Zawgyiျဖင့္ဖတ္ရန္
သားေယာက္်ားေလး ေမြးထားတဲ့ ဖခင္ေတြထက္ သမီးမိန္းကေလးေမြးထားတဲ့ ဖခင္ေတြဟာ က်န္းမာေရးပိုေကာင္းၿပီး အသက္ပုိရွည္တယ္လုိ႔ ေလ့လာခ်က္တစ္ရပ္ကဆုိပါတယ္။ Jagiellonian တကၠသိုလ္က ေလ့လာသူေတြဟာ မိခင္နဲ႔ ဖခင္ စုစုေပါင္း လူေပါင္း ၄,၃၁၀ ကုိ ေတြ႕ဆုံေမးျမန္းၿပီး ေလ့လာခ်က္ေတြ ျပဳလုပ္ၿပီးမွ ဒီလုိ ထုတ္ျပန္လုိက္တာပါ။
ေလ့လာခ်က္ေတြအရ သားေယာက္်ားေလးေမြးထားတဲ့ ဖခင္ေတြဟာ သားေယာက္်ားေလးေမြးထားျခင္းေၾကာင့္ ဖခင္ေတြရဲ႕ က်န္းမာေရးကုိ သိသိသာသာ ရိုက္ခတ္မႈေတြ မျဖစ္ႏိုင္ေပမယ့္ သမီးမိန္းကေလးေမြးထားတဲ့ ဖခင္ေတြအတြက္ေတာ့ က်န္းမာေရးပိုေကာင္းးတယ္၊ အသက္ပုိရွည္တယ္လုိ႔ ေတြ႕ရိွရပါတယ္။
အဆုိပါ ေလ့လာခ်က္အရ သမီးမိန္းကေလး ပုိမ်ားမ်ား ေမြးလာ ဖခင္ျဖစ္သူဟာ ပိုအသက္ရွည္ဖုိ႔ ပိုမ်ားလာေလလုိ႔ဆုိပါတယ္။ သမီးမိန္းကေလးတစ္ေယာက္ ေမြးတုိင္း ဖခင္ျဖစ္သူဟာ အသက္ တစ္ႏွစ္ပုိရွည္တယ္လုိ႔ ေလ့လာခ်က္ဆုိပါတယ္။ ဒီလုိ ပုံေသနည္းအတုိင္းသာဆုိရင္ သမီးမ်ားမ်ား ေမြးထားတဲ့ ဖခင္ေတြဟာ က်န္းမာေရးေကာင္းေကာင္းနဲ႔ အသက္ပိုရွည္တယ္လုိ႔ ဆုိရမွာပါ။ ဒီေလ့လာခ်က္က ဖခင္ေတြအတြက္သာ ျဖစ္ၿပီး မိခင္ေတြအတြက္ေတာ့ ေလ့လာခ်က္ေတြ ျပဳလုပ္မထားေသးပါဘူး။
Human Biology က ထုတ္ေဝတဲ့ ပညာရပ္ဂ်ာနယ္တစ္ေစာင္ထဲမွာေတာ့ သားေယာက္်ားေလးနဲ႔ သမီးမိန္းေကလး ေမြးထားတဲ့ မိခင္ေတြအတြက္ ေလ့လာခ်က္တစ္ရပ္ေတာ့ ပါရိွခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီေလ့လာခ်က္ဟာ မိခင္ေတြအတြက္ အေကာင္းဘက္ကေတာ့ မဟုတ္ပါဘူး။ ေလ့လာခ်က္အရ သားေယာက္်ားေလးနဲ႔ သမီးမိန္းကေလး ေမြးထားတဲ့ မိခင္ေတြဟာ က်န္းမာေရးကို ဆုိးရြားေစမွာျဖစ္ၿပီး မိခင္ရဲ႕ ေနထိုင္မႈသက္တမ္းကိုလည္း တုိေတာင္းေစတယ္လုိ႔ ဆုိပါတယ္။ ဒီလုိ အဆိုးခ်ည္းပဲေတာ့ ေလ့လာခ်က္က မဆိုထားပါဘူး။အမ်ိဳးသမီးေတြ အတြက္ သတင္းေကာင္းတစ္ရပ္လည္း ရိွပါေသးတယ္။ တကယ္လုိ႔ က်န္းက်န္းမာမာေနခ်င္တယ္၊ အသက္ပုိရွည္ခ်င္တယ္ဆုိရင္ တစ္ေယာက္တည္း Single အျဖစ္ေနတာက ပိုၿပီး က်န္းမာအသက္ရွည္ေစတယ္လုိ႔ ေလ့လာခ်က္ေတြက ဆုိျပန္ပါတယ္။
YYK
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
