အမုန္းမပါတဲ့လမ္းခြဲျခင္းမ်ိဳးနဲ႔ အၿပီးတိုင္ႏႈတ္ဆက္ႏိုင္ဖို႔ ပညာသားပါပါလမ္းခြဲနည္းမ်ား
Zawgyiျဖင့္ဖတ္ရန္
ခ်စ္သူစံုတြဲတိုင္း မတည္ၿမဲတတ္ၾကပါဘူး။ တစ္ခါတစ္္ေလမွာ ဆက္ဆံေရးအဆင္မေျပလို႔႔ပဲျဖစ္ျဖစ္၊ တစ္ျခားအေၾကာင္းအရင္းတစ္ခုခုေၾကာင့္ မျဖစ္မေန လမ္းခြဲဖို႔လိုအပ္လာတတ္ပါတယ္။ ဒီလိုမ်ိဳး တစ္ေယာက္နဲ႔ တစ္ေယာက္ လမ္းခြဲၾကတဲ့အခါ အမုန္းနဲ႔ လမ္းခြဲတာထက္ ေျပေျပလည္လည္နဲ႔ ဘာခံစားခ်က္မွ မ႐ွိပဲ လမ္းခြဲတာဟာ ႏွစ္ဦးႏွစ္ဖက္လံုးအတြက္ ရည္ရွည္မွာ ပိုၿပီးေကာင္းမြန္ေစမွာပါ။ ဒါဆို ခ်စ္ခဲ့ရသူကို အမုန္႔နဲ႔လမ္းမခြဲရေအာင္လို႔ ဘယ္လိုပညာသားပါပါ အဆက္ျဖတ္သင့္တယ္ဆိုတာ ဆက္ဖတ္ေပးၾကပါဦးေနာ္။
ျပတ္ျပတ္္သားသား ေျပာျပတတ္ပါေစ
ဒါကဦးဆံုးလုပ္ေဆာင္ရမယ့္ အေရးႀကီးအခ်က္တစ္ခုပါပဲ။ တစ္စံုတစ္ေယာက္ရဲ႕ အမွားေၾကာင့္ relationship တစ္ခုအဆင္မေျပေတာ့တဲ့အခါ၊ ကိုယ့္မဟုတ္တဲ့ တစ္ျခားတစ္ေယာက္ကို တြဲခုတ္ေနမွန္္းသိလုိက္ရတဲ့အခါမ်ိဳးမွွာ၊ ကိုယ္သူ႔ကိုစိတ္ကုန္ေနၿပီဆိုတာ သိလိုက္ရတဲ့အခါ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မျဖစ္မေန လမ္းခြဲဖို႔ လိုအပ္လာခဲ႔ၿပီဆိုရင္ ျပတ္ျပတ္သားသားေျပာဖို႔ လိုအပ္ပါတယ္။ မေျပလည္ႏိုင္ေတာ့တဲ့ ဆက္ဆံေရးကို အတင္းၾကီးေျပလည္လာေအာင္ ႀကိဳးစားေနတာထက္ လမ္းခြဲလိုက္္တာကမွ ပိုအဆင္ေျပႏုိင္ပါတယ္။ ဒါေၾကာင့္ လမ္းခြဲဖို႔ လိုအပ္ေနၿပီဆိုတဲ႔အေၾကာင္းကို ေသခ်ာေျပာျပဖို႔လိုမွာပါ။
ျငင္းခံုျခင္းမ်ိဳး မလုပ္ပါနဲဲ႔
တစ္ေယာက္နဲ႔ တစ္ေယာက္ အဆင္မေျပလို႔ နင့္လုပ္ရပ္ေတြေၾကာင့္ စိတ္ပ်က္လြန္းလို႔ လမ္းခြဲတာ၊ ဘာညာသာလာကာ မျငင္းခံုပါနဲ႔။ တစ္ေယာက္ကို တစ္ေယာက္ အျပစ္ေတြတင္၊ စိတ္တို ေဒါသထြက္ၿပီး ျငင္းခံုျခင္းထက္ ေျပေျပလည္လည္ ညိွညိွႏိႈင္းႏိႈင္းနဲ႔ လမ္းခြဲျခင္းမ်ိဳးက ပိုအဆင္ေျပမွာပါ။ ျငင္းခံုမႈေတြလုပ္မိတဲ့အခါမ်ိဳးမွာ အမုန္းနဲ႔ လမ္းခြဲျဖစ္ဖို႔က ပိုမ်ားေနတတ္လို႔ပါ။
ကိုယ့္ကိုယ္ကို လူေကာင္းလိုမ်ိဳး ဟန္မေဆာင္ပါနဲ႔
