အိမ္ေစာင့္နတ္နဲ႔ ပတ္သတ္ၿပီး မွားယြင္းေနတဲ့ အယူအဆေတြနဲ႔ သိမွတ္စရာေတြကို ပါခ်ဳပ္ဆရာေတာ္ႀကီး ရွင္းပါၿပီ
Zawgyi ျဖင့္ဖတ္ရန္
ျမန္မာလူမ်ိဳးေတြရဲ႕ ဗုဒၵဘာသာနဲ႔ပတ္သတ္တဲ့ အယူအဆ အလြဲအမွားေတြကို အသိအျမင္အမွန္ကို အၿမဲၫႊန္ျပေပးေလ့ရွိတာကေတာ့ေက်းဇူးေတာ္ရွင္ ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီးပဲျဖစ္ပါတယ္။ဆရာေတာ္ဘုရားေဟာၾကားေတာ္မူတဲ့တရားေတြမွာ လြဲမွားတဲ့အယူအဆေတြကိုမွန္ကန္ေအာင္တည့္မတ္ေပးေလ့ရွိသလို ယခုတစ္ခါမွာေတာ့ အိမ္ေစာင့္နတ္နဲ႔ပတ္သတ္ၿပီး လြဲမွားေနတဲ့ အယူအဆေတြနဲ႔သိမွတ္စရာေတြကိုတရားေတာ္ထဲမွာထည့္သြင္းရွင္းျပခဲ့တာပါ။
ဆရာေတာ္ဘုရာႀကီးရဲ႕ ရွင္းလင္းေဟာၾကားခ်က္ အျပည့္အစုံကေတာ့
(((( အိမ္ေစာင့္နတ္ ဆိုတဲ့အဓိပၸါယ္က Duty ခ်ထားလို႔ ေစာင့္တာေတာ့ မဟုတ္ဘူး။ ကိုယ့္အိမ္ကို အမွီျပဳၿပီးျဖစ္ေန တဲ့ နတ္ကို “အိမ္ေစာင့္နတ္” လို႔ ေခၚတာေနာ္။
ေအး……. အိမ္ကိုေစာင့္ရမယ္လို႔ တာဝန္ေပးထားတာလို႔ေတာ့ မေအာက္ေမ့ေလနဲ႔။
ကုသိုလ္ေကာင္းမႈ လုပ္ၿပီးတိုင္း နတ္ေတြကိုလည္း အမွ်ေဝပါ။
————————————
ကိုယ္ေစာင့္နတ္ ဆိုတာလည္း ကိုယ့္ခႏၶာကိုယ္နဲ႔ ဆက္စပ္ၿပီး ျဖစ္ေပၚေနတဲ့ သတၱဝါ တစ္မ်ိဳးပဲ။
စဥ္းစားၾကည့္ေလ။
ကိုယ့္မွာ အိမ္ေလးေဆာက္ထားၿပီ ဆိုလို႔ရွိရင္ အိမ္ေျမႇာင္တို႔ ပိုးဟပ္တို႔ အေကာင္ပေလာင္ ေတြဟာ ေရာက္လာတာပဲေလ။
အဲဒီလိုပဲ ကိုယ္မျမင္ရတဲ့ နတ္ေတြ ဘာေတြဆိုတာလည္း ကိုယ့္အိမ္နဲ႔ဆက္စပ္ၿပီး သူတို႔ ဘုံဗိမၼာန္ေတြ ျဖစ္ေနတာ။
အဲဒါကိုပဲ အိမ္ေစာင့္နတ္လို႔ ေခၚတာ။
သစ္ပင္ကို အမႈီျပဳၿပီး ဘုံဗိမၼာန္ေတြ ျဖစ္လာတဲ့အခါ ႐ုကၡစိုးလို႔ ေခၚတယ္။ ေျမႀကီးေပၚမွာ ဘုံဗိမၼာန္ေပၚလာရင္ ဘုမၼစိုး လို႔ ေခၚတယ္။ အဲဒါေတြက ကိုယ့္ပတ္ဝန္းက်င္မွာ ရွိေနတတ္တယ္။
အဲဒီလိုရွိေနတာကို ” သူလည္း သူ႔ဟာသူေန၊ ကိုယ္လည္း ကိုယ္ဟာကိုယ္ေန “ဆိုတာမ်ိဳး မဟုတ္ဘဲနဲ႔ မိမိကိုယ္တိုင္က အသိအမွတ္ျပဳၿပီးေတာ့ကုသိုလ္ေကာင္းမႈ လုပ္တိုင္း မိမိအနီးပါးမွာရွိတဲ့ နတ္ေတြကို ခ်မ္းသာၾကပါေစ၊ ကုသိုလ္ေကာင္းမႈအမွ်ေဝပါတယ္၊ အမွ်ယူၾကပါလို႔ အမွ်ေဝလို႔ အမွ်ရတဲ့အခါက်ရင္ ဘုန္းတန္ခိုးေတြ တိုးတက္သြားတယ္။
နတ္ဆိုတာ လုပ္ကိုင္ စားေသာက္ရတဲ့ အမ်ိဳးအစားမဟုတ္ဘူး။ သာဓုေခၚလိုက္လို႔ ကုသိုလ္ေကာင္းမႈ တိုးသြားရင္ အစြမ္းတန္ခိုးေတြ တိုးသြားတယ္။ စီးပြားတိုးသြားတယ္လို႔ ေခၚတယ္။
