လူတစ္ေယာက္ လိမ္ေျပာေနၿပီဆိုတာကို အလြယ္တကူသိႏိုင္မယ့္ နည္းလမ္းမ်ား
Zawgyi ျဖင့္ဖတ္ရန္
ေလာင္းကစားသမားေတာ္ေတာ္မ်ားမ်ားကေတာ့ မ်က္ႏွာရိပ္ မ်က္ႏွာကဲခတ္တတ္ၾကတဲ့သူေတြခ်ည္းပါပဲ ။ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ၿပိဳင္ဘက္ရဲ႕လက္ထဲမွာ ကိုင္ထားတဲ့ ကဒ္ဟာ ႀကီးလား ေသးလားဆိုတာကို မ်က္ႏွာအမူအယာကိုၾကည့္ၿပီးခြဲျခားရတာျဖစ္တဲ့အတြက္ေၾကာင့္ပါပဲ ။ တကယ္ေတာ့ လူတစ္ေယာက္ကိုလိမ္ဖို႔ဆိုတာမလြယ္ကူတဲ့ ကိစၥတစ္ခုပါ ။ ဘာေၾကာင့္လဲဆိုေတာ့ လူတစ္ေယာက္ဟာ လိမ္ဖို႔ႀကိဳးစားတဲ့အခါ သူရဲ႕အမူအယာတိုင္းဟာ သူလိမ္ေနပါတယ္ဆိုၿပီး ေဖာ္ထုတ္ျပေနေလ့ရွိတဲ့အတြက္ေၾကာင့္ပါပဲ ။
အ႐ြယ္ေရာက္ၿပီးသူ ၂၀၀၀ ကိုေလ့လာခဲ့တဲ့ လတ္လေလာစစ္တမ္းေတြအရ အမ်ားဆုံးလိမ္လည္ၿပီးေျပာတဲ့စကားေလးခြန္းကေတာ့..”ငါၾကားတယ္ ” ၊ “ငါစိတ္မပါေသးဘူး” ၊ “ငါတစ္ခြက္ပဲေသာက္မွာ” ၊ ” စာပို႔ထားတာမျမင္လိုက္လို႔ ” အစရွိတဲ့စကားေလးခြန္းပဲျဖစ္ပါတယ္ ။သာမန္လူတစ္ေယာက္ဟာ တစ္ေန႔မွာ အလိမ္အညာေပါင္း ၁၀ ခြန္းကေန အခြန္း ၂၀၀ အထိၾကားရေလ့ရွိတယ္လို႔လည္း စစ္တမ္းအရသိရပါတယ္ ။ဒီေတာ့ ကိုယ့္ကို လူတစ္ေယာက္ကလိမ္ေနလား မလိမ္ေနဘူးလားဆိုတာ ဘယ္လိုသိေအာင္လုပ္မလဲ ။
၁ -မ်က္ႏွာပ်က္သြားျခင္း
လူတစ္ေယာက္လိမ္ေတာ့မယ္ဆိုရင္ မ်က္ႏွာတစ္ခ်က္ေတာ့ ပ်က္သြားေလ့ရွိပါတယ္ ။ဒါဟာ အလိုအေလ်ာက္ျဖစ္တဲ့ လကၡဏာတစ္ခုျဖစ္တဲ့အတြက္ သူတို႔ကိုယ္တိုင္ေတာင္ သတိမထားမိၾကပါဘူး ။မ်က္ႏွာပ်က္သြားတဲ့အခ်ိန္အခိုက္အတန႔္ေလးဟာ ၁စကၠန္ရဲ႕ေလးပုံတစ္ပုံသာၾကာတာေၾကာင့္ ေသခ်ာသတိထားၾကည့္မွျမင္ႏို္င္ပါလိမ့္မယ္ ။
၂- မ်က္လုံး
မ်က္လုံးဟာ အမွန္တရားရဲ႕ထြက္ေပါက္လို႔လူေတြေျပာၾကေလ့ရွိပါတယ္ ။တစ္စုံတစ္ခုကိုျပန္စဥ္းစားေလ့ရွိတဲ့အခ်ိန္မွာ မ်က္လုံးက အေပၚဘက္ကို ကပ္ေနေလ့ရွိပါတယ္ ။တကယ္လို႔ လူတစ္ေယာက္ကို “နင္ အဲ့ဒီအရာကိုေတြ႕ဖူးသလား ” လို႔ေမးတဲ့အခါ မ်က္လုံးေအာက္စိုက္ၿပီး “အင္း” လို႔ေျဖရင္ေတာ့ သူလိမ္ေျပာေနတယ္ဆိုတာ သေဘာေပါက္လိုက္ပါ ။
၃- လက္လႈပ္ရွားမႈ
လိမ္ေျပာေနတဲ့အခ်ိန္မ်ိဳးမွာ လက္ဟာ ပုံမွန္ထက္ပိုလႈပ္ရွားေနေလ့ရွိပါတယ္ ။သူတို႔ဦးေႏွာက္ဟာ အလိမ္အညာေတြကို ဖန္တီးေနတဲ့အခ်ိန္မွာ လစ္ဟာေနတဲ့ ကြက္လပ္ေတြကို လက္နဲ႔ျဖည့္လိုက္တာပဲျဖစ္ပါတယ္ ။တကယ္လို႔ သင္ေမးခြန္းေတြေမးေနတဲ့သူတစ္ေယာက္က လက္ေတြဟိုျပဒီျပနဲ႔ ေျဖေနတယ္ဆိုရင္ သူေျပာတာအမွန္မဟုတ္ဘူးဆိုတာ နားလည္ပါ ။
