ရုပ္မေခ်ာလည္း သင့္ကိုအလုိလိုစြဲေဆာင္မွဳရွိေစတဲ့အရာမ်ား


Zawgyiျဖင့္ဖတ္ရန္

လူေတြအမ်ားၾကီးၾကားမွာရုပ္ေခ်ာလို႕လည္းမဟုတ္ပါဘဲ၊ တန္ဖိုးၾကီးပစၥည္းေတြ သံုးထားလို႕လည္းမဟုတ္ပါဘဲ အလိုလိုေနရင္းနဲ႔ ဆြဲေဆာင္မႈရွိေနတတ္တဲ့ အမ်ိဳးသမီးေလးေတြကို ေတြြ႕ဖူးမွာပါ။ တကယ္ေတာ့ ဒီလိုအေၾကာင္းအခ်က္ေတြေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဆြဲေဆာင္မႈကျမင့္တက္ေနရတာပါတဲ့။

(၁) ဟာသဉာဏ္ရွိတာ

တခါတေလ ခက္ခဲၾကမ္းတမ္းျပီး ရင္ဆိုင္ဖို႕မလြယ္ကူတဲ့အခ်ိန္မ်ိဳးေတြ ၾကံဳရတတ္ပါတယ္။ အဲ့ဒီလိုအခါမ်ိဳးမွာ စိတ္ပ်က္ ျငီးျငဴေနတာမ်ိဳးမရွိဘဲ ေပါ့ေပါ့ပါးပါးျဖတ္သန္းနိုင္တာ၊ ဟာသဉာဏ္ရွိတာက သင့္ကို ဆြဲေဆာင္မႈပိုရွိေစနိုင္ပါတယ္။

(၂) ဘ၀ရည္မွန္းခ်က္ရွိတာ

ဘ၀ကို ေပါ့ေပါ့ပါးပါး ျဖတ္သန္းေနတာပါ။ ေပါ့ပ်က္ပ်က္ ျဖစ္ကတတ္ဆန္း ျဖတ္သန္းေနတာ မဟုတ္ပါဘူး။ ဘ၀ရည္မွန္းခ်က္ သတ္သတ္မွတ္မွတ္ ရွိပါတယ္။ အဲ့ဒါကလည္း ဆြဲေဆာင္မႈပိုတိုးေစတဲ့အထဲကတစ္ခ်က္ေပါ့။

(၃) ဆံုးျဖတ္ခ်က္ခ်နိုင္တာ

အမ်ိဳးသမီးတစ္ေယာက္က အေျခအေနတခ်ိဳ႕မွာ မျပတ္သားနိုင္ၾကဘူး၊ ေတြေ၀ၾကတယ္လို႕ လူေတြကထင္ၾကေပမယ့္ သင္ကေတာ့ ျပတ္သားျပီးဆံုးျဖတ္ခ်က္ခ်နိုင္တဲ့သူျဖစ္ေနတယ္ဆိုရင္ သင္ဟာ ဆြဲေဆာင္မႈရွိတဲ့သူတစ္ေယာက္ျဖစ္ေနမွာအေသအခ်ာပါပဲ။

(၄) ကိုယ္ကိုယ္တိုင္နဲ႕တျခားသူေတြအေပၚၾကင္နာတတ္တာ

ၾကင္နာတတ္တဲ့နွလံုးသားရွိတဲ့သူက ေလာကၾကီးမွာ အလွဆံုးပါ။ သင္က သင့္ကိုယ္သင္နဲ႕တျခားသူေတြကိုၾကင္နာတတ္တယ္၊ တိရစာၦန္ေလးေတြအေပၚမွာၾကင္နာတတ္တယ္ဆိုရင္ အဲ့ဒါဟာသင္ဆြဲေဆာင္မႈရွိျခင္းအေၾကာင္းရင္းတစ္ရပ္ျဖစ္ပါတယ္။

(၅) ပြင့္လင္းတဲ့စိတ္ရွိတာ

တစ္ခုခုမေက်နပ္တာမ်ိဳးဆို စိတ္ထဲမွာေတးထား၊မွတ္ထားျပီး အခြင့္ၾကံဳမွျပန္နွိပ္တတ္တဲ့အက်င့္မ်ိဳးမရွိဘူး၊ အရွိကိုအရွိအတိုင္းပြင့္ပြင့္လင္းလင္းေနတတ္တာကလည္း သင့္ကိုဆြဲေဆာင္မႈပိုရွိေစပါတယ္။

(၆) ကူညီတတ္တာ

တျခားသူေတြကို ကူညီတတ္တာက စိတ္ရင္းေကာင္းတယ္ဆိုတာကို ေဖာ္ျပေနတာပါ။ သင္ဟာ သင့္မ်က္စိေရွ႕မွာတစ္ေယာက္ေယာက္အခက္အခဲျဖစ္ေနရင္မေနနိုင္မထိုင္နိုင္ကူညီတတ္တဲ့တယ္ဆိုရင္ အဲ့ဒီအက်င့္ေလးေၾကာင့္ သင္ကဆြဲေဆာင္မႈရွိေနတာပါ။

(၇) တျခားသူေတြရဲ႕ကြဲလြဲမႈေတြကိုလက္ခံတာ

ေလာကမွာ အဆိုးဆံုးအမူအက်င့္က တစ္ဖက္သားကိုေလးစားမႈမရွိဘဲ ငါ့စကားႏြားရျငင္းတတ္တဲ့အက်င့္ပဲျဖစ္မယ္ထင္ပါတယ္။ သင္က အဲ့ဒီလိုမလုပ္တတ္တဲ့သူတစ္ေယာက္ဆိုရင္ သင့္ကိုယ္သင္ဂုဏ္ယူလိုက္ပါ။ တျခားသူေတြရဲ႕ကြဲလြဲမႈေတြကိုလက္ခံျပီး ၊ သူတို႕ရဲ႕ျဖစ္တည္မႈေတြကိုေလးစားတတ္တာကလည္း သင့္ကိုဆြဲေဆာင္မႈတိုးေစတဲ့ အမူအက်င့္ပါပဲ။