လူေတြက်ေတာ့ အလုပ္အကိုင္ လုပ္မွ စီးပြားတိုးတက္တယ္။
လူေတြက_ဥ႒ာန_ဖလူပဇီဝီ လုပ္ကိုင္ စားေသာက္မွ စီးပြားဥစၥာျဖစ္တယ္။ ဒီအတိုင္း ထိုင္ေနလို႔ ဘာမွ ျဖစ္မလာဘူး။
နတ္ေတြက်ေတာ့ အဲလိုမဟုတ္ဘူး။ ကုသိုလ္ေကာင္းမႈျပဳလိုက္လို႔ သာဓုေခၚလိုက္ရရင္ ဘုန္းတန္ခိုးတိုးသြားတယ္။
အရည္အခ်င္းေတြ တက္သြားတယ္။ အဝတ္အစားေတြ ပိုေကာင္းလာတယ္။ ဘုံဗိမၼာန္ေတြ ပိုေကာင္းလာတယ္။
စားစရာ ေသာက္စရာေတြ ပိုျပည့္စုံလာတယ္။
အရွိန္အဝါေတြ ပိုတက္လာတယ္ ။ ကိုယ္ကမျပတ္ ေမတၱာပို႔ေပးတယ္၊ အမွ်ေဝေပးတယ္ဆိုရင္ အဲဒီအမွ်ကို သာဓုေခၚရတဲ့နတ္ေတြဟာ တန္ခိုး တိုးတက္သြားတယ္။
ကိုယ္မျမင္ရလို႔ မယုံဘူးမေျပာနဲ႔။ ျမတ္စြာဘုရားကိုယ္တိုင္က ဘယ္လိုေျပာထားတုန္း ဆိုေတာ့
“ယသၼိ ံ_ပေဒေသ_ကေပၸတိ၊
ဝါသံ ပ႑ိတဇာတိေယာ”
စဥ္းစားဉာဏ္ရွိတဲ့ပုဂၢိဳလ္ဟာ အရပ္တစ္ခုခုမွာ ေနတယ္ဆိုရင္ ကုသိုလ္ ေကာင္းမႈလုပ္ၿပီး အဲဒီကုသိုလ္ေကာင္းမႈရဲ႕အဖို႔ဘာဂကို ပတ္ဝန္းက်င္ မွာရွိတဲ့ နတ္ေတြကို အမွ်ေဝပါတဲ့။
#အမွ်ေဝလိုက္လို႔ရွိရင္ နတ္ေတြက ကိုယ့္ကို ေစာင့္ေရွာက္လိမ့္မယ္။ ကိုယ္က အမွ်အတန္း ေပးေဝေတာ့ သူတို႔မွာ ဘုန္းတန္ခိုးေတြ တက္တယ္။
ဘုန္းတန္ခိုးတက္ေတာ့ ကိုယ့္အေပၚမွာ အၾကင္နာတရား ေတြ ထားလာတယ္။
“ေဒဝတာႏုကမၸိေတာ ေပါေသာ၊
သဒါဘျဒာနိ ပႆတိ “
နတ္ေတြရဲ႕ အေစာင့္အေရွာက္ ရတဲ့ပုဂၢိဳလ္ဟာ အေကာင္းခ်ည္းပဲ ေတြ႕တယ္။
တိုးတက္ဖို႔ အခြင့္အလမ္းေတြ အမ်ားႀကီး ႀကဳံလာတယ္။ ဘာလုပ္လုပ္ အဆင္ေျပလာတယ္။ အႏၲရာယ္ေတြ ကင္းလာတယ္။
“မာတာပုတၱံဝ_ၾသရသံ”
မိခင္က သားသမီးအေပၚမွာ ေစာင့္ေရွာက္သလို နတ္ေတြက ကိုယ့္အေပၚမွာ အၾကင္နာေတြ #ေမတၱာေတြ ပိုၿပီးေတာ့ ကိုယ့္ကို ေစာင့္ေရွာက္လာတယ္။
ဒါေၾကာင့္မို႔ ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ ကိုယ္မျမင္ရတဲ့ နတ္ေတြကို ကုသိုလ္ေကာင္းမႈ လုပ္တိုင္း အမွ်ေဝရမယ္။ ဘုရားဆြမ္းေတာ္တင္၊ ဆီမီး၊ ပန္း၊ လႉဒါန္းၿပီးရင္ ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ #အိမ္ေစာင့္နတ္တို႔ ဘာတို႔ကို ဖိတ္ေခၚၿပီး အမွ်အတန္း ေပးေဝရမယ္။)))) လို႔ ေဟာၾကားခဲ့တာပါ။
Shwe Yaung Lan ပရိသတ္ႀကီး ပညာဗဟုသုတရရွိဖြယ္ရာ ဆရာေတာ္ႀကီးရဲ႕ ေဟာၾကားခ်က္ေလးျဖစ္လို႔ မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Wrtier – Magic (Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
