ဘယ္အရာေတြက ျမန္မာအသင္းကို အဓိက အေျပာင္းအလဲျဖစ္ေစခဲ့သလဲ
Zawgyi ျဖင့္ဖတ္ရန္
ျမန္မာ့လက္ေ႐ြးစင္အသင္းက ၂၀၂၂ ကာတာကမာၻ႔ဖလားေျခစစ္ပြဲရဲ႕ ပထမဆုံးႏိုင္ပြဲ ကို အုပ္စုပြဲစဥ္ ၄ပြဲကစားအၿပီးမွ ရခဲ့တယ္။အာရွဇုန္ေျခစစ္ပြဲအုပ္စု F ရဲ႕ ပထမသုံးပြဲကစားအၿပီးမွာျမန္မာအသင္းရဲ႕ စြမ္းေဆာင္ရည္က ရမွတ္မရွိ၊သြင္းဂိုးမရွိ၊ပြဲတိုင္း႐ူံး ဆိုတဲ့ ရလဒ္ေတြနဲ႔ အုပ္စုေအာက္ဆုံးမွာ မ်က္ႏွာ ငယ္ခဲ့ရတယ္။ မြန္တီနီဂ႐ိုးနည္းျပ ရာဒူးလိုဗစ္လက္ထက္မွာ ကစားသမားေတြနဲ႔ နည္းျပအၾကား ဆက္ဆံေရးေကာင္းေတြ စည္းလုံးမူေကာင္းေတြမရွိခဲ့တာေၾကာင့္ စြမ္းေဆာင္ရည္ ေအာက္ဆုံးအထိ က်ဆင္းခဲ့ရတယ္။
၃ပြဲကစားၿပီးမွာ စြမ္းေဆာင္ရည္ဇီး႐ိုးျဖစ္ေနတဲ့ ျမန္မာအသင္းအတြက္ ကစားပုံအရ လည္း စြဲမက္ဖြယ္ရာမရွိလွတဲ့ နည္းျပ ရာဒူလိုဗစ္နဲ႔ ႏွစ္ဦးသေဘာတူလမ္းခြဲလိုက္တာကမွန္ကန္ခဲ့ပါ တယ္။ အဲဒီေနာက္ အာရွအားကစားၿပိဳင္ပြဲမွာစြမ္းေဆာင္ရည္ေကာင္းေတြျပသခဲ့တဲ့ ျမန္မာယူ၂၃ အသင္းရဲ႕ ပဲ့ ကိုင္ရွင္ ဂ်ာမန္နည္းျပအန္တြန္နီေဟးကို ျမန္မာေဘာလုံးအဖြဲ႕ခ်ဳပ္ကျပန္လည္ေခၚယူခန႔္အပ္လိုက္ တယ္။
ျမန္မာအသင္းဟာ အန္တြန္နီေဟးလက္ထက္မွာ ရာဒူလိုဗစ္လက္ထက္ကေနနဲ႔ မတူတဲ့ အသင္း သစ္တစ္သင္းလို ျဖစ္သြားခဲ့ၿပီး စြမ္းေဆာင္ရည္ေကာင္းတခ်ိဳ႕ျပသႏိုင္ခဲ့တယ္။ နီေပါ နဲ႔ ေျခစမ္းပြဲမွာ ၃ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရလဒ္ရခဲ့ၿပီး ရလဒ္က အေရးမပါလွေပမယ့္လည္း စိတ္ဓာတ္၊ယုံၾကည္ မူနဲ႔ စည္းလုံးညီၫြတ္မူေတြကိုရယူႏိုင္ခဲ့တယ္။
တာဂ်စ္ကစၥတန္နဲ႔ပြဲမွာေတာ့ အဲဒီ စိတ္ဓာတ္၊ယုံၾကည္မူေတြကပဲ ျမန္မာအသင္းနဲ႔ အတူမျမင္ရတာ ၾကာခဲ့တဲ့သြင္းဂိုးေတြ၊တြဲလုံးေတြကိုျမင္လာခဲ့ရတယ္။ တကယ္ေတာ့ တာဂ်စ္ကစၥတန္ဆိုတာ အႏိုင္ရ ဖို႔ လြယ္ကူတဲ့အသင္းေတာ့မဟုတ္ပါဘူး။ သူတို႔ဟာ ကာဂ်စၥတန္ကို အိမ္ကြင္းမွာ ၁ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရ ခဲ့ၿပီး မြန္ဂိုလီးယားကိုလည္းအေဝးကြင္းမွာ ၁ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တယ္။ ဂ်ပန္အသင္းကိုေတာ့ အိမ္ကြင္း မွာ ၃ဂိုး ဂိုးမရွိနဲ႔ ႐ူံးခဲ့တယ္။ကာဂ်စၥတန္လို အသင္းေတာင္ ဂိုးမသြင္းႏိုင္ခဲ့တဲ့ ကမာၻ႔အဆင့္ ၁၁၆ရွိတဲ့ တာဂ်စၥတန္ကို ၄ဂိုးသြင္းယူႏိုင္ခဲ့တာကျမန္မာအသင္းလို ရဂိုး ဇီး႐ိုးျဖစ္ခဲ့တဲ့အသင္း အတြက္ေတာ့ ခ်ိဳၿမိန္စရာျဖစ္ခဲ့တယ္။
