မ်က္ႏွာသစ္ရာမွာ သင္ျပဳလုပ္တတ္ေလ့ရွိတဲ့ အမွားမ်ား
Zawgyiျဖင့္ဖတ္ရန္
မဂၤလာပါေနာ္။ မ်က္ႏွာသစ္တာဟာ အသားအေရ ထိန္းသိမ္းတဲ့ နည္းလမ္းထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ အသားအေရထိန္းသိမ္းဖို႔အတြက္ ကၽြန္မတို႕ေတြအားလံုး ပထမဆံုး လုပ္ၾကတာကေတာ့ မ်က္ႏွာသစ္တာပါပဲ။ မ်က္ႏွာသစ္တဲ့အခါ မ်က္ႏွာေပၚက အဆီပိုေတြ၊ အညစ္အေၾကးေတြ အားလံုးကို ဆင္ေအာင္သစ္ဖို႔အေရးႀကီးပါတယ္။ ဒါေပမယ့္ သင္သတိမထားမိဘဲ အခုေဖာ္ျပမယ့္ အမွားေတြကို ျပဳလုပ္မိေနရင္ အခုပဲေရွာင္ရွားလို႔ရေအာင္ မွ်ေဝေပးလိုက္မယ္ေနာ္။
လက္မေဆးဘဲ မ်က္ႏွာသစ္ျခင္း
လက္မေဆးဘဲ မ်က္နွာသစ္တာဟာ သင့္အသားအေရကို ပိုလို႔ပ်က္စီးေစပါတယ္။ အရင္ဆံုး လက္မွာေပေနတဲ့ ဘက္တီးရီးယားေတြ စင္ေအာင္လက္ကိုေသခ်ာေဆးေပးဖို႔လိုပါတယ္။
ေရပူပူနဲ႔ မ်က္ႏွာသစ္ျခင္း
ေရေႏြးပူပူနဲ႔ မ်က္ႏွာသစ္တာဟာလည္း သင့္အသားအေရကို ေျခာက္ေသြ႕ေစပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္းမွာအဆီျပန္လြယ္ေစပါတယ္။ ဒါ့ေၾကာင့္ ေရကို အရမ္းလည္းမပူ အရမ္းလည္းမေအးတာနဲ႔ သစ္ေပးလိုက္ပါ။
Cleansing ႏွစ္ႀကိမ္ မလုပ္ျခင္း
သင့္မ်က္ႏွာေပၚမွာ လိမ္းထားတ့ဲ မိတ္ကပ္ေတြ အားလံုးစင္သြားေအာင္ Cleanser (သို႔) တိုနာနဲ႔ အရင္ဆံုး ဖယ္ရွားေပးလိုက္ပါ။ ၿပီးေတာ့မွ မ်က္ႏွာသစ္ဆပ္ျပာနဲ႔ မ်က္ႏွာသစ္ေပးရမွာျဖစ္ပါတယ္။ မဟုတ္ဘဲ တစ္မ်ိဳးပဲလုပ္ရင္ေတာ့ အညစ္အေၾကးေတြလည္း ေသခ်ာသန္႔စင္သြားမွာမဟုတ္ပါဘူး။
ညအိပ္ယာမဝင္ခင္ မ်က္ႏွာမသစ္ျခင္း
ညအိပ္ယာမဝင္ခင္ မ်က္ႏွာမသစ္တာဟာ သင့္အသားအေရကို မ်ားစြာထိခိုက္ပ်က္စီးေစပါတယ္။ ဒါ့ေၾကာင့္ မိတ္ကပ္ကိုေသခ်ာဖ်က္ၿပီး၊ မ်က္ႏွာေသခ်ာသစ္ၿပီးမွ အိပ္ယာဝင္ပါ။
မ်က္ႏွာသစ္ဆပ္ျပာကို အခ်ိန္အၾကာႀကီး မ်က္နွာမွာ ထားျခင္း
မ်က္ႏွာသစ္ဆပ္ျပာကို အခ်ိန္အၾကာႀကီး ထားတာဟာ သင့္အသားအေရကို ပိုလို႔ပ်က္စီးေစပါတယ္။ စကၠန္႔ ၂၀ ကေန ၃၀ ထက္ပိုၿပီးမထားသင့္ပါဘူး။ အသားအေရေျခာက္ေသြ႕ၿပီး နီလာတတ္ပါတယ္။
Credit:My Style Myanmar
Unicodeဖြင့်ဖတ်ရန်
