အေနေဝးတဲ့ စုံတြဲေတြရဲ့ အားသာခ်က္ (၈) ခ်က္


Zawgyiျဖင့္ဖတ္ရန္

အဆင္ေျပတဲ့ အခ်စ္ေရး ျဖစ္ဖို႔အတြက္ ေန႔တိုင္း အျမဲတမ္း ေတြ႕ေနစရာ မလိုပါဘူးေနာ္ … ။ အေနေဝးေနေပမယ့္ တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈ ရွိေနရင္ အဆင္ေျပေန မွာပဲ ျဖစ္ပါတယ္ … ။ အေနေဝးတဲ့ စုံတြဲေတြမွာလည္း အားသာခ်က္ေတြ ရွိပါတယ္ ေနာ္ … ။

1.ေသးေသးမႊားမႊား ဂ႐ုစိုက္တာက အစ တန္ဖိုး ရွိပါတယ္။

ဖုန္းဆက္တာ၊ message ပို႔တာက အေနေဝးသူတို႔ အတြက္ ေပ်ာ္စရာအခ်က္ေလးေတြ ပါပဲေနာ္ … ။ ပို႔ထားၿပီးသား message ေလးေတြကို ျပန္ဖတ္ရတာ ကလည္း ၾကည္ႏူးစရာ ေကာင္းတာပဲျဖစ္ပါတယ္ … ။ ဒါေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္ အဆက္အသြယ္ မျပတ္ဖို႔ကေတာ့ အေရးႀကီး တာပဲျဖစ္ပါတယ္ …. ။

2.ကိုယ္ပိုင္အခ်ိန္ေတြ ပိုရပါတယ္။

အေနေဝးေန တာေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ မေတြ႕ရတဲ့ အခါ ဝါသနာပါတဲ့ အလုပ္ေတြ ပိုလုပ္ဖို႔ အခ်ိန္ပိုရလာ ပါတယ္ … ။ ေတြ႕စရာလည္း မလိုတာေၾကာင့္ အခ်ိန္ကုန္လည္း သက္သာ ပါတယ္ … ။ မ်က္ႏွာခ်င္းဆိုင္ၿပီး ရန္ျဖစ္ဖို႔ အခြင့္အေရးလည္း နည္းသြား တာေၾကာင့္ ေတာ္ေတာ္နဲ႔ လမ္းမခြဲနိုင္ေတာ့ ပါဘူးေနာ္ … ။

3.စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္ေတြ အၾကာႀကီး ေဝးၿပီးမွ ျပန္ေတြ႕ရတာဟာ ရင္ခုန္ စိတ္လႈပ္ရွားစရာ ေကာင္းတာပဲျဖစ္ပါတယ္ … ။ အဲဒီေပ်ာ္ရႊင္မႈကို ေဖာ္ျပဖို႔ စကားလုံးနဲ႔ေတာင္ မလုံေလာက္ ပါဘူး … ။ အၾကာႀကီးခြဲေနၿပီးမွ ေတြ႕ရတဲ့ အခ်ိန္ဟာ ဘဝမွာ အေပ်ာ္ဆုံး အခ်ိန္ထဲက တစ္ခ်ိန္ အပါအဝင္ ပါပဲေနာ္ …. ။

4.တစ္ေယာက္ကို တစ္ေယာက္ ပိုၿပီး အေလးအနက္ ထားလာပါတယ္။

အေနေဝးတဲ့ စုံတြဲေတြရဲ့ အားသာခ်က္က (အေပ်ာ္တြဲတာ မဟုတ္ရင္) တစ္ေယာက္ကို တစ္ေယာက္ အေလးအနက္ပိုၿပီး ထားလာတာပဲျဖစ္ပါတယ္ …. ။တစ္ေယာက္ရဲ့ အလုပ္ကို တစ္ေယာက္က နားလည္ေပးၿပီး စိတ္ရွည္ေပးတဲ့အခါ အခ်စ္က ပိုေလးနက္ လာပါတယ္ …. ။ နားလည္မႈ ရွိတဲ့အခါ လမ္းခြဲျခင္း ဆိုတာ အေဝးမွာပါ … ။

5.ပိုၿပီး ခ်စ္လာၾက ပါတယ္။

အခ်စ္စစ္ဆိုတာ အေနေဝးတဲ့ စုံတြဲေတြၾကားမွာ ပိုေတြ႕ရပါတယ္ … ။ အေနေဝးေန တာေတာင္ မေျပာင္းလဲေသးရင္ တကယ္ ခ်စ္လို႔ပါပဲေနာ္ …. ။ တခ်ိဳ႕ဆိုရင္ နီးနီးေလးနဲ႔ ေဝးေနတတ္ ၾကတာပါ … ။

