Zawgyi ျဖင့္ဖတ္ရန္
ၿပီးခဲ့တဲ့ လပိုင္းတုန္းက သာေကတ ေက်ာက္တိုင္ဘတ္စ္ကားဂိတ္မွာ အျပစ္မဲ့ မိဘျပည္သူေတြကို ဖဲ ၃ ခ်ပ္နဲ႔ တို႔ေဆး လူလိမ္ေတြက လိမ္လည္လွည့္ျဖားမႈ ျပဳလုပ္တဲ့ သတင္းေတြ ထြက္ေပၚလာပါတယ္။အဲဒီ သာေကတေက်ာက္တိုင္ ဘတ္စ္ကားဂိတ္မွာ ႐ိုး႐ိုးသားသား ျပည္သူေတြကို ဖဲ ၃ ခ်ပ္ေလာင္းကစား ပုံစံနဲ႔ လိမ္သလို အမ်ိဳးသမီးေတြကိုလည္း တို႔ေဆးနဲ႔ လိမ္ေနၾကတာ ႏွစ္အေတာ္ၾကာပါၿပီ။လိုင္းေပၚ ခဏခဏ တက္လာေပမယ့္ တာဝန္ရွိသူေတြက လိုင္းပဲ မသုံးတာလား၊ မသိခ်င္ေယာင္ေဆာင္တာလားေတာ့ မသိပါဘူး။ အဲဒီေနရာကို ရွင္းလင္း လုပ္တယ္လို႔ တခါမွ မၾကားမိခဲ့ပါဘူး။အလိမ္ခံရတဲ့သူေတြ မ်ားသထက္ မ်ားလာတဲ့အခါ၊ တာဝန္ရွိသူေတြက မေစာင့္ေရွာက္ေပးႏိုင္တဲ့ အခါမွာေတာ့ သာေကတသားေတြဟာ ကိုယ့္ၿမိဳ႕နယ္ကို ကိုယ့္ဖာသာ ေစာင့္ေရွာက္ရတဲ့ အေျခအေနကို ေရာက္ရွိလာပါေတာ့တယ္။
ဗီဒီယိုဖိုင္ထဲမွာ ပါတဲ့ လူေတြဟာ သာေကတသား စစ္စစ္ေတြပါ။ သူတို႔ဟာ အီတလီမွာ မာဖီးယား၊ ဂ်ပန္မွာ ယာကူဇာ၊ ျမန္မာမွာ ဇိုး ဆိုတဲ့ စကားအတိုင္း ျမန္မာျပည္က ဇိုးႀကီးေတြ ဝတ္တဲ့ ဝတ္စားပုံအတိုင္း ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။ သူတို႔ဟာ ႐ိုက္ရဲ၊ သတ္ရဲ၊ မိုက္ရဲ ၾကပါတယ္။ ဒါေပမယ့္ ဘယ္ေတာ့မွ မယုတ္မာၾကပါဘူး။
အခုလည္း တာဝန္ရွိသူေတြက ေရွ႕မထြက္လာတဲ့ အခါ သူတို႔ကိုယ္တိုင္ ေရွ႕ထြက္လာပါၿပီ။ တရားဥပေဒက အကာအကြယ္မေပးတဲ့အခါ ျပည္သူကို ျပည္သူအခ်င္းခ်င္းကပဲ ကာကြယ္ေစာင့္ေရွာက္သြားေတာ့မွာ ျဖစ္ပါတယ္။ဘာပဲျဖစ္ျဖစ္ ဖဲ ၃ ခ်ပ္ တို႔ေဆး လူလိမ္ အဖြဲနဲ႔ သာေကတ ဇိုးႀကီးတို႔ အဖြဲ႕ရဲ႕ ပြဲကေတာ့ ၾကည့္ေကာင္းလာေတာ့မွာ ျဖစ္ပါတယ္။ ဗီဒီယိုဖိုင္ကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္ ခင္ဗ်ာ။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ရဲမဖမ်းတဲ့ တို့ဆေးသမားတွေကို သာကေတသားတွေ ကိုယ်တိုင်ရှင်းမည် (ရုပ်သံ)
ပြီးခဲ့တဲ့ လပိုင်းတုန်းက သာကေတ ကျောက်တိုင်ဘတ်စ်ကားဂိတ်မှာ အပြစ်မဲ့ မိဘပြည်သူတွေကို ဖဲ ၃ ချပ်နဲ့ တို့ဆေး လူလိမ်တွေက လိမ်လည်လှည့်ဖြားမှု ပြုလုပ်တဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။အဲဒီ သာကေတကျောက်တိုင် ဘတ်စ်ကားဂိတ်မှာ ရိုးရိုးသားသား ပြည်သူတွေကို ဖဲ ၃ ချပ်လောင်းကစား ပုံစံနဲ့ လိမ်သလို အမျိုးသမီးတွေကိုလည်း တို့ဆေးနဲ့ လိမ်နေကြတာ နှစ်အတော်ကြာပါပြီ။လိုင်းပေါ် ခဏခဏ တက်လာပေမယ့် တာဝန်ရှိသူတွေက လိုင်းပဲ မသုံးတာလား၊ မသိချင်ယောင်ဆောင်တာလားတော့ မသိပါဘူး။ အဲဒီနေရာကို ရှင်းလင်း လုပ်တယ်လို့ တခါမှ မကြားမိခဲ့ပါဘူး။အလိမ်ခံရတဲ့သူတွေ များသထက် များလာတဲ့အခါ၊ တာဝန်ရှိသူတွေက မစောင့်ရှောက်ပေးနိုင်တဲ့ အခါမှာတော့ သာကေတသားတွေဟာ ကိုယ့်မြို့နယ်ကို ကိုယ့်ဖာသာ စောင့်ရှောက်ရတဲ့ အခြေအနေကို ရောက်ရှိလာပါတော့တယ်။
ဗီဒီယိုဖိုင်ထဲမှာ ပါတဲ့ လူတွေဟာ သာကေတသား စစ်စစ်တွေပါ။ သူတို့ဟာ အီတလီမှာ မာဖီးယား၊ ဂျပန်မှာ ယာကူဇာ၊ မြန်မာမှာ ဇိုး ဆိုတဲ့ စကားအတိုင်း မြန်မာပြည်က ဇိုးကြီးတွေ ဝတ်တဲ့ ဝတ်စားပုံအတိုင်း ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ သူတို့ဟာ ရိုက်ရဲ၊ သတ်ရဲ၊ မိုက်ရဲ ကြပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မယုတ်မာကြပါဘူး။
အခုလည်း တာဝန်ရှိသူတွေက ရှေ့မထွက်လာတဲ့ အခါ သူတို့ကိုယ်တိုင် ရှေ့ထွက်လာပါပြီ။ တရားဥပဒေက အကာအကွယ်မပေးတဲ့အခါ ပြည်သူကို ပြည်သူအချင်းချင်းကပဲ ကာကွယ်စောင့်ရှောက်သွားတော့မှာ ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် ဖဲ ၃ ချပ် တို့ဆေး လူလိမ် အဖွဲနဲ့ သာကေတ ဇိုးကြီးတို့ အဖွဲ့ရဲ့ ပွဲကတော့ ကြည့်ကောင်းလာတော့မှာ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ကို အောက်မှာ ဖော်ပြလိုက်ပါတယ် ခင်ဗျာ။
share from: burmese.asia


မှတ်ချက်များ