အိမ်စောင့်နတ်နဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆတွေနဲ့ သိမှတ်စရာတွေကို ပါချုပ်ဆရာတော်ကြီး ရှင်းပါပြီ
မြန်မာလူမျိုးတွေရဲ့ ဗုဒ္ဒဘာသာနဲ့ပတ်သတ်တဲ့ အယူအဆ အလွဲအမှားတွေကို အသိအမြင်အမှန်ကို အမြဲညွှန်ပြပေးလေ့ရှိတာကတော့ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီးပဲဖြစ်ပါတယ်။ဆရာတော်ဘုရားဟောကြားတော်မူတဲ့တရားတွေမှာ လွဲမှားတဲ့အယူအဆတွေကိုမှန်ကန်အောင်တည့်မတ်ပေးလေ့ရှိသလို ယခုတစ်ခါမှာတော့ အိမ်စောင့်နတ်နဲ့ပတ်သတ်ပြီး လွဲမှားနေတဲ့ အယူအဆတွေနဲ့သိမှတ်စရာတွေကိုတရားတော်ထဲမှာထည့်သွင်းရှင်းပြခဲ့တာပါ။
ဆရာတော်ဘုရာကြီးရဲ့ ရှင်းလင်းဟောကြားချက် အပြည့်အစုံကတော့
(((( အိမ်စောင့်နတ် ဆိုတဲ့အဓိပ္ပါယ်က Duty ချထားလို့ စောင့်တာတော့ မဟုတ်ဘူး။ ကိုယ့်အိမ်ကို အမှီပြုပြီးဖြစ်နေ တဲ့ နတ်ကို “အိမ်စောင့်နတ်” လို့ ခေါ်တာနော်။
အေး……. အိမ်ကိုစောင့်ရမယ်လို့ တာဝန်ပေးထားတာလို့တော့ မအောက်မေ့လေနဲ့။
ကုသိုလ်ကောင်းမှု လုပ်ပြီးတိုင်း နတ်တွေကိုလည်း အမျှဝေပါ။
————————————
ကိုယ်စောင့်နတ် ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါ တစ်မျိုးပဲ။
စဉ်းစားကြည့်လေ။
ကိုယ့်မှာ အိမ်လေးဆောက်ထားပြီ ဆိုလို့ရှိရင် အိမ်မြှောင်တို့ ပိုးဟပ်တို့ အကောင်ပလောင် တွေဟာ ရောက်လာတာပဲလေ။
အဲဒီလိုပဲ ကိုယ်မမြင်ရတဲ့ နတ်တွေ ဘာတွေဆိုတာလည်း ကိုယ့်အိမ်နဲ့ဆက်စပ်ပြီး သူတို့ ဘုံဗိမ္မာန်တွေ ဖြစ်နေတာ။
အဲဒါကိုပဲ အိမ်စောင့်နတ်လို့ ခေါ်တာ။
သစ်ပင်ကို အမှီုပြုပြီး ဘုံဗိမ္မာန်တွေ ဖြစ်လာတဲ့အခါ ရုက္ခစိုးလို့ ခေါ်တယ်။ မြေကြီးပေါ်မှာ ဘုံဗိမ္မာန်ပေါ်လာရင် ဘုမ္မစိုး လို့ ခေါ်တယ်။ အဲဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ်။
အဲဒီလိုရှိနေတာကို ” သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ်ဟာကိုယ်နေ “ဆိုတာမျိုး မဟုတ်ဘဲနဲ့ မိမိကိုယ်တိုင်က အသိအမှတ်ပြုပြီးတော့ကုသိုလ်ကောင်းမှု လုပ်တိုင်း မိမိအနီးပါးမှာရှိတဲ့ နတ်တွေကို ချမ်းသာကြပါစေ၊ ကုသိုလ်ကောင်းမှုအမျှဝေပါတယ်၊ အမျှယူကြပါလို့ အမျှဝေလို့ အမျှရတဲ့အခါကျရင် ဘုန်းတန်ခိုးတွေ တိုးတက်သွားတယ်။
နတ်ဆိုတာ လုပ်ကိုင် စားသောက်ရတဲ့ အမျိုးအစားမဟုတ်ဘူး။ သာဓုခေါ်လိုက်လို့ ကုသိုလ်ကောင်းမှု တိုးသွားရင် အစွမ်းတန်ခိုးတွေ တိုးသွားတယ်။ စီးပွားတိုးသွားတယ်လို့ ခေါ်တယ်။
