MTV ဆန္ဆန္ လမ္းေပၚမွာ ျပႆနာတက္ေနၾကတဲ့စုံတြဲ ကားတိုက္ခံရ (႐ုပ္သံ)





Zawgyi ျဖင့္ဖတ္ရန္


ကားမလမ္းမအလယ္ေကာင္မွာ ခ်စ္သူေတြ ရန္ျဖစ္စကားမ်ားၾကတဲ့ ႐ိုမန္းတစ္တစ္ဆန္ဆန္ ဇာတ္ဝင္ခန္းမ်ိဳးက MTV ေတြ အခ်စ္ဇာတ္လမ္း ႐ုပ္ရွင္ေတြမွာပဲ ၾကည့္ရတာ ‘ဟာ.. မိုက္တယ္ကြာ’ လို႔ ခံစားရမွာပါ။ အျပင္လက္ေတြ႕ဘဝမွာေတာ့ မိနစ္ပိုင္းအတြင္း တမလြန္ေရာက္သြားႏိုင္ပါတယ္။

႐ုပ္ရွင္ဇာတ္လမ္းေတြထဲက မင္းသားမသမီးေတြကို မသိစိတ္က အတုခိုးမိၿပီး ကားလမ္းမအလယ္ေကာင္မွာ ရန္ျဖစ္စကားမ်ားခဲ့ၾကတဲ့ စုံတြဲတစ္တြဲကို ကားတစ္စီးက အရွိန္နဲ႔ ျဖတ္တိုက္သြားခဲ့မႈတစ္ခု မၾကာေသးမီကမွ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားခဲ့ပါတယ္။




ဂြမ္က်ိဳးစီရင္စုမွာရွိတဲ့ ကားအသြားအလာမ်ားနဲ႔ လမ္းမႀကီး အလယ္ေကာင္မွာ သမီးရည္းစားႏွစ္ဦး ကေတာက္ကဆ စကားမ်ားခဲ့ၾကတာျဖစ္ပါတယ္။ ႐ုပ္သံအရ ေကာင္ေလးက MTV ေတြထဲကလို ကားလမ္းမအလယ္ မ်ဥ္းေပၚမွာ လက္ႏွစ္ဖက္ကို ဆန႔္တန္းၿပီး ကားအတိုက္ခံမယ့္ အိုက္တင္မ်ိဳးလုပ္ေနခ်ိန္မွာ ေကာင္မေလးကလည္း ကားလမ္းမေပၚမွာ ဒူးေထာက္ခ်လိုက္ပါတယ္။ အဲဒီအခ်ိန္မွာ သူတို႔ေနာက္ဘက္ကေန အရွိန္ျပင္းျပင္နဲ႔ ေမာင္းလာတဲ့ ဆလြန္းကား အနက္ေရာင္က ေကာင္မေလးကို တည့္တည့္ဝင္တိုက္ၿပီး ေကာင္ေလးကေတာ့ တစ္စိတ္တစ္ပိုင္းတိုက္ခံရကာ လမ္းမေပၚ လြင့္က်သြားပါတယ္။




ယာဥ္တိုက္မႈေၾကာင့္ ေကာင္မေလး ေသဆုံးသြားခဲ့ပါတယ္။ ေကာင္​ေလးကေတာ့ ဒဏ္ရာအနည္းငယ္သာရခဲ့ၿပီး လမ္းလယ္ေကာင္မွာ ဒီလိုပုံစံမ်ိဳး ျပဳမႈခဲ့တဲ့အတြက္ ဖမ္းဆီးခံထားရသလို ယာဥ္ေမာင္းသမားကိုလည္း အရွိန္တင္ၿပီး ပစ္စလပ္ခတ္ေမာင္းႏွင္ခဲ့မႈအတြက္ စစ္ေဆးေမးျမန္းမႈေတြ လုပ္ေနပါတယ္။ အဆိုပါ စီစီတီဗီ႐ုပ္သံကို ဂြမ္က်ိဳးရဲဌါနက လူအမ်ားသင္ခန္းစာယူႏိုင္ေအာင္ ခ်ျပခဲ့ပါတယ္။

Credit : popolay 


Unicode ဖြင့်ဖတ်ရန်

 MTV ဆန်ဆန် လမ်းပေါ်မှာ ပြဿနာတက်နေကြတဲ့စုံတွဲ ကားတိုက်ခံရ (ရုပ်သံ)


ကားမလမ်းမအလယ်ကောင်မှာ ချစ်သူတွေ ရန်ဖြစ်စကားများကြတဲ့ ရိုမန်းတစ်တစ်ဆန်ဆန် ဇာတ်ဝင်ခန်းမျိုးက MTV တွေ အချစ်ဇာတ်လမ်း ရုပ်ရှင်တွေမှာပဲ ကြည့်ရတာ ‘ဟာ.. မိုက်တယ်ကွာ’ လို့ ခံစားရမှာပါ။ အပြင်လက်တွေ့ဘဝမှာတော့ မိနစ်ပိုင်းအတွင်း တမလွန်ရောက်သွားနိုင်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွေထဲက မင်းသားမသမီးတွေကို မသိစိတ်က အတုခိုးမိပြီး ကားလမ်းမအလယ်ကောင်မှာ ရန်ဖြစ်စကားများခဲ့ကြတဲ့ စုံတွဲတစ်တွဲကို ကားတစ်စီးက အရှိန်နဲ့ ဖြတ်တိုက်သွားခဲ့မှုတစ်ခု မကြာသေးမီကမှ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။



ဂွမ်ကျိုးစီရင်စုမှာရှိတဲ့ ကားအသွားအလာများနဲ့ လမ်းမကြီး အလယ်ကောင်မှာ သမီးရည်းစားနှစ်ဦး ကတောက်ကဆ စကားများခဲ့ကြတာဖြစ်ပါတယ်။ ရုပ်သံအရ ကောင်လေးက MTV တွေထဲကလို ကားလမ်းမအလယ် မျဉ်းပေါ်မှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကားအတိုက်ခံမယ့် အိုက်တင်မျိုးလုပ်နေချိန်မှာ ကောင်မလေးကလည်း ကားလမ်းမပေါ်မှာ ဒူးထောက်ချလိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့နောက်ဘက်ကနေ အရှိန်ပြင်းပြင်နဲ့ မောင်းလာတဲ့ ဆလွန်းကား အနက်ရောင်က ကောင်မလေးကို တည့်တည့်ဝင်တိုက်ပြီး ကောင်လေးကတော့ တစ်စိတ်တစ်ပိုင်းတိုက်ခံရကာ လမ်းမပေါ် လွင့်ကျသွားပါတယ်။



ယာဉ်တိုက်မှုကြောင့် ကောင်မလေး သေဆုံးသွားခဲ့ပါတယ်။ ကောင်လေးကတော့ ဒဏ်ရာအနည်းငယ်သာရခဲ့ပြီး လမ်းလယ်ကောင်မှာ ဒီလိုပုံစံမျိုး ပြုမှုခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသလို ယာဉ်မောင်းသမားကိုလည်း အရှိန်တင်ပြီး ပစ်စလပ်ခတ်မောင်းနှင်ခဲ့မှုအတွက် စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပါတယ်။ အဆိုပါ စီစီတီဗီရုပ်သံကို ဂွမ်ကျိုးရဲဌါနက လူအများသင်ခန်းစာယူနိုင်အောင် ချပြခဲ့ပါတယ်။

Credit : popolay 

မှတ်ချက်များ