“အခ်စ္ျဖင့္လြမ္းေစ” သီခ်င္းနဲ႔ ဒုိင္ေတြကိုေရာ ပရိသတ္ေတြကိုပါ ဖမ္းစားႏိုင္ခဲ့တဲ့ Esther


Zawgyiျဖင့္ဖတ္ရန္

Mynamar Idol သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ၿပိဳင္ဆိုင္မႈကေတာ့ အခုဆိုရင္ေတာ့ တျဖည္းျဖည္းနဲ႔ အရမ္းကို ျပင္းထန္လာခဲ့ပါၿပီ။မေန႔ည ကေတာ့ Myanmar Idol Season 4 Top 10 ကေတာ့ အမွတ္တရ တကၠသိုလ္ သီခ်င္းမ်ားနဲ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ၿပိဳင္ပြဲ၀င္ေတြကေတာ့ အရမ္းကို နာမည္ႀကီးခဲ့တဲ့ တကၠသိုလ္သီခ်င္းေတြ နဲ႔ ၀င္ေရာက္သီဆိုယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ၿပိဳင္ပြဲ၀င္ေတြ အားလံုးကေတာ့ ေတာ္ၾကေပမယ့္ အက္စတာကေတာ့ ဒိုင္ေတြကိုေရာ၊ပရိသတ္ေတြကိုပါ လံုး၀ ဖမ္းစားသြားႏုိင္ခဲ့ပါတယ္။

အက္စတာ ကေတာ့ “အခ်စ္ျဖင့္လြမ္းေစ” ဆုိတဲ့ သီခ်င္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ အေတာ္ဆံုး အမ်ိဳးသမီး  အဆုိေတာ္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ မဒီ သီဆုိထားတဲ့ သီခ်င္းေလးပါ။တကယ့္ကို အလြမ္းအေဆြးခံစားခ်က္ေတြ နဲ႔  ျပည့္ႏွက္ေနၿပီး သာမန္လူမဆိုႏိုင္တဲ့ ကီးအလွည့္အေျပာင္းေတြ ပါ၀င္ထားတဲ့ သီခ်င္းတစ္ပုဒ္ပါ။ဒီသီခ်င္းကို အက္စတာက တကယ့္ကို ခံစားခ်က္ အျပည့္နဲ႔ သီဆုိ ျပသြားခဲ့တာပါ။အက္စတာရဲ႕ သီဆုိေဖ်ာ္ေျဖမႈကိုေတာ့ ဒိုင္(၃)ေယာက္လံုး မတ္တပ္ရပ္ အားေပးခဲဲ့ၾကပါတယ္။ျဖဴျဖဴေက်ာ္သိန္းကေတာ့  အက္စတာကို ေျပးဖက္ၿပီး အားေပးတဲ့ အထိ ေတာင္မွ အက္စတာရဲ႕ ေဖ်ာ္ေျဖမႈက အားလံုးကို ဖမ္းစားႏိုင္ခဲ့တာပါ။

အမ်ိဳးသားေတြပဲ ေတာက္ေလ်ာက္ဗိုလ္ဆြဲလာတဲ့ Myanmar Idol Season 4 မွာေတာ့ ပထမဆံုးအႀကိမ္ အမ်ိဳး သမီး Winner ထြက္ေပၚလာဖို႔ ကို ပရိသတ္ေတြ က ေမွ်ာ္လင့္ေနၾကပါတယ္။အက္စတာ ကေတာ့ လူေရြးပြဲမွာတင္ပဲ ပရိသတ္ စိတ္၀င္စားမႈကို ရခဲ့တာပါ။လူေရြးပြဲအဆင့္မွာတင္ပဲ ပရိသတ္ေတြ တင္သာမက နာမည္ႀကီး အဆုိေတာ္ေတြကပါ Esther Dawt Chin Sung ကို အားေပး၀န္းရံခဲ့ၾကပါတယ္။

Credit : Shwemom

Unicodeဖြင့်ဖတ်ရန်

“အချစ်ဖြင့်လွမ်းစေ” သီချင်းနဲ့ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့တဲ့ Esther

Mynamar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုကတော့ အခုဆိုရင်တော့ တဖြည်းဖြည်းနဲ့ အရမ်းကို ပြင်းထန်လာခဲ့ပါပြီ။မနေ့ည ကတော့ Myanmar Idol Season 4 Top 10 ကတော့ အမှတ်တရ တက္ကသိုလ် သီချင်းများနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ပြိုင်ပွဲဝင်တွေကတော့ အရမ်းကို နာမည်ကြီးခဲ့တဲ့ တက္ကသိုလ်သီချင်းတွေ နဲ့ ဝင်ရောက်သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ပြိုင်ပွဲဝင်တွေ အားလုံးကတော့ တော်ကြပေမယ့် အက်စတာကတော့ ဒိုင်တွေကိုရော၊ပရိသတ်တွေကိုပါ လုံး၀ ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

အက်စတာ ကတော့ “အချစ်ဖြင့်လွမ်းစေ” ဆိုတဲ့ သီချင်းကတော့ မြန်မာနိုင်ငံရဲ့ အတော်ဆုံး အမျိုးသမီး  အဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ မဒီ သီဆိုထားတဲ့ သီချင်းလေးပါ။တကယ့်ကို အလွမ်းအဆွေးခံစားချက်တွေ နဲ့  ပြည့်နှက်နေပြီး သာမန်လူမဆိုနိုင်တဲ့ ကီးအလှည့်အပြောင်းတွေ ပါဝင်ထားတဲ့ သီချင်းတစ်ပုဒ်ပါ။ဒီသီချင်းကို အက်စတာက တကယ့်ကို ခံစားချက် အပြည့်နဲ့ သီဆို ပြသွားခဲ့တာပါ။အက်စတာရဲ့ သီဆိုဖျော်ဖြေမှုကိုတော့ ဒိုင်(၃)ယောက်လုံး မတ်တပ်ရပ် အားပေးခဲ့ကြပါတယ်။ဖြူဖြူကျော်သိန်းကတော့  အက်စတာကို ပြေးဖက်ပြီး အားပေးတဲ့ အထိ တောင်မှ အက်စတာရဲ့ ဖျော်ဖြေမှုက အားလုံးကို ဖမ်းစားနိုင်ခဲ့တာပါ။

အမျိုးသားတွေပဲ တောက်လျောက်ဗိုလ်ဆွဲလာတဲ့ Myanmar Idol Season 4 မှာတော့ ပထမဆုံးအကြိမ် အမျိုး သမီး Winner ထွက်ပေါ်လာဖို့ ကို ပရိသတ်တွေ က မျှော်လင့်နေကြပါတယ်။အက်စတာ ကတော့ လူရွေးပွဲမှာတင်ပဲ ပရိသတ် စိတ်ဝင်စားမှုကို ရခဲ့တာပါ။လူရွေးပွဲအဆင့်မှာတင်ပဲ ပရိသတ်တွေ တင်သာမက နာမည်ကြီး အဆိုတော်တွေကပါ Esther Dawt Chin Sung ကို အားပေးဝန်းရံခဲ့ကြပါတယ်။


Credit : Shwemom

မှတ်ချက်များ