လူတွေကျတော့ အလုပ်အကိုင် လုပ်မှ စီးပွားတိုးတက်တယ်။
လူတွေက_ဥဋ္ဌာန_ဖလူပဇီဝီ လုပ်ကိုင် စားသောက်မှ စီးပွားဥစ္စာဖြစ်တယ်။ ဒီအတိုင်း ထိုင်နေလို့ ဘာမှ ဖြစ်မလာဘူး။
နတ်တွေကျတော့ အဲလိုမဟုတ်ဘူး။ ကုသိုလ်ကောင်းမှုပြုလိုက်လို့ သာဓုခေါ်လိုက်ရရင် ဘုန်းတန်ခိုးတိုးသွားတယ်။
အရည်အချင်းတွေ တက်သွားတယ်။ အဝတ်အစားတွေ ပိုကောင်းလာတယ်။ ဘုံဗိမ္မာန်တွေ ပိုကောင်းလာတယ်။
စားစရာ သောက်စရာတွေ ပိုပြည့်စုံလာတယ်။
အရှိန်အဝါတွေ ပိုတက်လာတယ် ။ ကိုယ်ကမပြတ် မေတ္တာပို့ပေးတယ်၊ အမျှဝေပေးတယ်ဆိုရင် အဲဒီအမျှကို သာဓုခေါ်ရတဲ့နတ်တွေဟာ တန်ခိုး တိုးတက်သွားတယ်။
ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။ မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်း ဆိုတော့
“ယသ္မိ ံ_ပဒေသေ_ကပ္ပေတိ၊
ဝါသံ ပဏ္ဍိတဇာတိယော”
စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင် ကုသိုလ် ကောင်းမှုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့အဖို့ဘာဂကို ပတ်ဝန်းကျင် မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။
#အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကို စောင့်ရှောက်လိမ့်မယ်။ ကိုယ်က အမျှအတန်း ပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေ တက်တယ်။
ဘုန်းတန်ခိုးတက်တော့ ကိုယ့်အပေါ်မှာ အကြင်နာတရား တွေ ထားလာတယ်။
“ဒေဝတာနုကမ္ပိတော ပေါသော၊
သဒါဘဒြာနိ ပဿတိ “
နတ်တွေရဲ့ အစောင့်အရှောက် ရတဲ့ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။
တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ်။
“မာတာပုတ္တံဝ_သြရသံ”
မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ #မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကို စောင့်ရှောက်လာတယ်။
ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှု လုပ်တိုင်း အမျှဝေရမယ်။ ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ #အိမ်စောင့်နတ်တို့ ဘာတို့ကို ဖိတ်ခေါ်ပြီး အမျှအတန်း ပေးဝေရမယ်။)))) လို့ ဟောကြားခဲ့တာပါ။
Shwe Yaung Lan ပရိသတ်ကြီး ပညာဗဟုသုတရရှိဖွယ်ရာ ဆရာတော်ကြီးရဲ့ ဟောကြားချက်လေးဖြစ်လို့ မျှဝေပေးလိုက်ပါတယ်နော်။
Wrtier – Magic (Shwe Yaung Lan)

မှတ်ချက်များ