တာဂ်စ္ကစၥတန္ကို အႏိုင္ရလိုက္တာက ျမန္မာ့လက္ေ႐ြးစင္အသင္းအတြက္ အေပါင္းလကၡာေတြ အမ်ားႀကီးျဖစ္ေပၚေစခဲ့တယ္။ အုပ္စုတြင္းမွာ အႏိုင္သုံးမွတ္စတင္ရယူႏိုင္ခဲ့ၿပီး မြန္ဂိုလီးယားကို မႏၲေျမ မွာလက္စားေခ်ျပလိုက္ရင္ ျမန္မာအသင္းရဲ႕ ရမွတ္နဲ႔ အုပ္စုရပ္တည္မူအေျခအေနက မ်က္ႏွာငယ္စရာ ေတာ့မဟုတ္ေတာ့ဘူးလို႔ဆိုႏိုင္တယ္။ တကယ္ေတာ့ ျမန္မာအသင္းကို သြင္းဂိုးေတြနဲ႔ အတူ ေျပာင္းလဲ ေစခဲ့တာအရာက နည္းျပ နဲ႔ အုပ္ခ်ဳပ္မူအဖြဲ႕ဆိုတာထက္ ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းနဲ႔ ယုံၾကည္မူက အဓိကျဖစ္ေစခဲ့တာပါ။
ပြဲအၿပီးမွာေအာင္သူေျပာသြားတယ္။ နည္းျပတိုင္းမွာ ေကာင္း ကြက္ေတြရွိတယ္။အဓိက က ကစားသမားေတြရဲ႕ စိတ္ဓာတ္နဲ႔လည္းဆိုင္တယ္။အေဝးကြင္းေတြမွာ အသက္ရႉ ရတာ ခက္ခဲတာေတြရွိလို႔ အေကာင္းဆုံးမကစားႏိုင္ခဲ့ဘူးဆိုၿပီးေျဖသြားခဲ့တယ္။ေအာင္သူ ေျပာသြားသလိုပါပဲ ။ နည္းျပကလည္း အေရးႀကီးေပမယ့္ ကစားသမားေတြကိုယ္တိုင္ စိတ္ပါလက္ပါ နဲ႔ ယုံၾကည္မူရွိရွိေပးဆပ္ကစားႏိုင္မွာ ရလဒ္က ေကာင္းမြန္ေလ့ရွိပါတယ္။ဒါေၾကာင့္ျမန္မာအသင္းကို ေျပာင္းလဲသြားေစတာက စိတ္ဓာတ္နဲ႔ ယုံၾကည္မူပါပဲ။အခုေတာ့ ျမန္မာတစ္သင္းလုံးယုံၾကည္မူေတြရွိသြားခဲ့ၾကၿပီ။ပရိသတ္ေတြကိုလည္းေပ်ာ္႐ႊင္မူေတြ ေဆာင္က်ဥ္းေပးႏိုင္ခဲ့ၿပီ။ျမန္မာအသင္းအတြက္ လုပ္စရာတစ္ခုေတာ့က်န္ပါေသးတယ္။ ဒါက ေတာ့ ႏိုဝင္ဘာ၁၉ရက္ မွာ မြန္ဂိုလီးယားအသင္းကို ျပန္လည္လက္စားေခ်ႏိုင္ဖို႔ပါ။အေဝးကြင္းမွာ ေျခအသာနဲ႔ ကပ္႐ူံးခဲ့သည့္တိုင္ေအာင္ လက္ရွိစိတ္ဓာတ္နဲ႔ ေျခစြမ္းအရမြန္ဂိုလီးယားကို ဂိုးေတြ သြင္းႏိုင္ဖို႔ အေကာင္းဆုံးအခ်ိန္ေရာက္ျဖစ္ပါတယ္။ ႏိုင္ဝင္ဘာ၁၉ရက္မွာ မြန္ဂိုလီးယားကို ေခ်မူန္း ၿပီး ပရိသတ္ေတြ ေမတၱာကို ဆက္ၿပီး သိမ္းက်ဴုံးရယူဖို႔ ျမန္မာကစားသမားေတြ အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ေနပါလိမ့္မယ္
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ဘယ်အရာတွေက မြန်မာအသင်းကို အဓိက အပြောင်းအလဲဖြစ်စေခဲ့သလဲ
