

Zawgyiဖြင့်ဖတ်ရန်
(၁) မြူးကြွတဲ့ သီချင်းသံတွေကို နားမထောင်နိုင်တော့တာမျိုး
Hannwe Soe
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်

သင်အသက်ကြီးနေပြီး ဖြစ်ကြောင်း သင်ကို အသိပေးနေတဲ့ အချက် (၅)ချက်
လူတွေက ကိုယ့်ကိုယ်ကို အသက်ကြီးလာမှန်းကို မေ့နေတတ်ကြပါတယ်။ အသက်ကြီးလာလေ ကိုယ့်အသက်ကို မှတ်ထားရမှာ ကြောက်လေပါ။ ဒါပေ
မယ့် သင်အသက်ကြီးနေပြီဆိုတာ သင့်ပတ်ဝန်းကျင်က အမြဲသတိပေးနေပါတယ်။ ဥပမာ သူငယ်ချင်းတွေ မင်္ဂဆောင် ၊ ကလေးမွေးသွားတာမျိုး ၊ ကလပ်တွေ သွားရတာ မကြိုက်တော့တာမျိုး တွေပါ။
(၁) မြူးကြွတဲ့ သီချင်းသံတွေကို နားမထောင်နိုင်တော့တာမျိူး
သင့်ကိုယ်သင် အသက်ကြီးနေပြီးလို့ အသိပေးနေတာကတော့ မြူးကြွတဲ့ သီချင်းသံတွေကို လုံးဝနားမထောင်နိုင်တော့တာပါပဲ။ ဒါက သင်အသက်ကြီးပြီးဆိုတာ ပြောပြနေတာဖြစ်ပါတယ်။ မြူးကြွတဲ့ သီချင်းသံတွေကြားရင် နားငြီးလာတာမျိုး ၊ မုန်းလာတာမျိုးဖြစ်တာက သင်ကို အသိပေးနေတာ ဖြစ်ပါတယ်။
(၂) အဟောင်းက အသစ်ထက်ပိုကောင်းတယ်လို့ တွေးမိနေတာမျိုး
ဇာတ်ကားဟောင်းတွေကမှ အသစ်တွေထက် ပိုကောင်းတယ်လို့ တွေးနေတာက အသက်ကြီးနေပြီးဆိုတာ အသိပေးနေပါတယ်။ အကြောင်းကတော့ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကို မမှီဘူးဆိုတာ ပိုသိလာတာက အသက်ကြီးပြီး ရင့်ကျက်လာတဲ့ သဘောမျိုးဖြစ်ပါတယ်။
(၃) ပါတီ ၊ ကလပ် ၊ ဘားတွေကို မကြိုက်တော့တာမျိုး
ညသန်းခေါင်ထိ ပါတီတွေ ပေး ၊ ကလပ်သွား ၊ ဘားသွား တာတွေကို မကြိုက်တာဟာ သင်အသက်ကြီးနေပြီးဆိုတာကို အသိပေးနေတာဖြစ်ပါတယ်။ အသက်ရလာရင် ငယ်တုန်းကလုပ်ခဲ့တာတွေကို မကြိုက်တော့ဘဲ ပျင်းစရာကောင်းတယ်လို့ ထင်လာတတ်ကြပါတယ်။ စိတ်တည်ငြိမ်နေတဲ့ အရွယ်ကို ရောက်သွားလို့ဖြစ်ပါတယ်။
(၄) ပိုက်ဆံအကြောင်းသိလာတာမျိုး
အသက်ကြီးလာတဲ့အခါမှာ ကိုယ့်ဝင်ငွေ ကိုယ်ရှာလာရတဲ့အတွက် ပိုက်ဆံအကြောင်းကို ပိုသိလာပါတယ်။ ပိုက်ဆံရှာရတာ ခက်ကြောင်းသိလာလေ သင့်က အသက်ကြီးလာသူဖြစ်လေပါ။ ဒီအချက်က သင်ကိုယ်သင် အသက်ကြီးနေပြီဆိုတာကို ပြချင်နေတဲ့အချက်ဖြစ်ပါတယ်။
(၅) သင့်သူငယ်ချင်းတွေ ကိုယ်ဝန်ဆောင်နေကြတာမျိုး
တစ်ခါတစ်လေ ကိုယ့်ဘာသာ အပျော်လွန်နေရင် ကိုယ့်အသက်ကြီးလာတာကို မေ့နေတတ်ကြပါတယ်။ ဘယ်လောက်ထိတောင် အသက်ကြီးလာမှန်း မေ့နေလဲဆိုရင် ဘေးပတ်ဝန်းကျင် သူငယ်ချင်းတွေတောင် ကိုယ်ဝန်ဆောင်တဲ့အထိ မေ့နေတတ်ကြပါတယ်။ ဘေးပတ်ဝန်းကျင်က သင်ဘယ်အသက်အရွယ်ရောက်နေပြီးဆိုတာကို အသိပေးနေပါတယ်။
Hannwe Soe
Credit:Aunty May

မှတ်ချက်များ