ျမန္မာေဘာလုံးခ်စ္ ပရိတ္သတ္ေတြ ေပ်ာ္႐ႊင္ေအာင္လုပ္ေပးခဲ့တဲ့ ျမန္မာအသင္းကို ဦးေဇာ္ေဇာ္ ကက်ပ္သိန္း (၇၀၀) ဂုဏ္ျပဳခ်ီးျမင့္


Zawgyiျဖင့္ဖတ္ရန္

မေန႔ညက မႏၲေလးၿမိဳ႕ မႏၲလာသီရိကြင္းမွာ ကစားခဲ့တဲ့ ကမာၻ႔ဖလား ၂၀၂၀ ေျခစစ္ပြဲမွာ ျမန္မာလက္ေ႐ြးစင္အသင္းဟာ တာဂ်စ္ကစၥတန္အသင္းကို ၄-၃ ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။  ထို႔​ေၾကာင့္ ျမန္မာေဘာလုံးခ်စ္ ပရိတ္သတ္ေတြကို ေပ်ာ္႐ြင္မႈေပးႏိုင္ခဲ့တဲ့ ျမန္မာအသင္းကို ဦးေဇာ္ေဇာ္ AYA Bank မွက်ပ္သိန္း (၇၀၀)ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ပါတယ္။

ကမာၻ႔ဖလား ၂၀၂၂ ေျခစစ္ပြဲတြင္ ျမန္မာအသင္းဟာ ၄ ပြဲကန္ထားၿပီး ၃ ပြဲရႈံးနိမ့္ထားခဲ့ပါတယ္။ ဂ်ပန္ ၊ မြန္ဂိုးလီယား ၊ ကာဂ်စ္ကစၥတန္ အသင္းတို႔ကို ရဂိုးမရွိဘဲ ေပးဂိုးမ်ားစြာျဖင့္ ရႈံးနိမ့္ခဲ့ေပမယ့္ မေန႔က ပြဲမွာေတာ့ သြင္းဂိုး (၄) ဂိုးအထိျမင္ေတြ႕ခဲ့ရၿပီး အႏိုင္ရလဒ္ကိုပါ ေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းက ျမန္မာ ေဘာလုံးအဖြဲခ်ဳပ္ဟာ ျမန္မာလက္ေ႐ြးစင္အသင္းနည္းျပ ရာဂ်ဴးလိုဗစ္ကို နည္းျပအျဖစ္မွ ထုတ္ပယ္ခဲ့ၿပီး အရင္ကလက္တြဲခဲ့ဖူးတဲ့ ဂ်ာမန္နည္းျပ အန္တြမ္နီေဟးကို ခန႔္အပ္တာဝန္ေပးလိုက္တယ္လို႔ သိရပါတယ္။ အန္တြမ္နီေဟးကို ျပန္လည္ကိုင္တြယ္ၿပီးေနာက္ပိုင္း ျမန္မာအသင္းဟာ ေျခစြမ္းပိုင္းျပန္လည္ ေကာင္းမြန္လာခဲ့ၿပီး ႏိုင္ပြဲေတြရရွိခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ ျမန္မာအ​သင္းနည္းျပ အန္တြမ္နီေဟးက ‘ တာဂ်စ္ကစၥတန္အသင္းက ေတာင့္တင္းတဲ့အသင္းျဖစ္တာေၾကာင့္ ႏိုင္ပြဲရလို႔ ေက်နပ္မိပါတယ္။ ႏိုင္ပြဲေၾကာင့္ ကစားသမားေတြ ယုံၾကည္မူတိုးလာၿပီး မြန္ဂိုလီးယားနဲ႔ပြဲမွာ ရလဒ္ေကာင္းဖို႔ ဆက္လက္ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။

ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာအေျပာင္း အလဲကလည္း ႏိုင္ပြဲရဖို႔ အဓိက အခ်က္ျဖစ္ခဲ့ပါတယ္။ ပရိသတ္ေတြအေနနဲ႔ လာမယ့္ပြဲေတြမွာ ပိုအားေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဒီပြဲရဲ႕ အားနည္းခ်က္ေတြကိုလည္းျပင္ဆင္ၿပီး ေနာက္ပြဲေတြအတြက္ တစ္ဆင့္ခ်င္း ျပင္ဆင္သြားမွာ ျဖစ္ပါတယ္။’  လို႔ေျပာၾကားခဲ့ပါတယ္။

