အေရျပားယားယံျခင္းကိုျဖစ္ေစတဲ့ ေနာက္ကြယ္က သတိထားဆင္ျခင္ဖြယ္ အေၾကာင္းရင္း (၆)ခု


Zawgyiျဖင့္ဖတ္ရန္
ေရခ်ိဳးျပီးစအခ်ိန္ေတြမွာ အေရျပားေပၚမွာ ယားယံေနတတ္ျပီး ၊ လက္နဲ႕ ကုတ္လိုက္တဲ့အခါ ပိုဆိုးသြားတာမ်ိဳး၊ အခ်ိန္ခဏေလာက္နဲ႕မေပ်ာက္သြားဘဲ တခ်ိန္လံုးယားယံေနတာမ်ိဳး၊ တစ္ေနရာတည္းမဟုတ္ဘဲ ခႏၶာကိုယ္ေနရာအႏွံ႕မွာ ယားယံေနတာမ်ိဳးေတြျဖစ္ေနတယ္ဆိုရင္ ေနာက္ကြယ္မွာ ဒီလိုမ်ိဳးစိုးရိမ္ဖြယ္ရာအေၾကာင္းရင္းေတြ ျဖစ္ေနနိုင္ပါတယ္။
(၁) ေသြးထဲမွာ အဆိပ္အေတာက္ေတြမ်ားေနျခင္းေၾကာင့္
ခႏၶာကိုယ္ေနရာအႏွံ႕ မၾကာခဏယားယံျခင္းဟာ ေသြးထဲမွာ အဆိပ္အေတာက္ေတြမ်ားေနျခင္းေၾကာင့္ျဖစ္နိုင္ျပီး အစားအေသာက္ ပံုစံမမွန္ျခင္း၊ အိပ္ေရးပ်က္ျခင္းနဲ႕ မသန္႕ရွင္းတဲ့ ပတ္ဝန္းက်င္စတာေတြေၾကာင့္ျဖစ္နိုင္ပါတယ္။
(၂) ေက်ာက္ကပ္ေရာဂါေၾကာင့္
အေရျပားယားယံမႈေတြျဖစ္ျပီး လက္သည္းရာေတြ ထင္ေလာက္ေအာင္ကုတ္မိတဲ့အထိျဖစ္ေနတယ္ဆိုရင္ေတာ့ ေက်ာက္ကပ္က ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိို ေကာင္းေကာင္းမစြန္႕ထုတ္နိုင္ျခင္းေၾကာင့္ျဖစ္နိုင္ပါတယ္။ အေရျပားယားယံျခင္းနဲ႕ ဆီးမွာအနည္ေတြပါတာ တစ္ျပိဳင္တည္းျဖစ္ေနျပီဆိုရင္ ေက်ာက္ကပ္က်န္းမာေရးစစ္ေဆးဖို႕ လိုအပ္ေနပါျပီ။
(၃) အသည္းေၾကာင့္
အေရျပားယားယံတဲ့ေနာက္ထပ္ျဖစ္နိုင္ေခ်အေၾကာင္းရင္းတစ္ခုကေတာ့ အသည္းေၾကာင့္ျဖစ္ပါတယ္။ ခႏၶာကိုယ္ကို ဒုကၡေပးမယ့္ အညစ္အေၾကးေတြကိုေခ်ဖ်က္ဖို႕အတြက္ အသည္းက ထုတ္ေပးတဲ့ သည္းေျခရည္ေတြ မလံုေလာက္တဲ့အခါ အဲ့ဒီအညစ္အေၾကးေတြက အသည္းမွာ စုပံုေနျပီး ေသြးထဲကိုေရာက္ရွိသြားပါတယ္။ အဲ့ဒီကေန အေရျပားယားယံမႈေတြကိုျဖစ္ေစပါတယ္။
(၄) သိုင္းရြိဳက္ေၾကာင့္
အသားေျခာက္ျခင္း၊ ေခြ်းထြက္တာပံုမွန္မဟုတ္ဘဲ ေခြ်းလံုးဝမထြက္တာ၊ ေခြ်းအလြန္အကြ်ံထြက္တာမ်ိဳးေတြျဖစ္ေနျခင္း တို႕နဲ႕ အေရျပားယားယံျခင္းတို႕ တျပိဳင္တည္းျဖစ္ေနတယ္ဆိုရင္ေတာ့ အဲ့ဒါက သိုင္းရြိဳက္ဂလင္းက ပံုမွန္အလုပ္မလုပ္ျခင္းေၾကာင့္ျဖစ္နိုင္ပါတယ္။
(၅) ကိုယ္ဝန္ရွိေနျခင္းေၾကာင့္
တခါတေလမွာေတာ့ အေရျပားယားယံျခင္းက သင့္အတြက္ သတင္းေကာင္းကို ယူလာေပးနိုင္ပါတယ္။ ဘာလို႕လဲဆိုေတာ့ ဝမ္းဗိုက္နားတဝိုက္၊ ေျခေထာက္နဲ႕ လက္ေမာင္းေနရာေတြမွာ ယားယံတာမ်ိဳးျဖစ္ေနရင္ ကိုယ္ဝန္ရွိေနတာျဖစ္နိုင္လို႕ပါ။
(၆) ကင္ဆာေၾကာင့္
အေရျပားယားယံျခင္းဟာ ျပန္ရည္ၾကိတ္ကင္ဆာနဲ႕ ရင္သားကင္ဆာအစပ်ိဳးျခင္းေၾကာင့္လည္းျဖစ္နိုင္ပါတယ္။ ခႏၶာကိုယ္အေပၚပိုင္း ျပင္းျပင္းထန္ထန္ယားယံျခင္း၊ ကုတ္လိုက္တဲ့ေနရာေတြမွာ ေရာင္လာျခင္းတို႕ျဖစ္မယ္ဆိုရင္ ကင္ဆာျဖစ္နိုင္ေခ်မ်ားတာေၾကာင့္ ေဆးစစ္ၾကည့္ဖို႕လိုပါတယ္။
MAY THAZINHTOO
Unicodeဖြင့်ဖတ်ရန်