မြန်မာ့လက်ရွေးစင်အသင်းက ၂၀၂၂ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ ပထမဆုံးနိုင်ပွဲ ကို အုပ်စုပွဲစဉ် ၄ပွဲကစားအပြီးမှ ရခဲ့တယ်။အာရှဇုန်ခြေစစ်ပွဲအုပ်စု F ရဲ့ ပထမသုံးပွဲကစားအပြီးမှာမြန်မာအသင်းရဲ့ စွမ်းဆောင်ရည်က ရမှတ်မရှိ၊သွင်းဂိုးမရှိ၊ပွဲတိုင်းရူံး ဆိုတဲ့ ရလဒ်တွေနဲ့ အုပ်စုအောက်ဆုံးမှာ မျက်နှာ ငယ်ခဲ့ရတယ်။ မွန်တီနီဂရိုးနည်းပြ ရာဒူးလိုဗစ်လက်ထက်မှာ ကစားသမားတွေနဲ့ နည်းပြအကြား ဆက်ဆံရေးကောင်းတွေ စည်းလုံးမူကောင်းတွေမရှိခဲ့တာကြောင့် စွမ်းဆောင်ရည် အောက်ဆုံးအထိ ကျဆင်းခဲ့ရတယ်။
၃ပွဲကစားပြီးမှာ စွမ်းဆောင်ရည်ဇီးရိုးဖြစ်နေတဲ့ မြန်မာအသင်းအတွက် ကစားပုံအရ လည်း စွဲမက်ဖွယ်ရာမရှိလှတဲ့ နည်းပြ ရာဒူလိုဗစ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲလိုက်တာကမှန်ကန်ခဲ့ပါ တယ်။ အဲဒီနောက် အာရှအားကစားပြိုင်ပွဲမှာစွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တဲ့ မြန်မာယူ၂၃ အသင်းရဲ့ ပဲ့ ကိုင်ရှင် ဂျာမန်နည်းပြအန်တွန်နီဟေးကို မြန်မာဘောလုံးအဖွဲ့ချုပ်ကပြန်လည်ခေါ်ယူခန့်အပ်လိုက် တယ်။
မြန်မာအသင်းဟာ အန်တွန်နီဟေးလက်ထက်မှာ ရာဒူလိုဗစ်လက်ထက်ကနေနဲ့ မတူတဲ့ အသင်း သစ်တစ်သင်းလို ဖြစ်သွားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတချို့ပြသနိုင်ခဲ့တယ်။ နီပေါ နဲ့ ခြေစမ်းပွဲမှာ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရလဒ်ရခဲ့ပြီး ရလဒ်က အရေးမပါလှပေမယ့်လည်း စိတ်ဓာတ်၊ယုံကြည် မူနဲ့ စည်းလုံးညီညွတ်မူတွေကိုရယူနိုင်ခဲ့တယ်။
တာဂျစ်ကစ္စတန်နဲ့ပွဲမှာတော့ အဲဒီ စိတ်ဓာတ်၊ယုံကြည်မူတွေကပဲ မြန်မာအသင်းနဲ့ အတူမမြင်ရတာ ကြာခဲ့တဲ့သွင်းဂိုးတွေ၊တွဲလုံးတွေကိုမြင်လာခဲ့ရတယ်။ တကယ်တော့ တာဂျစ်ကစ္စတန်ဆိုတာ အနိုင်ရ ဖို့ လွယ်ကူတဲ့အသင်းတော့မဟုတ်ပါဘူး။ သူတို့ဟာ ကာဂျစ္စတန်ကို အိမ်ကွင်းမှာ ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ပြီး မွန်ဂိုလီးယားကိုလည်းအဝေးကွင်းမှာ ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တယ်။ ဂျပန်အသင်းကိုတော့ အိမ်ကွင်း မှာ ၃ဂိုး ဂိုးမရှိနဲ့ ရူံးခဲ့တယ်။ကာဂျစ္စတန်လို အသင်းတောင် ဂိုးမသွင်းနိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့် ၁၁၆ရှိတဲ့ တာဂျစ္စတန်ကို ၄ဂိုးသွင်းယူနိုင်ခဲ့တာကမြန်မာအသင်းလို ရဂိုး ဇီးရိုးဖြစ်ခဲ့တဲ့အသင်း အတွက်တော့ ချိုမြိန်စရာဖြစ်ခဲ့တယ်။
