စားဖုိ႔ခ်ေကၽြးလုိက္တဲ့ ဆိတ္ကုိ မစားဘဲ၊ သူငယ္ခ်င္းအျဖစ္ ေပါင္းသင္းခဲ့တဲ့ က်ားႀကီး


Zawgyiျဖင့္ဖတ္ရန္

ဆိတ္ကေလးတစ္ေကာင္ဟာ ဆုိက္ေဘးရီယားက်ားႀကီးတစ္ေကာင္နဲ႔ ငယ္ေပါင္းသူငယ္ခ်င္း အလြန္ရင္းနီၾကတဲ့ ေဘာ္ဒါေတြအျဖစ္ ေပါင္းသင္းေနထုိင္ေနပါတယ္။ ဒီအျဖစ္အပ်က္ဟာ သတင္းကြန္ရက္ထက္မွာေတာ့ အေတာ္ေလး သေဘာေခြ႕စရာျဖစ္ခဲ့ၿပီး၊ တိရစာၦန္ေတြရဲ႕ မူလစိတ္ေနစိတ္ထားဟာ အ႐ုိင္းစိတ္မဟုတ္ဘဲ အယဥ္စိတ္ျဖစ္တယ္လုိ႔ေတာင္ ေျပာေနၾကပါတယ္။

အတူတကြ နီးစပ္စြာတည္ရွိေနျခင္းဟာ သူငယ္ခ်င္းအသိုက္အဝန္းနဲ႔ ခ်စ္ျခင္းေမတၱာကိုျဖစ္ေစႏုိင္ေၾကာင္း ျမင္သာေစတဲ့ သာဓကပါဘဲ။ ယခင္ကလည္း ေခြးနဲ႔ေၾကာင္တုိ႔ သူငယ္ခ်င္းဇာတ္လမ္း၊ ျခေသၤ့နဲ႔က်ား၊ ျမင္းနဲ႔ေခြးအတုိ႔ သူငယ္ခ်င္းဇာတ္လမ္း စတာေတြဟာ ကၽြန္ေတာ္တုိ႔ ၾကားဖူးသိဖူးေနက်ပါဘဲ။

အခုလည္း တိရစာၦန္ႏွစ္ေကာင္ဟာ စိတ္အလင္းကို ပြင့္ပြင့္ထားၿပီး ယုံၾကည္စြာ ေပါင္းသင္းဆက္ဆံေနတာပါ။ ဒါေပမယ့္ ကြဲျပားမႈေတြ ရွိပါတယ္။ တကယ္ေတာ့ ဒီဆိတ္ကို တိရစာၦန္႐ုံတာဝန္ရွိသူေတြက က်ားႀကီးရဲ႕အစာအျဖစ္ အရွင္လတ္လတ္ ၿခံထဲလႊတ္ေပးခဲ့တာပါ။ သုိ႔ေသာ္လည္း က်ားႀကီးက ဆိတ္ကို မစားတဲ့အျပင္ အေပါင္းအသင္းေဟာင္းတစ္ေယာက္ အိမ္ေရာက္လာသလုိ ေပ်ာ္ရႊင္ျမဴးတူးေနပါတယ္။

ဆိတ္ကေလးရဲ႕နာမည္ကေတာ့ Timur ျဖစ္ၿပီး၊ က်ားႀကီးရဲ႕နာမည္ကေတာ့ Amur ျဖစ္ပါတယ္။ (၂၀၁၅)ခုႏွစ္မွာ Timur ကုိ က်ားႀကီးရဲ႕ ေန႔လည္စာအျဖစ္ တာဝန္ရွိသူေတြက ခ်ေကၽြးခဲ့တာပါ။ အံ့ၾသစရာေကာင္းတာက သူတုိ႔ႏွစ္ေကာင္ သူငယ္ခ်င္း ျဖစ္သြားပါတယ္။ ဆိတ္ကေလး Timur ကေတာ့ (၄)ႏွစ္အၾကာ (ယခုႏွစ္မွာ) (၉၆)ပါးေသာ ေရာဂါနဲ႔ ဆုံးပါးသြားခဲ့ပါသတဲ့။

ဗြီဒီယုိဖုိင္တစ္ခုမွာေတာ့ က်ားနဲ႔ဆိတ္တုိ႔ အေပ်ာ္ႀကီးေပ်ာ္ၿပီး ေဆာ့ကစားေနၾကတာကို ေတြ႕ရပါတယ္။ အဲဒီတိရစာၦန္႐ုံကေတာ့ ႐ုရွားအေရွ႕ဖ်ားမွာ တည္ရွိပါတယ္။ ဓာတ္ပုံတစ္ခုမွာေတာ့ က်ားရဲ႕အိပ္ရာေနရာကို အတင္းဝင္လုအိပ္ေနတဲ့ ဆိတ္ကေလးရဲ႕ပုံကုိလည္း ျမင္ေတြ႕ရပါတယ္။

သူတို႔ႏွစ္ေကာင္ရဲ႕ ရင္းနီးမႈကို ကၽြမ္းက်င္ပညာရွင္ေတြက အမ်ိဴးမ်ိဴး မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ တစ္ခ်ိဳ႕ဆုိ သူတုိ႔ဇာတ္လမ္း စတင္ထြက္ေပၚစဥ္တုန္းက “က်ားက မစာေသးလုိ႔ မစားတာ”လုိ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ တိ/အခြင့္ေရး လႈပ္ရွားသူေတြကေတာ့ က်ားၿခံထဲကေန ဆိတ္ကို အျမန္ဖယ္ေပးဖုိ႔ ေတာင္းဆုိခဲ့ေသာ္လည္း သူတုိ႔ သူငယ္ခ်င္းျဖစ္မႈဟာ (၄)ႏွစ္အထိ အမွားအယြင္းမရွိ ၾကာျမင့္ခဲ့ပါတယ္။ Timur ကေတာ့ ယခုႏွစ္ ႏုိဝဘၤာလ (၅)ရက္မွာ အဖ်ားေရာဂါနဲ႔ ဆုံးသြားတာပါ။