သမီးမိန်းကလေးရှိတဲ့ ဖခင်တွေဟာ အသက်ပိုရှည်ဟု လေ့လာချက်တစ်ရပ်က ဖော်ပြ
သားယောက်ျားလေး မွေးထားတဲ့ ဖခင်တွေထက် သမီးမိန်းကလေးမွေးထားတဲ့ ဖခင်တွေဟာ ကျန်းမာရေးပိုကောင်းပြီး အသက်ပိုရှည်တယ်လို့ လေ့လာချက်တစ်ရပ်ကဆိုပါတယ်။ Jagiellonian တက္ကသိုလ်က လေ့လာသူတွေဟာ မိခင်နဲ့ ဖခင် စုစုပေါင်း လူပေါင်း ၄,၃၁၀ ကို တွေ့ဆုံမေးမြန်းပြီး လေ့လာချက်တွေ ပြုလုပ်ပြီးမှ ဒီလို ထုတ်ပြန်လိုက်တာပါ။
လေ့လာချက်တွေအရ သားယောက်ျားလေးမွေးထားတဲ့ ဖခင်တွေဟာ သားယောက်ျားလေးမွေးထားခြင်းကြောင့် ဖခင်တွေရဲ့ ကျန်းမာရေးကို သိသိသာသာ ရိုက်ခတ်မှုတွေ မဖြစ်နိုင်ပေမယ့် သမီးမိန်းကလေးမွေးထားတဲ့ ဖခင်တွေအတွက်တော့ ကျန်းမာရေးပိုကောင်းးတယ်၊ အသက်ပိုရှည်တယ်လို့ တွေ့ရှိရပါတယ်။
အဆိုပါ လေ့လာချက်အရ သမီးမိန်းကလေး ပိုများများ မွေးလာ ဖခင်ဖြစ်သူဟာ ပိုအသက်ရှည်ဖို့ ပိုများလာလေလို့ဆိုပါတယ်။ သမီးမိန်းကလေးတစ်ယောက် မွေးတိုင်း ဖခင်ဖြစ်သူဟာ အသက် တစ်နှစ်ပိုရှည်တယ်လို့ လေ့လာချက်ဆိုပါတယ်။ ဒီလို ပုံသေနည်းအတိုင်းသာဆိုရင် သမီးများများ မွေးထားတဲ့ ဖခင်တွေဟာ ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ပိုရှည်တယ်လို့ ဆိုရမှာပါ။ ဒီလေ့လာချက်က ဖခင်တွေအတွက်သာ ဖြစ်ပြီး မိခင်တွေအတွက်တော့ လေ့လာချက်တွေ ပြုလုပ်မထားသေးပါဘူး။
Human Biology က ထုတ်ဝေတဲ့ ပညာရပ်ဂျာနယ်တစ်စောင်ထဲမှာတော့ သားယောက်ျားလေးနဲ့ သမီးမိန်းကေလး မွေးထားတဲ့ မိခင်တွေအတွက် လေ့လာချက်တစ်ရပ်တော့ ပါရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလေ့လာချက်ဟာ မိခင်တွေအတွက် အကောင်းဘက်ကတော့ မဟုတ်ပါဘူး။ လေ့လာချက်အရ သားယောက်ျားလေးနဲ့ သမီးမိန်းကလေး မွေးထားတဲ့ မိခင်တွေဟာ ကျန်းမာရေးကို ဆိုးရွားစေမှာဖြစ်ပြီး မိခင်ရဲ့ နေထိုင်မှုသက်တမ်းကိုလည်း တိုတောင်းစေတယ်လို့ ဆိုပါတယ်။ ဒီလို အဆိုးချည်းပဲတော့ လေ့လာချက်က မဆိုထားပါဘူး။အမျိုးသမီးတွေ အတွက် သတင်းကောင်းတစ်ရပ်လည်း ရှိပါသေးတယ်။ တကယ်လို့ ကျန်းကျန်းမာမာနေချင်တယ်၊ အသက်ပိုရှည်ချင်တယ်ဆိုရင် တစ်ယောက်တည်း Single အဖြစ်နေတာက ပိုပြီး ကျန်းမာအသက်ရှည်စေတယ်လို့ လေ့လာချက်တွေက ဆိုပြန်ပါတယ်။
YYK
Credit:Shwemom


မှတ်ချက်များ