ခ်စ္သူေကာင္မေလးကို ေနာက္ဆုံးေပၚ I phone 11 ေရာင္စုံ ၉ လုံးတိတိ ဝယ္ေပးၿပီး စပ႐ိုက္လုပ္ခဲ့သူ





Zawgyi ျဖင့္ဖတ္ရန္

Apple ရဲ႕ ထုတ္ကုန္ေတြဟာ ေဈးႀကီးသလို အရည္အေသြးကလည္း ေကာင္းတာေၾကာင့္ လူႀကိဳက္မ်ားပါတယ္…ဒါေပမဲ့ ေဈးႀကီးတာေၾကာင့္ ေတာ္႐ုံလူမဝယ္ႏိုင္ၾကပါဘူး…. ဒီလို ေဈးႀကီးတဲ့ Apple ထုတ္ကုန္ေတြက iPhone 11 ၉ လုံး တိတိကို လူတစ္ဦးက သူ႔ဇနီးကို ဝယ္ေပးတယ္ဆို အံ့ၾသသြားမလားဘဲ…


ဟုတ္ပါတယ္ ျမန္မာေငြ ၁၅ သိန္းေလာက္ေပးရတယ္ဆိုတဲ့ iPhone 11 ကို အမ်ိဳးသားတစ္ဦးက ၉ လုံးတိတိ ဝယ္ယူၿပီးေသာ သူ႔ခ်စ္တဲ့ ဇနီးေလးကို Surprise လုပ္ခဲ့တာပါ……သူဘာလို႔ ခုလို ၉ လုံးထိ ဝယ္ခဲ့ရသလဲဆိုတာကိုေတာ့ ခုလိုေျပာထားပါတယ္…
“ကြၽန္ေတာ့္ဇနီးအတြက္ iPhone အသစ္ဝယ္ေပးၿပီး Surprise လုပ္ခ်င္တာပါ…ဒါေပမဲ့ သူက ဘယ္အေရာင္ႀကိဳက္မွန္းမသိလို႔ ရွိရွိသမွ် အေရာင္ေတြ အကုန္ဝယ္ခဲ့တာပါ…သူႀကိဳက္တဲ့အေရာင္ကို ေ႐ြးယူလို႔ ရတာေပါ့…မင္းကို အရမ္းခ်စ္တယ္..” ဆိုၿပီး ေျပာျပထားပါတယ္….



ေနာက္ဆုံးမွာေတာ့ သူ႔ဇနီးက ေ႐ႊေရာင္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး က်န္တဲ့ ဖုန္းေတြကို ေတာ့ ျပန္ေရာင္းမွာပါလို႔ သူကဆိုခဲ့ပါတယ္..
ကဲ..ပရိသတ္ႀကီးေရ ဒီလိုအရမ္းခ်စ္တတ္တဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ပိုင္ဆိုင္ထားတဲ့သူကို အားမက်ဘူးလား…ပရိသတ္ႀကီးတို႔လည္း မိမိခ်စ္ခင္ႏွစ္သက္သူေတြကို ခုလိုေလးျဖည့္ဆည္းေပးႏိုင္သူေတြ ျဖစ္ၾကပါေစေနာ္..

Writer – HW (Shwe Yaung Lan)


Unicode ဖြင့်ဖတ်ရန်

ချစ်သူကောင်မလေးကို နောက်ဆုံးပေါ် I phone 11 ရောင်စုံ ၉ လုံးတိတိ ဝယ်ပေးပြီး စပရိုက်လုပ်ခဲ့သူ




Apple ရဲ့ ထုတ်ကုန်တွေဟာ ဈေးကြီးသလို အရည်အသွေးကလည်း ကောင်းတာကြောင့် လူကြိုက်များပါတယ်…ဒါပေမဲ့ ဈေးကြီးတာကြောင့် တော်ရုံလူမဝယ်နိုင်ကြပါဘူး…. ဒီလို ဈေးကြီးတဲ့ Apple ထုတ်ကုန်တွေက iPhone 11 ၉ လုံး တိတိကို လူတစ်ဦးက သူ့ဇနီးကို ဝယ်ပေးတယ်ဆို အံ့သြသွားမလားဘဲ…


ဟုတ်ပါတယ် မြန်မာငွေ ၁၅ သိန်းလောက်ပေးရတယ်ဆိုတဲ့ iPhone 11 ကို အမျိုးသားတစ်ဦးက ၉ လုံးတိတိ ဝယ်ယူပြီးသော သူ့ချစ်တဲ့ ဇနီးလေးကို Surprise လုပ်ခဲ့တာပါ……သူဘာလို့ ခုလို ၉ လုံးထိ ဝယ်ခဲ့ရသလဲဆိုတာကိုတော့ ခုလိုပြောထားပါတယ်…
“ကျွန်တော့်ဇနီးအတွက် iPhone အသစ်ဝယ်ပေးပြီး Surprise လုပ်ချင်တာပါ…ဒါပေမဲ့ သူက ဘယ်အရောင်ကြိုက်မှန်းမသိလို့ ရှိရှိသမျှ အရောင်တွေ အကုန်ဝယ်ခဲ့တာပါ…သူကြိုက်တဲ့အရောင်ကို ရွေးယူလို့ ရတာပေါ့…မင်းကို အရမ်းချစ်တယ်..” ဆိုပြီး ပြောပြထားပါတယ်….



နောက်ဆုံးမှာတော့ သူ့ဇနီးက ရွှေရောင်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ ဖုန်းတွေကို တော့ ပြန်ရောင်းမှာပါလို့ သူကဆိုခဲ့ပါတယ်..
ကဲ..ပရိသတ်ကြီးရေ ဒီလိုအရမ်းချစ်တတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ပိုင်ဆိုင်ထားတဲ့သူကို အားမကျဘူးလား…ပရိသတ်ကြီးတို့လည်း မိမိချစ်ခင်နှစ်သက်သူတွေကို ခုလိုလေးဖြည့်ဆည်းပေးနိုင်သူတွေ ဖြစ်ကြပါစေနော်..

Writer – HW (Shwe Yaung Lan)

မှတ်ချက်များ