လင္းေဇာ္ကုိ

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

စားဖို့ချကျွေးလိုက်တဲ့ ဆိတ်ကို မစားဘဲ၊ သူငယ်ချင်းအဖြစ် ပေါင်းသင်းခဲ့တဲ့ ကျားကြီး

ဆိတ်ကလေးတစ်ကောင်ဟာ ဆိုက်ဘေးရီယားကျားကြီးတစ်ကောင်နဲ့ ငယ်ပေါင်းသူငယ်ချင်း အလွန်ရင်းနီကြတဲ့ ဘော်ဒါတွေအဖြစ် ပေါင်းသင်းနေထိုင်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ သတင်းကွန်ရက်ထက်မှာတော့ အတော်လေး သဘောခွေ့စရာဖြစ်ခဲ့ပြီး၊ တိရစ္ဆာန်တွေရဲ့ မူလစိတ်နေစိတ်ထားဟာ အရိုင်းစိတ်မဟုတ်ဘဲ အယဉ်စိတ်ဖြစ်တယ်လို့တောင် ပြောနေကြပါတယ်။

အတူတကွ နီးစပ်စွာတည်ရှိနေခြင်းဟာ သူငယ်ချင်းအသိုက်အဝန်းနဲ့ ချစ်ခြင်းမေတ္တာကိုဖြစ်စေနိုင်ကြောင်း မြင်သာစေတဲ့ သာဓကပါဘဲ။ ယခင်ကလည်း ခွေးနဲ့ကြောင်တို့ သူငယ်ချင်းဇာတ်လမ်း၊ ခြင်္သေ့နဲ့ကျား၊ မြင်းနဲ့ခွေးအတို့ သူငယ်ချင်းဇာတ်လမ်း စတာတွေဟာ ကျွန်တော်တို့ ကြားဖူးသိဖူးနေကျပါဘဲ။

အခုလည်း တိရစ္ဆာန်နှစ်ကောင်ဟာ စိတ်အလင်းကို ပွင့်ပွင့်ထားပြီး ယုံကြည်စွာ ပေါင်းသင်းဆက်ဆံနေတာပါ။ ဒါပေမယ့် ကွဲပြားမှုတွေ ရှိပါတယ်။ တကယ်တော့ ဒီဆိတ်ကို တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက ကျားကြီးရဲ့အစာအဖြစ် အရှင်လတ်လတ် ခြံထဲလွှတ်ပေးခဲ့တာပါ။ သို့သော်လည်း ကျားကြီးက ဆိတ်ကို မစားတဲ့အပြင် အပေါင်းအသင်းဟောင်းတစ်ယောက် အိမ်ရောက်လာသလို ပျော်ရွှင်မြူးတူးနေပါတယ်။

ဆိတ်ကလေးရဲ့နာမည်ကတော့ Timur ဖြစ်ပြီး၊ ကျားကြီးရဲ့နာမည်ကတော့ Amur ဖြစ်ပါတယ်။ (၂၀၁၅)ခုနှစ်မှာ Timur ကို ကျားကြီးရဲ့ နေ့လည်စာအဖြစ် တာဝန်ရှိသူတွေက ချကျွေးခဲ့တာပါ။ အံ့သြစရာကောင်းတာက သူတို့နှစ်ကောင် သူငယ်ချင်း ဖြစ်သွားပါတယ်။ ဆိတ်ကလေး Timur ကတော့ (၄)နှစ်အကြာ (ယခုနှစ်မှာ) (၉၆)ပါးသော ရောဂါနဲ့ ဆုံးပါးသွားခဲ့ပါသတဲ့။

ဗွီဒီယိုဖိုင်တစ်ခုမှာတော့ ကျားနဲ့ဆိတ်တို့ အပျော်ကြီးပျော်ပြီး ဆော့ကစားနေကြတာကို တွေ့ရပါတယ်။ အဲဒီတိရစ္ဆာန်ရုံကတော့ ရုရှားအရှေ့ဖျားမှာ တည်ရှိပါတယ်။ ဓာတ်ပုံတစ်ခုမှာတော့ ကျားရဲ့အိပ်ရာနေရာကို အတင်းဝင်လုအိပ်နေတဲ့ ဆိတ်ကလေးရဲ့ပုံကိုလည်း မြင်တွေ့ရပါတယ်။

သူတို့နှစ်ကောင်ရဲ့ ရင်းနီးမှုကို ကျွမ်းကျင်ပညာရှင်တွေက အမျိူးမျိူး မှတ်ချက်ပေးခဲ့ကြပါတယ်။ တစ်ချို့ဆို သူတို့ဇာတ်လမ်း စတင်ထွက်ပေါ်စဉ်တုန်းက “ကျားက မစာသေးလို့ မစားတာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ တိ/အခွင့်ရေး လှုပ်ရှားသူတွေကတော့ ကျားခြံထဲကနေ ဆိတ်ကို အမြန်ဖယ်ပေးဖို့ တောင်းဆိုခဲ့သော်လည်း သူတို့ သူငယ်ချင်းဖြစ်မှုဟာ (၄)နှစ်အထိ အမှားအယွင်းမရှိ ကြာမြင့်ခဲ့ပါတယ်။ Timur ကတော့ ယခုနှစ် နိုဝင်္ဘာလ (၅)ရက်မှာ အဖျားရောဂါနဲ့ ဆုံးသွားတာပါ။

လင်းဇော်ကို

Credit:Shwemom

မှတ်ချက်များ