉ်သီးကို အိမ်တွင်းမှာဘယ်လိုစိုက်မလဲ
အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ခရမ်းချဉ်သီးကို လတ်လတ်ဆတ်ဆတ်လေး သုံးဆောင်လို့ရအောင် ဘယ်လိုစိုက်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။
၁။ ခရမ်းချဉ်သီးစေ့ကို အရင်ပျိုးထားပါ
မျိုးကောင်းပြီး အလုံးလှတဲ့ခရမ်းချဉ်သီး အမှည့်ကိုယူ အစေ့တွေကို ရွေးချယ်ပြီး ပျိုးထားပေးရပါမယ်။ အိုးထဲမှာဖြစ်ဖြစ်၊ ပလတ်စတစ်ဘူးထဲမှာဖြစ်ဖြစ် မြေဆီလွှာကောင်းတဲ့ မြေဆွေးထည့်ပြီး ပျိုးထားပေးလိုက်ပါ။ ရေမှန်မှန်လောင်းပေးပါ။
၂။ အပင်လေးတွေထွက်လာတဲ့အခါ
အပင်လေးတွေထွက်လာပြီဆိုရင်တော့ အဲဒီအပင်ပေါက်လေးတွေထဲက သန်တဲ့ အပင်လေးတွေကို အိုးအကြီးထဲမှာ ပြောင်းစိုက်ပေးနိုင်ပါတယ်။
၃။ ရေမှန်မှန်လောင်းပေး
အပင်လေးတွေကို ရေမှန်မှန်လောင်းပေးပါ။ ခရမ်းချဉ်သီးက ပူအိုက်တဲ့ရာသီဥတုကိုနှစ်သက်တာမို့ နေရောင်ပြပြရတဲ့ နေရာမှာ ထားထားပါ။
၄။ သဘာဝမြေသြဇာထည့်ပေးနိုင်ပါတယ်
သဘာဝက ရတဲ့ မြေသြဇာ နွားချေးခြောက် စတာတွေကို ထည့်ပေးနိုင်ပါတယ်။
၅။ လတ်လတ်ဆတ်ဆတ် အသီးလေးတွေကိုခူးစားနိုင်
ခရမ်းချဉ်သီးသီးလာရင် မှည့်တဲ့အသီးပဲဖြစ်ဖြစ် အစိမ်းစားချင်ရင်ပဲဖြစ်ဖြစ်လတ်လတ်ဆတ်ဆတ် ခူးစားနိုင်ပါတယ်နော်။ ကိုယ်တိုင်စိုက်တာဆိုတော့ ပိုပြီးတော့လည်း ချိုတယ်။ စိတ်လည်းချမ်းသာတယ်။
Credit-MyFood Myanmar


မှတ်ချက်များ