တ႐ုတ္ႏိုင္ငံသားမ်ား တရားမဝင္ ေ႐ႊခိုးတူးသည့္ေနရာကို တားျမစ္ရန္ စီစဥ္ေန
Zawgyi ျဖင့္ဖတ္ရန္
မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ ေတာင္ကန္အုပ္စု၊ ကင္းေက်း႐ြာအနီးတြင္ တရားမဝင္ ေ႐ႊတူးေဖာ္ ေနမႈမ်ားကို တားျမစ္သြားရန္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက စီစဥ္လွ်က္ရွိသည္။အဆိုပါ ေနရာ၌ တ႐ုတ္ႏိုင္ငံသားမ်ားသည္ တရားမဝင္လာေရာက္တူးေဖာ္မႈမ်ားရွိေၾကာင္း ေဒသခံမ်ားက အခိုင္အမာေျပာဆိုလွ်က္ရွိသည္။ တ႐ုတ္ႏိုင္ငံသားမ်ား တရားဝင္ တူးေဖာ္မႈ ရွိမရွိကို PeopleMedia မွ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံ သီးျခားအတည္ျပဳခ်က္ရယူရန္ ဖုန္းျဖင့္ဆက္သြယ္ေသာ္လည္း ေျဖဆိုရန္ ျငင္းဆန္ ခဲ့သည္။
ထိုသို႔ တားျမစ္ႏိုင္ရန္အတြက္ ႏိုဝင္ဘာလ ၁၁ ရက္ေန႔က မတၱရာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးမင္းမင္း သတၱၱဳတြင္းဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးမိုးေဆြ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ဝင္း ႀကိဳင္ ေျမစာရင္းဦးစီးဌာနမွ ဒုတိယဦးစီးမႉး ဦးေမာင္ေမာင္စိုး ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ကြင္းဆင္းစစ္ေဆးခဲျခင္းျဖစ္သည္။ တူးထားတာေတာ့ဟုတ္တယ္။ လႈိင္ေခါင္းပုံစံတူးထားတာေတြ႕တယ္။ ေပေလးငါးေျခာက္ဆယ္ေလာက္ရွိမယ္။ ေပေတာ့ မတိုင္းခဲ့ဘူးေပါ့ဗ်ာ။ က်င္းကို တည့္တည့္တူးထားတာရွိတယ္။ ႏွစ္ေပသုံးေပ ေပသုံးေလးဆယ္ ေလာက္ရွိတာေတြလည္းရွိတယ္။ အခုေတာ့ တားထားတယ္ေပါ့ဗ်ာ။ တရားမဝင္လည္းျဖစ္တယ္။ ေလာေလာ ဆယ္ တားထားတယ္။ ေနာက္ရက္ ဗီႏိုင္းေတြ ကပ္မယ္။ အႏၲရာယ္ရွိသည္ ဆက္လက္မကိုင္ရန္ေပါ့ဗ်ာ။ တားျမစ္သြားမွာေပါ့။ ႐ြာသားေတြကိုလည္း အႏၲရာယ္ရွိလို႔ မလုပ္ကိုင္ရန္ဆိုၿပီး သတိေပးမွတ္ လက္မွတ္ ထိုးခိုင္းထားပါတယ္”ဟု ကြင္းဆင္းစစ္ေဆးရာတြင္ပါဝင္သည့္ မတၱရာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးမင္းမင္းကေျပာသည္။
ေဒသခံမ်ားအေနျဖင့္ ၎ေနရာတြင္ တစ္ႏိုင္တစ္ပိုင္ ေ႐ႊရွာေဖြမႈမ်ားကို ၂၀၁၂ ခုႏွစ္မွ စတင္၍ လုပ္ကိုင္ခဲ့သည္ မွာ ယေန႔အခ်ိန္ထိျဖစ္ၿပီး တ႐ုတ္ႏိုင္ငံသားတစ္ခ်ိဳ႕ လာေရာက္တူးေဖာ္မႈမ်ားလည္းရွိေၾကာင္း ေဒသခံတစ္ခ်ိဳ႕က ဆိုသည္။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
တရုတ်နိုင်ငံသားများ တရားမဝင် ရွှေခိုးတူးသည့်နေရာကို တားမြစ်ရန် စီစဉ်နေ
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော် နေမှုများကို တားမြစ်သွားရန် အုပ်ချုပ်ရေးအဖွဲ့များက စီစဉ်လျှက်ရှိသည်။အဆိုပါ နေရာ၌ တရုတ်နိုင်ငံသားများသည် တရားမဝင်လာရောက်တူးဖော်မှုများရှိကြောင်း ဒေသခံများက အခိုင်အမာပြောဆိုလျှက်ရှိသည်။ တရုတ်နိုင်ငံသားများ တရားဝင် တူးဖော်မှု ရှိမရှိကို PeopleMedia မှ အုပ်ချုပ်ရေးအဖွဲ့များထံ သီးခြားအတည်ပြုချက်ရယူရန် ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖြေဆိုရန် ငြင်းဆန် ခဲ့သည်။
ထိုသို့ တားမြစ်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၁ ရက်နေ့က မတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးမင်းမင်း သတ္တ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးဆွေ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း ကြိုင် မြေစာရင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်မောင်စိုး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲခြင်းဖြစ်သည်။ တူးထားတာတော့ဟုတ်တယ်။ လှိုင်ခေါင်းပုံစံတူးထားတာတွေ့တယ်။ ပေလေးငါးခြောက်ဆယ်လောက်ရှိမယ်။ ပေတော့ မတိုင်းခဲ့ဘူးပေါ့ဗျာ။ ကျင်းကို တည့်တည့်တူးထားတာရှိတယ်။ နှစ်ပေသုံးပေ ပေသုံးလေးဆယ် လောက်ရှိတာတွေလည်းရှိတယ်။ အခုတော့ တားထားတယ်ပေါ့ဗျာ။ တရားမဝင်လည်းဖြစ်တယ်။ လောလော ဆယ် တားထားတယ်။ နောက်ရက် ဗီနိုင်းတွေ ကပ်မယ်။ အန္တရာယ်ရှိသည် ဆက်လက်မကိုင်ရန်ပေါ့ဗျာ။ တားမြစ်သွားမှာပေါ့။ ရွာသားတွေကိုလည်း အန္တရာယ်ရှိလို့ မလုပ်ကိုင်ရန်ဆိုပြီး သတိပေးမှတ် လက်မှတ် ထိုးခိုင်းထားပါတယ်”ဟု ကွင်းဆင်းစစ်ဆေးရာတွင်ပါဝင်သည့် မတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးမင်းမင်းကပြောသည်။
ဒေသခံများအနေဖြင့် ၎င်းနေရာတွင် တစ်နိုင်တစ်ပိုင် ရွှေရှာဖွေမှုများကို ၂၀၁၂ ခုနှစ်မှ စတင်၍ လုပ်ကိုင်ခဲ့သည် မှာ ယနေ့အချိန်ထိဖြစ်ပြီး တရုတ်နိုင်ငံသားတစ်ချို့ လာရောက်တူးဖော်မှုများလည်းရှိကြောင်း ဒေသခံတစ်ချို့က ဆိုသည်။
share from: burmese.asia


မှတ်ချက်များ