6.ကိုယ့္ကိုယ္ကိုယ္ အားကိုးတတ္ လာပါတယ္။

အေနေဝးေန တာေၾကာင့္ အခက္အခဲ ေတြ႕ေနခ်ိန္မွာ နားေထာင္ေပးတာ၊ အႀကံေပးတာ ေလာက္ပဲ လုပ္ေပးနိုင္မွာပါ … ။ က်န္တဲ့အပိုင္းေတြ ကိုေတာ့ ကိုယ့္ကိုယ္ကိုပဲ ရင္ဆိုင္ေျဖရွင္းရ မွာပါ … ။ မေကာင္းတာတစ္ခုက အျခားကိစၥေၾကာင့္ မဟုတ္ဘဲ တစ္ေယာက္ကို တစ္ေယာက္ စိတ္ဆိုးေနရင္ ျပန္အဆင္ေျပဖို႔ အခ်ိန္ေတာ္ေတာ္ ယူရမွာပါ … ။

7.ကိုယ့္႐ုပ္ရည္နဲ႔ ပတ္သက္ၿပီး စိတ္ပူစရာ မလိုေတာ့ပါဘူး။

လူခ်င္းမေတြ႕ရ တာေၾကာင့္ ဖုန္းေျပာေနခ်ိန္၊ message ပို႔ေနခ်ိန္မွာ ကိုယ္လွေနလား၊ မလွေနဘူးလားဆိုတာ စိတ္ပူစရာ မလိုပါဘူးေနာ္ … ။ အလွအပအတြက္ အခ်ိန္မေပးရလို႔ အခ်ိန္ေတြလည္း ပိုထြက္လာပါတယ္ … ။ ဒါေပမယ့္ တကယ္ခ်စ္တဲ့သူေတြက ႐ုပ္ရည္ေတြကို ၾကည့္ေနမွာ မဟုတ္ပါဘူး … ။ စကၠန႔္တိုင္းခ်စ္ေနဖို႔ပဲ လိုတာပါ … ။

8.ယုံၾကည္မႈေတြ ပိုတိုးလာပါတယ္။

မေတြ႕ရတဲ့ အခ်ိန္ဆိုရင္ တစ္ေယာက္ရဲ့ တန္ဖိုးကို တစ္ေယာက္က ပိုသိလာ တာပဲျဖစ္ပါတယ္ …. ။သူ႔တန္ဖိုးေၾကာင့္ အဆုံးရႈံးလည္း မခံနိုင္သလို သူမရွိရင္လည္း မေနနိုင္ေတာ့ ပါဘူး … ။ အဲဒါေၾကာင့္ ေနရာေတြ ေဝးကြာေနေပမယ့္ သစၥာရွိရွိ ေနျဖစ္လာၾက ပါတယ္ … ။ သစၥာရွိရွိေနၾကတဲ့ အခါ ယုံၾကည္မႈေတြ ကလည္း တိုးသထက္ တိုးလာပါတယ္ … ။ တကယ္ခ်စ္ရင္ ေဝးကြာေနေပမယ့္ ဘယ္အေၾကာင္းနဲ႔မွ သစၥာမေဖာက္ပါဘူးေနာ္ …. ။

Credit:Zombie(LoveMedia)

Unicodeဖြင့်ဖတ်ရန်

အနေဝေးတဲ့ စုံတွဲတွေရဲ့ အားသာချက် (၈) ချက်

အဆင်ပြေတဲ့ အချစ်ရေး ဖြစ်ဖို့အတွက် နေ့တိုင်း အမြဲတမ်း တွေ့နေစရာ မလိုပါဘူးနော် … ။ အနေဝေးနေပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိနေရင် အဆင်ပြေနေ မှာပဲ ဖြစ်ပါတယ် … ။ အနေဝေးတဲ့ စုံတွဲတွေမှာလည်း အားသာချက်တွေ ရှိပါတယ် နော် … ။

1.သေးသေးမွှားမွှား ဂရုစိုက်တာက အစ တန်ဖိုး ရှိပါတယ်။

ဖုန်းဆက်တာ၊ message ပို့တာက အနေဝေးသူတို့ အတွက် ပျော်စရာအချက်လေးတွေ ပါပဲနော် … ။ ပို့ထားပြီးသား message လေးတွေကို ပြန်ဖတ်ရတာ ကလည်း ကြည်နူးစရာ ကောင်းတာပဲဖြစ်ပါတယ် … ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မပြတ်ဖို့ကတော့ အရေးကြီး တာပဲဖြစ်ပါတယ် …. ။

2.ကိုယ်ပိုင်အချိန်တွေ ပိုရပါတယ်။

အနေဝေးနေ တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတဲ့ အခါ ဝါသနာပါတဲ့ အလုပ်တွေ ပိုလုပ်ဖို့ အချိန်ပိုရလာ ပါတယ် … ။ တွေ့စရာလည်း မလိုတာကြောင့် အချိန်ကုန်လည်း သက်သာ ပါတယ် … ။ မျက်နှာချင်းဆိုင်ပြီး ရန်ဖြစ်ဖို့ အခွင့်အရေးလည်း နည်းသွား တာကြောင့် တော်တော်နဲ့ လမ်းမခွဲနိုင်တော့ ပါဘူးနော် … ။