ႏွစ္ဦးႏွစ္ဖက္ လမ္းခြဲၾကမယ့္ေနရာမွာ သူ႔အမွား၊ ကိုယ့္အမွားဆိုတာ ႐ွိတတ္ၾကတာပါပဲ။ ဒါကိုမွ ကိုယ္ကေတာ့ ဘာမွမသိတဲ့ သူတစ္ေယာက္၊ သူ႕ကိုေတာ့ အမွားေတြပဲ လုပ္ေနတဲ့ ဗီလိန္ တစ္ေယာက္လိုမ်ိဳး မဆက္ဆံသင့္ပါဘူး။ ဘာမွမဆိုင္ေတာ့တဲ့ သူေတြအျဖစ္ လမ္းခြဲၾကတဲ့အခါ သူ႕အမွား၊ ကိုယ့္အမွား ဆိုတာမ်ိဳးကို မေတြးပဲ ဒီအတိုင္း relationship တစ္ခုကို အဆံုးသတ္လိုက္တာက ပိုအဆင္ေျပပါတယ္။
သူ႕ကို အခ်ိန္တစ္ခုေပးလိုက္ပါ
ကိုယ့္ဘက္က လမ္းခြဲစကား စေျပာတဲ့အခ်ိန္မွာ သူဘက္က အဆင္သင့္မျဖစ္ေသးတာမ်ိဳး၊ စဥ္းစားခ်င္ေသးတာမ်ိဳးဆို သူ႔ကို အခ်ိန္တစ္ခုေပးသင့္ပါတယ္။ ဘာေၾကာင့္ လမ္းခြဲရတယ္ဆိုတဲ႔အေၾကာင္းကို သူနားလည္ေအာင္ ႐ွင္းျပၿပီး သူ႔ကို စဥ္းစားဖို႔ အခ်ိန္ေပးလုိက္ပါ။ ၿပီးေတာ့မွ သင့္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို ေျပေျပလည္လည္ ျပတ္ျပတ္သားသားနဲ႔ ေနာက္ဆံုးမွာ အဆံုးသတ္သင့္ပါတယ္။
Khin
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
အမုန်းမပါတဲ့လမ်းခွဲခြင်းမျိုးနဲ့ အပြီးတိုင်နှုတ်ဆက်နိုင်ဖို့ ပညာသားပါပါလမ်းခွဲနည်းများ
ချစ်သူစုံတွဲတိုင်း မတည်မြဲတတ်ကြပါဘူး။ တစ်ခါတစ်လေမှာ ဆက်ဆံရေးအဆင်မပြေလို့ပဲဖြစ်ဖြစ်၊ တစ်ခြားအကြောင်းအရင်းတစ်ခုခုကြောင့် မဖြစ်မနေ လမ်းခွဲဖို့လိုအပ်လာတတ်ပါတယ်။ ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲကြတဲ့အခါ အမုန်းနဲ့ လမ်းခွဲတာထက် ပြေပြေလည်လည်နဲ့ ဘာခံစားချက်မှ မရှိပဲ လမ်းခွဲတာဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် ရည်ရှည်မှာ ပိုပြီးကောင်းမွန်စေမှာပါ။ ဒါဆို ချစ်ခဲ့ရသူကို အမုန့်နဲ့လမ်းမခွဲရအောင်လို့ ဘယ်လိုပညာသားပါပါ အဆက်ဖြတ်သင့်တယ်ဆိုတာ ဆက်ဖတ်ပေးကြပါဦးနော်။
ပြတ်ပြတ်သားသား ပြောပြတတ်ပါစေ
ဒါကဦးဆုံးလုပ်ဆောင်ရမယ့် အရေးကြီးအချက်တစ်ခုပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အမှားကြောင့် relationship တစ်ခုအဆင်မပြေတော့တဲ့အခါ၊ ကိုယ့်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို တွဲခုတ်နေမှန်းသိလိုက်ရတဲ့အခါမျိုးမှာ၊ ကိုယ်သူ့ကိုစိတ်ကုန်နေပြီဆိုတာ သိလိုက်ရတဲ့အခါ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ လမ်းခွဲဖို့ လိုအပ်လာခဲ့ပြီဆိုရင် ပြတ်ပြတ်သားသားပြောဖို့ လိုအပ်ပါတယ်။ မပြေလည်နိုင်တော့တဲ့ ဆက်ဆံရေးကို အတင်းကြီးပြေလည်လာအောင် ကြိုးစားနေတာထက် လမ်းခွဲလိုက်တာကမှ ပိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် လမ်းခွဲဖို့ လိုအပ်နေပြီဆိုတဲ့အကြောင်းကို သေချာပြောပြဖို့လိုမှာပါ။
ငြင်းခုံခြင်းမျိုး မလုပ်ပါနဲ့
တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေလို့ နင့်လုပ်ရပ်တွေကြောင့် စိတ်ပျက်လွန်းလို့ လမ်းခွဲတာ၊ ဘာညာသာလာကာ မငြင်းခုံပါနဲ့။ တစ်ယောက်ကို တစ်ယောက် အပြစ်တွေတင်၊ စိတ်တို ဒေါသထွက်ပြီး ငြင်းခုံခြင်းထက် ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ လမ်းခွဲခြင်းမျိုးက ပိုအဆင်ပြေမှာပါ။ ငြင်းခုံမှုတွေလုပ်မိတဲ့အခါမျိုးမှာ အမုန်းနဲ့ လမ်းခွဲဖြစ်ဖို့က ပိုများနေတတ်လို့ပါ။
ကိုယ့်ကိုယ်ကို လူကောင်းလိုမျိုး ဟန်မဆောင်ပါနဲ့
နှစ်ဦးနှစ်ဖက် လမ်းခွဲကြမယ့်နေရာမှာ သူ့အမှား၊ ကိုယ့်အမှားဆိုတာ ရှိတတ်ကြတာပါပဲ။ ဒါကိုမှ ကိုယ်ကတော့ ဘာမှမသိတဲ့ သူတစ်ယောက်၊ သူ့ကိုတော့ အမှားတွေပဲ လုပ်နေတဲ့ ဗီလိန် တစ်ယောက်လိုမျိုး မဆက်ဆံသင့်ပါဘူး။ ဘာမှမဆိုင်တော့တဲ့ သူတွေအဖြစ် လမ်းခွဲကြတဲ့အခါ သူ့အမှား၊ ကိုယ့်အမှား ဆိုတာမျိုးကို မတွေးပဲ ဒီအတိုင်း relationship တစ်ခုကို အဆုံးသတ်လိုက်တာက ပိုအဆင်ပြေပါတယ်။
သူ့ကို အချိန်တစ်ခုပေးလိုက်ပါ
ကိုယ့်ဘက်က လမ်းခွဲစကား စပြောတဲ့အချိန်မှာ သူဘက်က အဆင်သင့်မဖြစ်သေးတာမျိုး၊ စဉ်းစားချင်သေးတာမျိုးဆို သူ့ကို အချိန်တစ်ခုပေးသင့်ပါတယ်။ ဘာကြောင့် လမ်းခွဲရတယ်ဆိုတဲ့အကြောင်းကို သူနားလည်အောင် ရှင်းပြပြီး သူ့ကို စဉ်းစားဖို့ အချိန်ပေးလိုက်ပါ။ ပြီးတော့မှ သင့်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြေပြေလည်လည် ပြတ်ပြတ်သားသားနဲ့ နောက်ဆုံးမှာ အဆုံးသတ်သင့်ပါတယ်။
Khin
Credit:Aunty May


မှတ်ချက်များ