အနီေရာင္ကို အျကိုက္ဆံုးဆိုတဲ့ရဲရဲနီမေလးေတြရဲ႕ သူမတူတဲ့စိတ္ေနစိတ္ထားနဲ႕အားသာခ်က္မ်ား


Zawgyiျဖင့္ဖတ္ရန္

အေရာင္ေတြမွာ သူ႔အဓိပၸါယ္နဲ႔သူ ရွိျပီး လူတစ္ေယာက္ခ်င္းစီမွာလည္း ကိုယ္အႏွစ္သက္ဆံုးအေရာင္က ကိုယ့္ရဲ႕မသိစိတ္၊ ကိန္းေအာင္းေနတဲ့စိတ္ေတြကို ေဖာ္ျပႏိုင္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ အနီေရာင္ကိုမွ အၾကိဳက္ဆံုးဆိုတဲ့ အနီေရာင္ခ်စ္သူေတြရဲ႕ စိတ္ေနစိတ္ထားနဲ႔ သူမတူတဲ့ အားသာခ်က္ေတြအေၾကာင္း ျဖစ္ပါတယ္။

၁. သင့္ရဲ႕ ရုပ္ပိုင္းဆိုင္ရာ စြမး္အင္ဟာ အရမး္အားၾကီးပါတယ္။ သင္ဟာ သင့္ရဲ႕ ခႏၶာကိုယ္အလွအပကိုလည္း အထူးဂရုစိုက္ထိန္းသိမ္းတတ္သူ တစ္ေယာက္လညး္ ျဖစ္ပါတယ္။

၂. သင္ဟာ ဘာကိုပဲ လုပ္လုပ္ အေကာင္းဆံုးပဲ ျဖစ္ခ်င္တဲ့သူတစ္ေယာက္ျဖစ္သလို၊ အျပိဳင္အဆိုင္မ်ားျပီး ရည္မွန္းခ်က္ၾကီးသူတစ္ေယာက္ျဖစ္ပါတယ္။

၃. သင္ဟာ စိတ္တို၊ စိတ္ဆတ္လြယ္သူ တစ္ေယာက္ျဖစ္သလို၊ စိတ္လည္း အရမး္ျမန္တာေၾကာင့္ တစ္ခါတေလ လုပ္ျပီးမွ ေနာင္တရေနတတ္သူ တစ္ေယာက္ျဖစ္ပါတယ္။

၄. သင္ဟာ ခရီးသြားရတာကို ႏွစ္သက္ျပီး ေလာကၾကီးရဲ႕ အေၾကာင္းအရာေတြကို အျမဲမျပတ္ေလ့လာခ်င္သူ တစ္ေယာက္ျဖစ္ပါတယ္။

၅. သင္ဟာ စိန္္ေခၚမႈအသစ္ေတြကို အျမဲတမ္းလိုခ်င္ေနတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

၆. သင္ဟာ တစ္ဖက္သားကုိ လႊမ္းမိုးျခယ္လွယ္ခ်င္တဲ့ စိတ္ရွိသလို၊ သင့္ကို ျခယ္လွယ္တာမ်ိဳးကိုေတာ့ လံုးဝလက္မခံတတ္တဲ့သူ တစ္ေယာက္လညး္ျဖစ္ပါတယ္။

၇. သင္ဟာ ထင္ေပၚေက်ာ္ၾကားလိုသူ တစ္ေယာက္ျဖစ္သလို၊ ထင္ေပၚေက်ာ္ၾကားရဖုိ႔အတြက္၊ သူတစ္ပါးရဲ႕ အာရံုစိုက္မႈကို ရရွိဖုိ႔အတြက္ အစြမး္ကုန္ၾကိဳးစားတတ္သူလည္း ျဖစ္ပါတယ္။

၈. သင္ဟာ အရမး္ကိုသစၥာရွိတဲ့ ခ်စ္သူေကာင္းတစ္ေယာက္ျဖစ္သလို၊ သူငယ္ခ်င္းေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။

Em Em

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

အနီရောင်ကို အကြိုက်ဆုံးဆိုတဲ့ရဲရဲနီမလေးတွေရဲ့ သူမတူတဲ့စိတ်နေစိတ်ထားနဲ့အားသာချက်များ

အရောင်တွေမှာ သူ့အဓိပ္ပါယ်နဲ့သူ ရှိပြီး လူတစ်ယောက်ချင်းစီမှာလည်း ကိုယ်အနှစ်သက်ဆုံးအရောင်က ကိုယ့်ရဲ့မသိစိတ်၊ ကိန်းအောင်းနေတဲ့စိတ်တွေကို ဖော်ပြနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အနီရောင်ကိုမှ အကြိုက်ဆုံးဆိုတဲ့ အနီရောင်ချစ်သူတွေရဲ့ စိတ်နေစိတ်ထားနဲ့ သူမတူတဲ့ အားသာချက်တွေအကြောင်း ဖြစ်ပါတယ်။

၁. သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ဟာ အရမ်းအားကြီးပါတယ်။ သင်ဟာ သင့်ရဲ့ ခန္ဓာကိုယ်အလှအပကိုလည်း အထူးဂရုစိုက်ထိန်းသိမ်းတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

၂. သင်ဟာ ဘာကိုပဲ လုပ်လုပ် အကောင်းဆုံးပဲ ဖြစ်ချင်တဲ့သူတစ်ယောက်ဖြစ်သလို၊ အပြိုင်အဆိုင်များပြီး ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။

၃. သင်ဟာ စိတ်တို၊ စိတ်ဆတ်လွယ်သူ တစ်ယောက်ဖြစ်သလို၊ စိတ်လည်း အရမ်းမြန်တာကြောင့် တစ်ခါတလေ လုပ်ပြီးမှ နောင်တရနေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။

၄. သင်ဟာ ခရီးသွားရတာကို နှစ်သက်ပြီး လောကကြီးရဲ့ အကြောင်းအရာတွေကို အမြဲမပြတ်လေ့လာချင်သူ တစ်ယောက်ဖြစ်ပါတယ်။

၅. သင်ဟာ စိန်ခေါ်မှုအသစ်တွေကို အမြဲတမ်းလိုချင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၆. သင်ဟာ တစ်ဖက်သားကို လွှမ်းမိုးခြယ်လှယ်ချင်တဲ့ စိတ်ရှိသလို၊ သင့်ကို ခြယ်လှယ်တာမျိုးကိုတော့ လုံးဝလက်မခံတတ်တဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

၇. သင်ဟာ ထင်ပေါ်ကျော်ကြားလိုသူ တစ်ယောက်ဖြစ်သလို၊ ထင်ပေါ်ကျော်ကြားရဖို့အတွက်၊ သူတစ်ပါးရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားတတ်သူလည်း ဖြစ်ပါတယ်။

၈. သင်ဟာ အရမ်းကိုသစ္စာရှိတဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်သလို၊ သူငယ်ချင်းကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

Em Em

Credit:Aunty May

မှတ်ချက်များ