အရေပြားယားယံခြင်းကိုဖြစ်စေတဲ့ နောက်ကွယ်က သတိထားဆင်ခြင်ဖွယ် အကြောင်းရင်း (၆)ခု

ရေချိုးပြီးစအချိန်တွေမှာ အရေပြားပေါ်မှာ ယားယံနေတတ်ပြီး ၊ လက်နဲ့ ကုတ်လိုက်တဲ့အခါ ပိုဆိုးသွားတာမျိုး၊ အချိန်ခဏလောက်နဲ့မပျောက်သွားဘဲ တချိန်လုံးယားယံနေတာမျိုး၊ တစ်နေရာတည်းမဟုတ်ဘဲ ခန္ဓာကိုယ်နေရာအနှံ့မှာ ယားယံနေတာမျိုးတွေဖြစ်နေတယ်ဆိုရင် နောက်ကွယ်မှာ ဒီလိုမျိုးစိုးရိမ်ဖွယ်ရာအကြောင်းရင်းတွေ ဖြစ်နေနိုင်ပါတယ်။
(၁) သွေးထဲမှာ အဆိပ်အတောက်တွေများနေခြင်းကြောင့်
ခန္ဓာကိုယ်နေရာအနှံ့ မကြာခဏယားယံခြင်းဟာ သွေးထဲမှာ အဆိပ်အတောက်တွေများနေခြင်းကြောင့်ဖြစ်နိုင်ပြီး အစားအသောက် ပုံစံမမှန်ခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
(၂) ကျောက်ကပ်ရောဂါကြောင့်
အရေပြားယားယံမှုတွေဖြစ်ပြီး လက်သည်းရာတွေ ထင်လောက်အောင်ကုတ်မိတဲ့အထိဖြစ်နေတယ်ဆိုရင်တော့ ကျောက်ကပ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကောင်းကောင်းမစွန့်ထုတ်နိုင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အရေပြားယားယံခြင်းနဲ့ ဆီးမှာအနည်တွေပါတာ တစ်ပြိုင်တည်းဖြစ်နေပြီဆိုရင် ကျောက်ကပ်ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်နေပါပြီ။
(၃) အသည်းကြောင့်
အရေပြားယားယံတဲ့နောက်ထပ်ဖြစ်နိုင်ချေအကြောင်းရင်းတစ်ခုကတော့ အသည်းကြောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် အညစ်အကြေးတွေကိုချေဖျက်ဖို့အတွက် အသည်းက ထုတ်ပေးတဲ့ သည်းခြေရည်တွေ မလုံလောက်တဲ့အခါ အဲ့ဒီအညစ်အကြေးတွေက အသည်းမှာ စုပုံနေပြီး သွေးထဲကိုရောက်ရှိသွားပါတယ်။ အဲ့ဒီကနေ အရေပြားယားယံမှုတွေကိုဖြစ်စေပါတယ်။
(၄) သိုင်းရွိုက်ကြောင့်
အသားခြောက်ခြင်း၊ ချွေးထွက်တာပုံမှန်မဟုတ်ဘဲ ချွေးလုံးဝမထွက်တာ၊ ချွေးအလွန်အကျွံထွက်တာမျိုးတွေဖြစ်နေခြင်း တို့နဲ့ အရေပြားယားယံခြင်းတို့ တပြိုင်တည်းဖြစ်နေတယ်ဆိုရင်တော့ အဲ့ဒါက သိုင်းရွိုက်ဂလင်းက ပုံမှန်အလုပ်မလုပ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
(၅) ကိုယ်ဝန်ရှိနေခြင်းကြောင့်
တခါတလေမှာတော့ အရေပြားယားယံခြင်းက သင့်အတွက် သတင်းကောင်းကို ယူလာပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဝမ်းဗိုက်နားတဝိုက်၊ ခြေထောက်နဲ့ လက်မောင်းနေရာတွေမှာ ယားယံတာမျိုးဖြစ်နေရင် ကိုယ်ဝန်ရှိနေတာဖြစ်နိုင်လို့ပါ။
(၆) ကင်ဆာကြောင့်
အရေပြားယားယံခြင်းဟာ ပြန်ရည်ကြိတ်ကင်ဆာနဲ့ ရင်သားကင်ဆာအစပျိုးခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်း ပြင်းပြင်းထန်ထန်ယားယံခြင်း၊ ကုတ်လိုက်တဲ့နေရာတွေမှာ ရောင်လာခြင်းတို့ဖြစ်မယ်ဆိုရင် ကင်ဆာဖြစ်နိုင်ချေများတာကြောင့် ဆေးစစ်ကြည့်ဖို့လိုပါတယ်။
MAY THAZINHTOO
Credit:Aunty May

မှတ်ချက်များ