တာဂျစ်ကစ္စတန်ကို အနိုင်ရလိုက်တာက မြန်မာ့လက်ရွေးစင်အသင်းအတွက် အပေါင်းလက္ခာတွေ အများကြီးဖြစ်ပေါ်စေခဲ့တယ်။ အုပ်စုတွင်းမှာ အနိုင်သုံးမှတ်စတင်ရယူနိုင်ခဲ့ပြီး မွန်ဂိုလီးယားကို မန္တမြေ မှာလက်စားချေပြလိုက်ရင် မြန်မာအသင်းရဲ့ ရမှတ်နဲ့ အုပ်စုရပ်တည်မူအခြေအနေက မျက်နှာငယ်စရာ တော့မဟုတ်တော့ဘူးလို့ဆိုနိုင်တယ်။ တကယ်တော့ မြန်မာအသင်းကို သွင်းဂိုးတွေနဲ့ အတူ ပြောင်းလဲ စေခဲ့တာအရာက နည်းပြ နဲ့ အုပ်ချုပ်မူအဖွဲ့ဆိုတာထက် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ယုံကြည်မူက အဓိကဖြစ်စေခဲ့တာပါ။
ပွဲအပြီးမှာအောင်သူပြောသွားတယ်။ နည်းပြတိုင်းမှာ ကောင်း ကွက်တွေရှိတယ်။အဓိက က ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့လည်းဆိုင်တယ်။အဝေးကွင်းတွေမှာ အသက်ရှူ ရတာ ခက်ခဲတာတွေရှိလို့ အကောင်းဆုံးမကစားနိုင်ခဲ့ဘူးဆိုပြီးဖြေသွားခဲ့တယ်။အောင်သူ ပြောသွားသလိုပါပဲ ။ နည်းပြကလည်း အရေးကြီးပေမယ့် ကစားသမားတွေကိုယ်တိုင် စိတ်ပါလက်ပါ နဲ့ ယုံကြည်မူရှိရှိပေးဆပ်ကစားနိုင်မှာ ရလဒ်က ကောင်းမွန်လေ့ရှိပါတယ်။ဒါကြောင့်မြန်မာအသင်းကို ပြောင်းလဲသွားစေတာက စိတ်ဓာတ်နဲ့ ယုံကြည်မူပါပဲ။အခုတော့ မြန်မာတစ်သင်းလုံးယုံကြည်မူတွေရှိသွားခဲ့ကြပြီ။ပရိသတ်တွေကိုလည်းပျော်ရွှင်မူတွေ ဆောင်ကျဉ်းပေးနိုင်ခဲ့ပြီ။မြန်မာအသင်းအတွက် လုပ်စရာတစ်ခုတော့ကျန်ပါသေးတယ်။ ဒါက တော့ နိုဝင်ဘာ၁၉ရက် မှာ မွန်ဂိုလီးယားအသင်းကို ပြန်လည်လက်စားချေနိုင်ဖို့ပါ။အဝေးကွင်းမှာ ခြေအသာနဲ့ ကပ်ရူံးခဲ့သည့်တိုင်အောင် လက်ရှိစိတ်ဓာတ်နဲ့ ခြေစွမ်းအရမွန်ဂိုလီးယားကို ဂိုးတွေ သွင်းနိုင်ဖို့ အကောင်းဆုံးအချိန်ရောက်ဖြစ်ပါတယ်။ နိုင်ဝင်ဘာ၁၉ရက်မှာ မွန်ဂိုလီးယားကို ချေမူန်း ပြီး ပရိသတ်တွေ မေတ္တာကို ဆက်ပြီး သိမ်းကျူုံးရယူဖို့ မြန်မာကစားသမားတွေ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေပါလိမ့်မယ်
share from: burmese.asia



မှတ်ချက်များ