၄-မ်က္ေတာင္ခတ္ႏႈန္း
လူတစ္ေယာက္လိမ္လည္ေနတဲ့အခ်ိန္မွာ မ်က္ေတာင္ခတ္ႏႈန္းဟာ ပုံမွန္ထက္ ပိုျမန္ သို႔မဟုတ္ ပိုေႏွးသြားေလ့ရွိပါတယ္ ။တစ္ခ်ိဳ႕ေသာ အေတြ႕အႀကဳံရွိ လူလိမ္ႀကီးေတြဟာ သင့္ကိုလိမ္ေနစဥ္မွာ သင့္ကိုမ်က္ေတာင္မခတ္ စိုက္ၾကည့္ေနတတ္ပါတယ္ ။မလိမ္ညာတတ္တဲ့သူတစ္ေယာက္ လိမ္လည္ေတာ့မယ္ဆိုရင္ေတာ့ မရဲတရဲျဖစ္ေနတဲ့အတြက္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖစ္ေနတတ္ပါတယ္ ။
၅- ေျခေထာက္လႈပ္ရွားမႈ
လိမ္ညာေျပာဆိုေနတဲ့သူတစ္ေယာက္ကို ေသခ်ာၾကည့္မယ္ဆိုရင္ ဂဏာမၿငိမ္ျဖစ္ေနတာကိုေတြ႕ရပါလိမ့္မယ္ ။လိမ္ညာေျပာေနရအခါမွာ စိတ္ေတြက်ဥ္းက်ပ္လာေလ့ရွိတယ္ ။ဒါေၾကာင့္ ေျခေထာက္ခ်ိတ္တာမ်ိဳး ၊ ေျခဖေနာင့္ တႂကြႂကြျဖစ္ေနတာမ်ိဳး ၊ ေျခေထာက္ႏွစ္ေခ်ာင္းကို တစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္းပတ္ေနတာမ်ိဳးေတြေတြ႕ရတတ္ပါတယ္ ။ဒါဟာ သူတို႔စိတ္ထဲမွာ မသက္မသာျဖစ္ေနတဲ့တာကို ေဖာ္ျပေနတဲ့ သေဘာပါပဲ ။ဒီေတာ့ စကားေျပာေနစဥ္အတြင္း သက္ေတာင့္သက္သာမရွိသလိုျဖစ္ေနတာကိုေတြ႕ရရင္ေတာ့ သူလိမ္ေနတာ ေသခ်ာပါၿပီ ။
Writer -Min Thu ( XYZ NEWS )
Unicode ဖြင့်ဖတ်ရန်
လူတစ်ယောက် လိမ်ပြောနေပြီဆိုတာကို အလွယ်တကူသိနိုင်မယ့် နည်းလမ်းများ
လောင်းကစားသမားတော်တော်များများကတော့ မျက်နှာရိပ် မျက်နှာကဲခတ်တတ်ကြတဲ့သူတွေချည်းပါပဲ ။ဘာကြောင့်လဲဆိုတော့ ကိုယ့်ပြိုင်ဘက်ရဲ့လက်ထဲမှာ ကိုင်ထားတဲ့ ကဒ်ဟာ ကြီးလား သေးလားဆိုတာကို မျက်နှာအမူအယာကိုကြည့်ပြီးခွဲခြားရတာဖြစ်တဲ့အတွက်ကြောင့်ပါပဲ ။ တကယ်တော့ လူတစ်ယောက်ကိုလိမ်ဖို့ဆိုတာမလွယ်ကူတဲ့ ကိစ္စတစ်ခုပါ ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ဟာ လိမ်ဖို့ကြိုးစားတဲ့အခါ သူရဲ့အမူအယာတိုင်းဟာ သူလိမ်နေပါတယ်ဆိုပြီး ဖော်ထုတ်ပြနေလေ့ရှိတဲ့အတွက်ကြောင့်ပါပဲ ။
အရွယ်ရောက်ပြီးသူ ၂၀၀၀ ကိုလေ့လာခဲ့တဲ့ လတ်လလောစစ်တမ်းတွေအရ အများဆုံးလိမ်လည်ပြီးပြောတဲ့စကားလေးခွန်းကတော့..”ငါကြားတယ် ” ၊ “ငါစိတ်မပါသေးဘူး” ၊ “ငါတစ်ခွက်ပဲသောက်မှာ” ၊ ” စာပို့ထားတာမမြင်လိုက်လို့ ” အစရှိတဲ့စကားလေးခွန်းပဲဖြစ်ပါတယ် ။သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာ အလိမ်အညာပေါင်း ၁၀ ခွန်းကနေ အခွန်း ၂၀၀ အထိကြားရလေ့ရှိတယ်လို့လည်း စစ်တမ်းအရသိရပါတယ် ။ဒီတော့ ကိုယ့်ကို လူတစ်ယောက်ကလိမ်နေလား မလိမ်နေဘူးလားဆိုတာ ဘယ်လိုသိအောင်လုပ်မလဲ ။