MAY THAZINHTOO

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ရုပ်မချောလည်း သင့်ကိုအလိုလိုစွဲဆောင်မှုရှိစေတဲ့အရာများ

လူတွေအများကြီးကြားမှာရုပ်ချောလို့လည်းမဟုတ်ပါဘဲ၊ တန်ဖိုးကြီးပစ္စည်းတွေ သုံးထားလို့လည်းမဟုတ်ပါဘဲ အလိုလိုနေရင်းနဲ့ ဆွဲဆောင်မှုရှိနေတတ်တဲ့ အမျိုးသမီးလေးတွေကို တွေ့ဖူးမှာပါ။ တကယ်တော့ ဒီလိုအကြောင်းအချက်တွေကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ဆွဲဆောင်မှုကမြင့်တက်နေရတာပါတဲ့။

(၁) ဟာသဉာဏ်ရှိတာ

တခါတလေ ခက်ခဲကြမ်းတမ်းပြီး ရင်ဆိုင်ဖို့မလွယ်ကူတဲ့အချိန်မျိုးတွေ ကြုံရတတ်ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ စိတ်ပျက် ငြီးငြူနေတာမျိုးမရှိဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်တာ၊ ဟာသဉာဏ်ရှိတာက သင့်ကို ဆွဲဆောင်မှုပိုရှိစေနိုင်ပါတယ်။

(၂) ဘဝရည်မှန်းချက်ရှိတာ

ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတာပါ။ ပေါ့ပျက်ပျက် ဖြစ်ကတတ်ဆန်း ဖြတ်သန်းနေတာ မဟုတ်ပါဘူး။ ဘဝရည်မှန်းချက် သတ်သတ်မှတ်မှတ် ရှိပါတယ်။ အဲ့ဒါကလည်း ဆွဲဆောင်မှုပိုတိုးစေတဲ့အထဲကတစ်ချက်ပေါ့။

(၃) ဆုံးဖြတ်ချက်ချနိုင်တာ

အမျိုးသမီးတစ်ယောက်က အခြေအနေတချို့မှာ မပြတ်သားနိုင်ကြဘူး၊ တွေဝေကြတယ်လို့ လူတွေကထင်ကြပေမယ့် သင်ကတော့ ပြတ်သားပြီးဆုံးဖြတ်ချက်ချနိုင်တဲ့သူဖြစ်နေတယ်ဆိုရင် သင်ဟာ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်နေမှာအသေအချာပါပဲ။

(၄) ကိုယ်ကိုယ်တိုင်နဲ့တခြားသူတွေအပေါ်ကြင်နာတတ်တာ

ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့သူက လောကကြီးမှာ အလှဆုံးပါ။ သင်က သင့်ကိုယ်သင်နဲ့တခြားသူတွေကိုကြင်နာတတ်တယ်၊ တိရစ္ဆာန်လေးတွေအပေါ်မှာကြင်နာတတ်တယ်ဆိုရင် အဲ့ဒါဟာသင်ဆွဲဆောင်မှုရှိခြင်းအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။

(၅) ပွင့်လင်းတဲ့စိတ်ရှိတာ

တစ်ခုခုမကျေနပ်တာမျိုးဆို စိတ်ထဲမှာတေးထား၊မှတ်ထားပြီး အခွင့်ကြုံမှပြန်နှိပ်တတ်တဲ့အကျင့်မျိုးမရှိဘူး၊ အရှိကိုအရှိအတိုင်းပွင့်ပွင့်လင်းလင်းနေတတ်တာကလည်း သင့်ကိုဆွဲဆောင်မှုပိုရှိစေပါတယ်။

(၆) ကူညီတတ်တာ

တခြားသူတွေကို ကူညီတတ်တာက စိတ်ရင်းကောင်းတယ်ဆိုတာကို ဖော်ပြနေတာပါ။ သင်ဟာ သင့်မျက်စိရှေ့မှာတစ်ယောက်ယောက်အခက်အခဲဖြစ်နေရင်မနေနိုင်မထိုင်နိုင်ကူညီတတ်တဲ့တယ်ဆိုရင် အဲ့ဒီအကျင့်လေးကြောင့် သင်ကဆွဲဆောင်မှုရှိနေတာပါ။

(၇) တခြားသူတွေရဲ့ကွဲလွဲမှုတွေကိုလက်ခံတာ

လောကမှာ အဆိုးဆုံးအမူအကျင့်က တစ်ဖက်သားကိုလေးစားမှုမရှိဘဲ ငါ့စကားနွားရငြင်းတတ်တဲ့အကျင့်ပဲဖြစ်မယ်ထင်ပါတယ်။ သင်က အဲ့ဒီလိုမလုပ်တတ်တဲ့သူတစ်ယောက်ဆိုရင် သင့်ကိုယ်သင်ဂုဏ်ယူလိုက်ပါ။ တခြားသူတွေရဲ့ကွဲလွဲမှုတွေကိုလက်ခံပြီး ၊ သူတို့ရဲ့ဖြစ်တည်မှုတွေကိုလေးစားတတ်တာကလည်း သင့်ကိုဆွဲဆောင်မှုတိုးစေတဲ့ အမူအကျင့်ပါပဲ။

MAY THAZINHTOO

Credit:Aunty May

မှတ်ချက်များ