မျက်နှာသစ်ရာမှာ သင်ပြုလုပ်တတ်လေ့ရှိတဲ့ အမှားများ
မင်္ဂလာပါနော်။ မျက်နှာသစ်တာဟာ အသားအရေ ထိန်းသိမ်းတဲ့ နည်းလမ်းထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းဖို့အတွက် ကျွန်မတို့တွေအားလုံး ပထမဆုံး လုပ်ကြတာကတော့ မျက်နှာသစ်တာပါပဲ။ မျက်နှာသစ်တဲ့အခါ မျက်နှာပေါ်က အဆီပိုတွေ၊ အညစ်အကြေးတွေ အားလုံးကို ဆင်အောင်သစ်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့် သင်သတိမထားမိဘဲ အခုဖော်ပြမယ့် အမှားတွေကို ပြုလုပ်မိနေရင် အခုပဲရှောင်ရှားလို့ရအောင် မျှဝေပေးလိုက်မယ်နော်။
လက်မဆေးဘဲ မျက်နှာသစ်ခြင်း
လက်မဆေးဘဲ မျက်နှာသစ်တာဟာ သင့်အသားအရေကို ပိုလို့ပျက်စီးစေပါတယ်။ အရင်ဆုံး လက်မှာပေနေတဲ့ ဘက်တီးရီးယားတွေ စင်အောင်လက်ကိုသေချာဆေးပေးဖို့လိုပါတယ်။
ရေပူပူနဲ့ မျက်နှာသစ်ခြင်း
ရေနွေးပူပူနဲ့ မျက်နှာသစ်တာဟာလည်း သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာအဆီပြန်လွယ်စေပါတယ်။ ဒါ့ကြောင့် ရေကို အရမ်းလည်းမပူ အရမ်းလည်းမအေးတာနဲ့ သစ်ပေးလိုက်ပါ။
Cleansing နှစ်ကြိမ် မလုပ်ခြင်း
သင့်မျက်နှာပေါ်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေ အားလုံးစင်သွားအောင် Cleanser (သို့) တိုနာနဲ့ အရင်ဆုံး ဖယ်ရှားပေးလိုက်ပါ။ ပြီးတော့မှ မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ပေးရမှာဖြစ်ပါတယ်။ မဟုတ်ဘဲ တစ်မျိုးပဲလုပ်ရင်တော့ အညစ်အကြေးတွေလည်း သေချာသန့်စင်သွားမှာမဟုတ်ပါဘူး။
ညအိပ်ယာမဝင်ခင် မျက်နှာမသစ်ခြင်း
ညအိပ်ယာမဝင်ခင် မျက်နှာမသစ်တာဟာ သင့်အသားအရေကို များစွာထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ကိုသေချာဖျက်ပြီး၊ မျက်နှာသေချာသစ်ပြီးမှ အိပ်ယာဝင်ပါ။
မျက်နှာသစ်ဆပ်ပြာကို အချိန်အကြာကြီး မျက်နှာမှာ ထားခြင်း
မျက်နှာသစ်ဆပ်ပြာကို အချိန်အကြာကြီး ထားတာဟာ သင့်အသားအရေကို ပိုလို့ပျက်စီးစေပါတယ်။ စက္ကန့် ၂၀ ကနေ ၃၀ ထက်ပိုပြီးမထားသင့်ပါဘူး။ အသားအရေခြောက်သွေ့ပြီး နီလာတတ်ပါတယ်။
Credit:My Style Myanmar


မှတ်ချက်များ