၁ -မျက်နှာပျက်သွားခြင်း
လူတစ်ယောက်လိမ်တော့မယ်ဆိုရင် မျက်နှာတစ်ချက်တော့ ပျက်သွားလေ့ရှိပါတယ် ။ဒါဟာ အလိုအလျောက်ဖြစ်တဲ့ လက္ခဏာတစ်ခုဖြစ်တဲ့အတွက် သူတို့ကိုယ်တိုင်တောင် သတိမထားမိကြပါဘူး ။မျက်နှာပျက်သွားတဲ့အချိန်အခိုက်အတန့်လေးဟာ ၁စက္ကန်ရဲ့လေးပုံတစ်ပုံသာကြာတာကြောင့် သေချာသတိထားကြည့်မှမြင်နိုင်ပါလိမ့်မယ် ။
၂- မျက်လုံး
မျက်လုံးဟာ အမှန်တရားရဲ့ထွက်ပေါက်လို့လူတွေပြောကြလေ့ရှိပါတယ် ။တစ်စုံတစ်ခုကိုပြန်စဉ်းစားလေ့ရှိတဲ့အချိန်မှာ မျက်လုံးက အပေါ်ဘက်ကို ကပ်နေလေ့ရှိပါတယ် ။တကယ်လို့ လူတစ်ယောက်ကို “နင် အဲ့ဒီအရာကိုတွေ့ဖူးသလား ” လို့မေးတဲ့အခါ မျက်လုံးအောက်စိုက်ပြီး “အင်း” လို့ဖြေရင်တော့ သူလိမ်ပြောနေတယ်ဆိုတာ သဘောပေါက်လိုက်ပါ ။
၃- လက်လှုပ်ရှားမှု
လိမ်ပြောနေတဲ့အချိန်မျိုးမှာ လက်ဟာ ပုံမှန်ထက်ပိုလှုပ်ရှားနေလေ့ရှိပါတယ် ။သူတို့ဦးနှောက်ဟာ အလိမ်အညာတွေကို ဖန်တီးနေတဲ့အချိန်မှာ လစ်ဟာနေတဲ့ ကွက်လပ်တွေကို လက်နဲ့ဖြည့်လိုက်တာပဲဖြစ်ပါတယ် ။တကယ်လို့ သင်မေးခွန်းတွေမေးနေတဲ့သူတစ်ယောက်က လက်တွေဟိုပြဒီပြနဲ့ ဖြေနေတယ်ဆိုရင် သူပြောတာအမှန်မဟုတ်ဘူးဆိုတာ နားလည်ပါ ။
၄-မျက်တောင်ခတ်နှုန်း
လူတစ်ယောက်လိမ်လည်နေတဲ့အချိန်မှာ မျက်တောင်ခတ်နှုန်းဟာ ပုံမှန်ထက် ပိုမြန် သို့မဟုတ် ပိုနှေးသွားလေ့ရှိပါတယ် ။တစ်ချို့သော အတွေ့အကြုံရှိ လူလိမ်ကြီးတွေဟာ သင့်ကိုလိမ်နေစဉ်မှာ သင့်ကိုမျက်တောင်မခတ် စိုက်ကြည့်နေတတ်ပါတယ် ။မလိမ်ညာတတ်တဲ့သူတစ်ယောက် လိမ်လည်တော့မယ်ဆိုရင်တော့ မရဲတရဲဖြစ်နေတဲ့အတွက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်နေတတ်ပါတယ် ။
၅- ခြေထောက်လှုပ်ရှားမှု
လိမ်ညာပြောဆိုနေတဲ့သူတစ်ယောက်ကို သေချာကြည့်မယ်ဆိုရင် ဂဏာမငြိမ်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ် ။လိမ်ညာပြောနေရအခါမှာ စိတ်တွေကျဉ်းကျပ်လာလေ့ရှိတယ် ။ဒါကြောင့် ခြေထောက်ချိတ်တာမျိုး ၊ ခြေဖနောင့် တကြွကြွဖြစ်နေတာမျိုး ၊ ခြေထောက်နှစ်ချောင်းကို တစ်ချောင်းနဲ့တစ်ချောင်းပတ်နေတာမျိုးတွေတွေ့ရတတ်ပါတယ် ။ဒါဟာ သူတို့စိတ်ထဲမှာ မသက်မသာဖြစ်နေတဲ့တာကို ဖော်ပြနေတဲ့ သဘောပါပဲ ။ဒီတော့ စကားပြောနေစဉ်အတွင်း သက်တောင့်သက်သာမရှိသလိုဖြစ်နေတာကိုတွေ့ရရင်တော့ သူလိမ်နေတာ သေချာပါပြီ ။
Writer -Min Thu ( XYZ NEWS )
မှတ်ချက်များ