3.စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အချိန်တွေ အကြာကြီး ဝေးပြီးမှ ပြန်တွေ့ရတာဟာ ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းတာပဲဖြစ်ပါတယ် … ။ အဲဒီပျော်ရွှင်မှုကို ဖော်ပြဖို့ စကားလုံးနဲ့တောင် မလုံလောက် ပါဘူး … ။ အကြာကြီးခွဲနေပြီးမှ တွေ့ရတဲ့ အချိန်ဟာ ဘဝမှာ အပျော်ဆုံး အချိန်ထဲက တစ်ချိန် အပါအဝင် ပါပဲနော် …. ။

4.တစ်ယောက်ကို တစ်ယောက် ပိုပြီး အလေးအနက် ထားလာပါတယ်။

အနေဝေးတဲ့ စုံတွဲတွေရဲ့ အားသာချက်က (အပျော်တွဲတာ မဟုတ်ရင်) တစ်ယောက်ကို တစ်ယောက် အလေးအနက်ပိုပြီး ထားလာတာပဲဖြစ်ပါတယ် …. ။တစ်ယောက်ရဲ့ အလုပ်ကို တစ်ယောက်က နားလည်ပေးပြီး စိတ်ရှည်ပေးတဲ့အခါ အချစ်က ပိုလေးနက် လာပါတယ် …. ။ နားလည်မှု ရှိတဲ့အခါ လမ်းခွဲခြင်း ဆိုတာ အဝေးမှာပါ … ။

5.ပိုပြီး ချစ်လာကြ ပါတယ်။

အချစ်စစ်ဆိုတာ အနေဝေးတဲ့ စုံတွဲတွေကြားမှာ ပိုတွေ့ရပါတယ် … ။ အနေဝေးနေ တာတောင် မပြောင်းလဲသေးရင် တကယ် ချစ်လို့ပါပဲနော် …. ။ တချို့ဆိုရင် နီးနီးလေးနဲ့ ဝေးနေတတ် ကြတာပါ … ။

6.ကိုယ့်ကိုယ်ကိုယ် အားကိုးတတ် လာပါတယ်။

အနေဝေးနေ တာကြောင့် အခက်အခဲ တွေ့နေချိန်မှာ နားထောင်ပေးတာ၊ အကြံပေးတာ လောက်ပဲ လုပ်ပေးနိုင်မှာပါ … ။ ကျန်တဲ့အပိုင်းတွေ ကိုတော့ ကိုယ့်ကိုယ်ကိုပဲ ရင်ဆိုင်ဖြေရှင်းရ မှာပါ … ။ မကောင်းတာတစ်ခုက အခြားကိစ္စကြောင့် မဟုတ်ဘဲ တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးနေရင် ပြန်အဆင်ပြေဖို့ အချိန်တော်တော် ယူရမှာပါ … ။

7.ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုတော့ပါဘူး။

လူချင်းမတွေ့ရ တာကြောင့် ဖုန်းပြောနေချိန်၊ message ပို့နေချိန်မှာ ကိုယ်လှနေလား၊ မလှနေဘူးလားဆိုတာ စိတ်ပူစရာ မလိုပါဘူးနော် … ။ အလှအပအတွက် အချိန်မပေးရလို့ အချိန်တွေလည်း ပိုထွက်လာပါတယ် … ။ ဒါပေမယ့် တကယ်ချစ်တဲ့သူတွေက ရုပ်ရည်တွေကို ကြည့်နေမှာ မဟုတ်ပါဘူး … ။ စက္ကန့်တိုင်းချစ်နေဖို့ပဲ လိုတာပါ … ။

8.ယုံကြည်မှုတွေ ပိုတိုးလာပါတယ်။

မတွေ့ရတဲ့ အချိန်ဆိုရင် တစ်ယောက်ရဲ့ တန်ဖိုးကို တစ်ယောက်က ပိုသိလာ တာပဲဖြစ်ပါတယ် …. ။သူ့တန်ဖိုးကြောင့် အဆုံးရှုံးလည်း မခံနိုင်သလို သူမရှိရင်လည်း မနေနိုင်တော့ ပါဘူး … ။ အဲဒါကြောင့် နေရာတွေ ဝေးကွာနေပေမယ့် သစ္စာရှိရှိ နေဖြစ်လာကြ ပါတယ် … ။ သစ္စာရှိရှိနေကြတဲ့ အခါ ယုံကြည်မှုတွေ ကလည်း တိုးသထက် တိုးလာပါတယ် … ။ တကယ်ချစ်ရင် ဝေးကွာနေပေမယ့် ဘယ်အကြောင်းနဲ့မှ သစ္စာမဖောက်ပါဘူးနော် …. ။

Credit:Zombie(LoveMedia)

မှတ်ချက်များ