နီေပါအသင္းအား ေျခစမ္းပြဲတြင္ ဂိုးျပတ္အႏိုင္ရရွိခဲ့ျခင္းႏွင့္ စိတ္ဓာတ္ က်ဆင္းျခင္း မရွိဘဲ အေကာင္းဆုံး စိတ္ဓာတ္ စုစည္းမႈျဖင့္ ယွဥ္ၿပိဳင္ ကစားႏိုင္ခဲ့ျခင္း ၊ ကာဂ်စ္ကစၥတန္အသင္းကို အႏိုင္ရရွိျခင္း၊ ျမန္မာေဘာလုံးခ်စ္ ပရိတ္သတ္ေတြကို ေပ်ာ္႐ြင္မႈရေအာင္ လုပ္ေဆာင္ႏိုင္ျခင္းေၾကာင့္ AYA Bank ဦးေဇာ္ေဇာ္မွက်ပ္သိန္း ၇၀၀ ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

မြန်မာဘောလုံးချစ် ပရိတ်သတ်တွေ ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ မြန်မာအသင်းကို ဦးဇော်ဇော် ကကျပ်သိန်း (၇၀၀) ဂုဏ်ပြုချီးမြင့်

မနေ့ညက မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၂၀၂၀ ခြေစစ်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းဟာ တာဂျစ်ကစ္စတန်အသင်းကို ၄-၃ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။  ထို့ကြောင့် မြန်မာဘောလုံးချစ် ပရိတ်သတ်တွေကို ပျော်ရွင်မှုပေးနိုင်ခဲ့တဲ့ မြန်မာအသင်းကို ဦးဇော်ဇော် AYA Bank မှကျပ်သိန်း (၇၀၀)ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ၂၀၂၂ ခြေစစ်ပွဲတွင် မြန်မာအသင်းဟာ ၄ ပွဲကန်ထားပြီး ၃ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ ဂျပန် ၊ မွန်ဂိုးလီယား ၊ ကာဂျစ်ကစ္စတန် အသင်းတို့ကို ရဂိုးမရှိဘဲ ပေးဂိုးများစွာဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် မနေ့က ပွဲမှာတော့ သွင်းဂိုး (၄) ဂိုးအထိမြင်တွေ့ခဲ့ရပြီး အနိုင်ရလဒ်ကိုပါ ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မြန်မာ ဘောလုံးအဖွဲချုပ်ဟာ မြန်မာလက်ရွေးစင်အသင်းနည်းပြ ရာဂျူးလိုဗစ်ကို နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး အရင်ကလက်တွဲခဲ့ဖူးတဲ့ ဂျာမန်နည်းပြ အန်တွမ်နီဟေးကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။ အန်တွမ်နီဟေးကို ပြန်လည်ကိုင်တွယ်ပြီးနောက်ပိုင်း မြန်မာအသင်းဟာ ခြေစွမ်းပိုင်းပြန်လည် ကောင်းမွန်လာခဲ့ပြီး နိုင်ပွဲတွေရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးက ‘ တာဂျစ်ကစ္စတန်အသင်းက တောင့်တင်းတဲ့အသင်းဖြစ်တာကြောင့် နိုင်ပွဲရလို့ ကျေနပ်မိပါတယ်။ နိုင်ပွဲကြောင့် ကစားသမားတွေ ယုံကြည်မူတိုးလာပြီး မွန်ဂိုလီးယားနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပြောင်း အလဲကလည်း နိုင်ပွဲရဖို့ အဓိက အချက်ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ လာမယ့်ပွဲတွေမှာ ပိုအားပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီပွဲရဲ့ အားနည်းချက်တွေကိုလည်းပြင်ဆင်ပြီး နောက်ပွဲတွေအတွက် တစ်ဆင့်ချင်း ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။’  လို့ပြောကြားခဲ့ပါတယ်။

နီပေါအသင်းအား ခြေစမ်းပွဲတွင် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းနှင့် စိတ်ဓာတ် ကျဆင်းခြင်း မရှိဘဲ အကောင်းဆုံး စိတ်ဓာတ် စုစည်းမှုဖြင့် ယှဉ်ပြိုင် ကစားနိုင်ခဲ့ခြင်း ၊ ကာဂျစ်ကစ္စတန်အသင်းကို အနိုင်ရရှိခြင်း၊ မြန်မာဘောလုံးချစ် ပရိတ်သတ်တွေကို ပျော်ရွင်မှုရအောင် လုပ်ဆောင်နိုင်ခြင်းကြောင့် AYA Bank ဦးဇော်ဇော်မှကျပ်သိန်း ၇၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။

Credit:Shwemom

မှတ်ချက်များ